Popular Posts!

Friday, February 13, 2015

ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံအနီးရှိ မြေဧက ၄၀၀ကျော်တွင် စက်မှုဥယျာဉ် တည်ဆောက်ရန် တင်ဒါခေါ်ယူ




ဒဂုံမြို့သစ် အရှေ့ပိုင်း ရွာသာကြီးစိတ်ကျန်းမာရေး ဆေး ရုံအနီးရှိ မြေဧက ၄၀၀ ကျော်တွင် စက်မှုဥယျာဉ် တည်ဆောက်ရန် လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။
‘‘မြေက အစိုးရပိုင်မြေပါ။ တည်ဆောက်လိုသူကို တင်ဒါခေါ် တာပါ။ ကုမ္ပဏီတစ်ခုကိုပဲ ရွေး ချယ်လုပ်ကိုင် ခွင့်ပေးမှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြိး အစိုးရအ ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ယင်းမြေဧက ၄၀၀ ကျော် တွင် တည်ဆောက်လိုသူလုပ်ငန်း ရှင်ကို တင်ဒါစနစ်ဖြင့် ရွေးချယ် ပြီးပါက စက်မှုဇုန်အတွင်း လုပ်ငန်းလည်ပတ်ရင်းနှီးမြှုပ်နှံလိုသူများအား ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း အထက်ပါအရာရှိက ပြောသည်။
စက်မှုဥယျာဉ်တည်ဆောက် ရန် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးသို့ ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးပေးပို့ရမည်ဖြစ်ပြီး လာရောက်လျှောက်ထားသည့် ကုမ္ပဏီအဖွဲ့အစည်းများအနက် အများပိုင်ကုမ္ပဏီများကို ဦးစားပေးရွေးချယ်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားသည်။


ယခုခေါ်ယူသည့် တင်ဒါပုံစံ မှာ သီလ၀ါစီးပွားရေးအထူးဇုန် တွင် တင်ဒါခေါ်ယူသည့် ပုံစံမျိုး နှင့် ဆင်တူပြီး အများပိုင်ကုမ္ပဏီ များကို ဦးစားပေးရွေးချယ်မည် ဆိုခြင်းကြောင့် ပို၍ ပွင့်လင်းမြင်သာမှုရှိလာသည့် အနေအထားမျိုးရှိကြောင်း မြင့်မိုရ်မင်းဆောက် လုပ်ရေးလုပ်ငန်းရှင်က သုံးသပ် သည်။
ယခုစီမံကိန်းမှာ ရွာသာကြီး မလစ်ကျေးရွာအနီးတွင်ရှိပြီး ယင်းနေရာ၌ နောက်ပိုင်း၌ အစိုးရက လုပ်ဆောင်မည့် စီမံကိန်းအချို့ရှိ သောကြောင့် ဖွံ့ဖြိုးလာနိုင်သည့် အနေအထားရှိကြောင်း အထက် ပါလုပ်ငန်းရှင်က သုံးသပ်သည်။
ရွာသာကြီးတွင် မြန်မာ့မီးရ ထားကလည်း ယခုနှစ်အတွင်း ကုန်တင်ကုန်ချဝန်ဆောင်မှုများ ပြုလုပ်မည့် ကုန်းတွင်းဆိပ်စီမံ ကိန်းလုပ်ဆောင်ရန် လျာထားပြီးမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှလည်း တန်ဖိုးသင့်တင့်အိမ်ရာစီမံကိန်းများ တည်ဆောက်ရန် လျာထားသည့် မြေနေရာအချို့ရှိ ကြောင်း သိရသည်။
စီမံကိန်းအကောင်အထည် ဖော်မည့်မြေနေရာများတွင် လယ် ယာမြေများစွာရှိပြီး အများစုမှာ လန(၃၉)ဖောက်ထားသည့် လယ် မြေများ၊ ပလပ်မြေများဖြစ်ပြီး အချို့မှာ အကွက်ရိုက်၍ ရောင်း စားနေသည့် မြေနေရာများဖြစ် ကြောင်း သိရသည်။

Ref:7daydaily

နေစရာမရှိ အနာဂတ်မရှိ


နေစရာမရှိ အနာဂတ်မရှိ
နေစရာအိမ် မရှိသူများနှင့် သွားစရာနေရာ မရှိတော့သည့် လူဦးရေ တစ်ရာကျော်သည် ချောင်းပတ် လမ်းရှိ ကွန်ကရစ် လမ်းပေါ်တွင် အသေးစား ယာယီတဲ များထိုးကာ နေထိုင် နေသည်။ ထိုတဲများဘေးတွင် ရှိသည့် စွန့်ပစ် အမှိုက်ပုံ များပေါ်တွင် ကလေးငယ်များက ပျော်မြူးစွာ ဆော့ ကစားနေပြီး လူကြီးများ ကတော့ အရုပ်ကြိုးပြတ် ထိုင်နေကြသည်။ ထိုမြင်ကွင်းသည် ဇန်န၀ါရီ ၂၂ ရက်က လှိုင်သာယာ မြို့နယ် အမှတ် ၁၅ ရပ်ကွက် ချောင်းပတ်လမ်း ဘေးရှိ ကျူးကျော်တဲ တစ်ထောင်ဝန်း ကျင်ကို အာဏာ ပိုင်များက ဖယ်ရှားပြီးနောက် ဇန်န၀ါရီ ၂၆ ရက် နံနက်ခင်းက တွေ့ခဲ့ရသည့် မြင်ကွင်းဖြစ်သည်။
 “ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အထိ တွေးထားတယ်”ဟု ယခင်က လှိုင်သာယာမြို့နယ်တွင် အိမ်ငှားနေရာမှ ဆင်းလာပြီး ပိုက်ဆံခြောက်သောင်း အကုန် အကျခံကာ ကျူးကျော်တဲ ထိုးနေထိုင် ခဲ့၍ အာဏာပိုင် များ၏ ဖယ်ရှား ခံရမှုကြောင့် ဆက်နေချင်စိတ် မရှိတော့သည့် အကြောင်းကို ဒေါ်အုံးရင်က ငိုရင်းပြောသည်။
၎င်းကျူးကျော် သမားများ၏ နေထိုင်ရေးသည် နည်းလမ်း ကုန်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ စည်ပင်ပိုင်မြေနေရာနှင့် အိုးအိမ်ပိုင်မြေနေ ရာများတွင် ၎င်းတို့ကို ၀င်ရောက်နေ ထိုင်ခွင့်မပြု။ ရန်ကုန်မြို့၏ အိမ်ငှား သူများနှင့် အခန်းငှား သူများက ကျူးကျော် သမားများကို လုံးဝလက်မခံ။ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်များ ကလည်း ၎င်းတို့ကို လာရောက်နေထိုင်ခြင်းမပြုလုပ်ရန် ငြင်းဆန်ထားသည်။ ၎င်းတို့လက်ရှိနေ ထိုင်သည့် ချောင်းပတ်လမ်းနေရာတွင်လည်း အမြန်ဆုံး ဖယ်ရှားပေးရန် အာဏာပိုင်များက အမိန့်စာ ထုတ်ထားပြန်သည်။
ဇန်န၀ါရီ ၂၂ ရက်က တဲများ ဖယ်ရှားခံရမှုကြောင့် သွားစရာနေရာ မရှိသည့် အိမ်ထောင်စု ၅၂ စုမှ လူဦးရေ ၁၀၉ ဦးရှိသည်။ ကလေးငယ် ၂၀ ၀န်းကျင်နှင့် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်လေး ဦးရှိနေသည်။ တဲများဖယ်ရှား ခံရမှုကြောင့် ယခုလက်ရှိ ပြောင်းရွှေ့နေထိုင်သော ချောင်းပတ် လမ်းနေရာသည် သာမန်လူတစ်နာရီထက် ပိုမနေနိုင်သော နေရာဖြစ်ပြီး အမှိုက်ပုံများ၏ အနံ့ကြောင့် နံစော်နေသည်။
“ဒီနေရာလေးမှာရရင် နေချင်ပါသေးတယ်။ ကလေးတွေကလည်း ကျောင်းမပြီးသေးဘူး။ ဒီနေရာကနေ ပြောင်းပေးရမယ်ဆိုရင် ဘယ်နေရာကို ပြောင်းရမယ်မှန်းမသိသေးဘူး။ နေစရာအတွက် လမ်းဆုံးဖြစ်နေပြီ”ဟု နာဂစ်မုန်တိုင်းဒဏ် ရိုက်ခတ်ခံရပြီးနောက်တွင် ဖျာပုံမြို့နယ်၊ ကျုံးကတွတ်ကျေးရွာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး ကျပန်းလုပ်ကိုင်နေသည့် ဒေါ်ရီဝင်းက သူကလေးငယ်များ၏ အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စွာပြောသည်။
ကျူးကျော်သမားများသည် ၎င်းတို့သားသမီးများ၏ အနာဂတ်အတွက် စိတ်ပူနေပြီး လက်ရှိ ရှိနေသော ကလေးငယ် ၂၀ ထဲမှ အနာဂတ်တွင် ပညာတတ်များဖြစ်လာနိုင်သူများ ရှိနိုင်သည်ဟု ကလေးနှစ်ဦး၏ဖခင်ဖြစ်သူ ဦးတင်ဝင်းကဆိုသည်။ လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်တဲဝင်ရောက်ထိုးသူများကတော့ ဧရာဝတီတိုင်းဒေသကြီးမှ အများစုဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဘ၀ပျက်ကာ အလုပ်ရရှိရန်အတွက် ရန်ကုန်မြို့သို့တက်လာကြောင်း ၎င်းတို့ကဆိုသည်။ ရန်ကုန်မြို့တွင် စက်ရုံလုပ်သား၊ ပန်းရန်၊ ကျပန်း စသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ သို့သော် ယခုအခါ စက်ရုံအလုပ်ရုံများနှင့် အခြားအလုပ်စေခိုင်းသူများက ကျူးကျော်သမားများကို အလုပ်စေခိုင်းခြင်းမရှိတော့ကြောင်း ၎င်းတို့ကဆိုသည်။
 “အခုဆို ကျွန်မတို့ရဲ့သားတွေသမီးတွေကို ကျူးကျော်ဆိုပြီး ဘယ်သူမှအလုပ်မခိုင်းတော့ဘူး။ နေစရာကမရှိဘူးဆိုမှ အလုပ်ကမရှိတော့ ပိုဆိုးတာပေါ့”ဟု မိသားစုဝင်ရှစ်ဦးရှိသည့် ဒေါ်အုံးရင်က ၎င်းမိသားစု၏ လက်ကျန်တစ်ထောင်တန်တစ်ရွက်ကိုင်ကာ နေ့လယ်စာအတွက်စီစဉ်ရင်း ပြောသည်။ ကျူးကျော်တဲဆောက်လုပ်ရာတွင် တဲတစ်လုံး ကျပ်ခြောက်သောင်းဝန်းကျင်ကုန်ကျပြီး မိသားစုတွင် ရှိသမျှပိုက်ဆံဖြင့် စုဆောင်း၍ တဲဆောက်ခြင်းဖြစ်သည်။ ကျူးကျော်သမားများသည် နာမည်ပျက်နေခြင်းနှင့် မိသားစုဝင်ကလေးများနေခြင်းကြောင့် ၎င်းတို့ကို ရပ်ကွက်အတွင်း၌ အခန်းငှား၊ အိမ်ငှားခြင်းမပြုပေ။
ရန်ကုန်မြို့အတွင်း ကျူးကျော်တဲများ ၀င်ရောက်ထိုးသူများအနက် နေစရာအိမ်မရှိသည့် တဲထိုးသူများနောက်တွင် နေစရာအိမ်ရှိပြီး မြေတစ်ကွက်ရရှိရန် တဲထိုးသော အခွင့်အရေးသမားအများစု လာရောက်နေရာယူမှုကြောင့် ကျူးကျော်တဲများ များပြားလာခြင်းဖြစ်ကြောင်း ချောင်းပတ်လမ်းဘေးတွင် ယာယီတဲထိုးနေထိုင်သည့် ကျူးကျော်များကဆိုသည်။ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင်ပင် ကျူးကျော်တဲများ ၀င်ရောက်နေရာယူသည့် နေရာ ၁၀ ခု ထက်မနည်းရှိပြီး ၎င်းတို့အားလုံးကို အကုန်ဖယ်ရှားမည်ဟု အာဏာပိုင်များက ပြောဆိုထားသည်။ ဇန်န၀ါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင် ပန်းလှိုင်တံတားအနီးနှင့် တွံတေးမြို့သို့သွားသော လမ်းဘေးရှိ ကျူးကျော်တဲ ၅၀၀၀ ကျော်ကို အာဏာပိုင်များက စတင်ဖယ်ရှားခဲ့သည်။ ဇန်န၀ါရီ ၂၀ ရက်တွင် မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေး တောပေါင်းကျိုးအနီးရှိ ကျူးကျော်တဲ ၇၀ ကို ထပ်မံဖယ်ရှားခဲ့ပြီး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ နေရာနှစ်ခုတွင် ဆက်တိုက်ဖယ်ရှားခဲ့သည်။ နိုင်ငံတော်၏ စီမံကိန်းနယ်မြေများနှင့် နီးစပ်ခြင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူနေချိန်တွင် သက်ဆိုင်ရာမြို့နယ်များ၏ မြို့အင်္ဂါရပ်နှင့်ညီစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများမှ ကျူးကျော်များကို စတင်ဖယ်ရှားရန် သက်ဆိုင်ရာဝန်ကြီးဌာနများ အပါအ၀င် ဒေသဆိုင်ရာအာဏာပိုင်များနှင့်ပူးပေါင်းပြီး အင်အားသုံးဖြေရှင်းရန် စီစဉ်နေရခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ဇန်န၀ါရီ ၂၂ ရက်တွင် ပြောသည်။
ကျူးကျော်များကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးအစားလေးမျိုး ခွဲခြားလေ့ရှိသည်။ ပထမအမျိုးအစားသည် အစစ်အမှန်ကျူး (Real squatter) ဖြစ်ပြီး ဒုတိယအမျိုးအစားသည် ကျူးမြေကို အရင်ရောက်ပြီး နောင်မှရောက်ရှိလာသူများကို ပြန်ငှားစားသည့် အိမ်ငှားကျူး (Landlord squatter) ဖြစ်သည်။ တတိယအမျိုးအစားမှာ စီးပွားဖြစ်ကျူး (Professional squatter) ဖြစ်ပြီး စတုတ္ထအမျိုးအစားသည် မင်းမဲ့စရိုက်ကျူး (Anarchistic squatter) ဖြစ်သည်ဟု စာရေးဆရာမြင့်မိုရ်ဆွေ ရေးသားထားသည့် စီးပွားရေးမြို့တော်လော၊ ကျူးမြို့တော်လော ဆောင်းပါးတွင် ဖော်ပြထားသည်။
ပထမအမျိုးအစားသည် မြို့ပြဒေသရှိ အလွန်ဆင်းရဲနွမ်းပါးသည့် မိသားစုများနှင့် အလုပ်အကိုင်ကို အကြောင်းပြုပြီး ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ခိုဝင်လာသူများပါဝင်သည်။ ရန်ကုန်မြို့တွင်ရှိသော ကျူးကျော်နေထိုင်သူများမှာ ယခင်က ပထမအမျိုးအစားကျူးများသာ အများစုဖြစ်နေရာ ၂၀၁၃ နှစ်ဆန်းမှစပြီး စတုတ္ထအမျိုးအစား မင်းမဲ့စရိုက်ကျူးများ နေရာအနှံ့မှာ အလုံးအရင်းမင်းမူလာကြောင်း အဆိုပါဆောင်းပါးတွင်ဖော်ပြထားသည်။ သက်ဆိုင်ရာအာဏာပိုင်များသည် ကျူးကျော်တဲများကို ဖယ်ရှားရန်သာ ပြုလုပ်နေကြပြီး ဖယ်ရှားခံကျူးများအား ပြန်လည်နေရာချထားပေးရန်အတွက် လုပ်ဆောင်ခြင်းမျိုး မရှိသေးပေ။
ရန်ကုန်မြို့တွင် နေထိုင်စရိတ်ကြီးမားလာမှုကြောင့် အိုးမဲ့အိမ်မဲ့များအပေါ် ယနေ့အထိ နေထိုင်စရာ မပေးနိုင်သည်မှာ ပေါ်လွင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးမြင့်စိုးကသုံးသပ်သည်။ “သူတို့ကိုနေဖို့ အစိုးရကပေးရမှာ။ ဒါဆိုရင် ဒီပြဿနာ ဖြစ်လာစရာမရှိဘူး”ဟု ဦးစိုးမြင့်ကပြောသည်။ “နေစရာမရှိတိုင်း နေလို့မရဘူး။ ဥပဒေဘောင်အတွင်းကပဲ နေရမယ်။ နေလို့မရမှန်းသိရက်နဲ့ လာနေကြတာ”ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးထိန်စိုးကပြောသည်။ “ကျူးတွေနဲ့ပတ်သက်ပြီးတင်ပြဖို့ အစီအစဉ်မရှိဘူး။ ဒီကိစ္စက သံသရာဆုံးမှာမဟုတ်ဘူး။ စီးပွားရေးသမားတွေပါနေတာ တွေ့ရတယ်။ ဒီလူတွေကို နေရာပေးရင်လည်း နောက်ထပ် ထပ်ကျူးနေဦးမှာပဲ”ဟု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြ၀င်းကပြောသည်။
ဇန်န၀ါရီ ၂၂ ရက် နံနက်တွင် ၎င်း၏တဲဖယ်ရှားခံရမည်ကို ကြိုတင်သိနေသော ဒေါ်အုံးရင်သည် ထိုည လင်းအားကြီးအချိန်တွင် အာဏာပိုင်များက အင်အား ၂၀၀၀ ကျော်ဖြင့် တဲများဖျက်ဆီးသွားခဲ့သည်ကို မည်သို့မျှတားဆီးနိုင်ခြင်းမရှိဘဲ ထိုင်ကြည့်နေခဲ့ရသည့် မြင်ကွင်းကို အမြဲပြန်မြင်ယောင်နေသည်ဟု ဒေါ်အုံးရင်ကဆိုသည်။ ကျူးကျော်တဲများကို ဖယ်ရှားရုံမျှဖြင့် ကျူးကျော်ပြဿနာ အဖြေထွက်လာမည်မဟုတ်ပေ။ အိမ်ရာမဲ့ဖြစ်နေသည့်ကျူးများမှာ အခြားနေရာလွတ်များကိုရှာဖွေ၍ ဆက်လက်နေထိုင်ကြဦးမည်သာ ဖြစ်သည်။ “ဒီလိုပဲ လွတ်တဲ့နေရာတွေ လိုက်ရှာဦးမှာပဲ”ဟု ဒေါ်အုံးရင်ကပြောသည်။
လက်ရှိ အိမ်ရာမဲ့ဖြစ်နေသော ကျူးများသည် ၎င်းတို့၏ စွန့်ခွာလာသောဇာတိမြေသို့ ပြန်လည်ဝင်ရောက်ရန် ရှက်မိသည့်အတွက် ပြန်မသွားလိုကြောင်း ပြောဆိုသည်။ “ရေလုပ်ငန်းလည်း ပြန်မလုပ်ချင်တော့ဘူး။ ပြန်လုပ်ဖို့ရာလည်း နာဂစ်မှာ အကုန်ပါသွားလို့ မရှိတော့ပါဘူး”ဟု ဧရာဝတီတိုင်းမှ လာရောက်နေထိုင်သူ ဒေါ်ရီဝင်းကပြောသည်။ 
7Day News

Monday, February 9, 2015

မည်ကာမတ္တ စတော့အိပ်ချိန်း ဖြစ်လာနိုင်သည်

ယခုနှစ်အတွင်း အပြီးသတ် အကောင်အထည် ဖော်မည့် စတော့အိပ်ချိန်းအတွက် ယမန်နှစ် ဒီဇင်ဘာလက သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ့စီးပွားရေး ဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့ အိပ်ချိန်းက ၁၈ ရာခိုင်နှုန်း ကျော်နှင့် ဂျပန်ဒိုင်ဝါ သုတေသနက ၃၀ ရာခိုင်နှုန်းကျော် ထည့်ဝင်မည်ဟု သိရသည်။
စတော့ဈေးကွက်ကို ကြီးကြပ်မည့်   Stock Exchange Commission (SEC) ကို ဖွဲ့စည်းပြီးသော်လည်း စတော့အိပ်ချိန်း တွင် စာရင်းဝင်ကာ အစုရှယ်ယာများ ရောင်းချမည့် Listed ကုမ္ပဏီ များအတွက် စံနှုန်းသတ်မှတ်ချက်များ အတည်ပြု မထုတ်ပြန်ရသေး ခြင်း စသည့်ကိစ္စများ ကျန်ရှိသေးသည်။
စတော့အိပ်ချိန်း ထူထောင်မှုနှင့် ပတ်သက်၍ သိရှိလိုကြသည် မှာ စတော့အိပ်ချိန်းဈေးကွက် မြန်မာနိုင်ငံတွင် တကယ်အလုပ်ဖြစ် မဖြစ်နှင့် စတော့ဈေးကွက် အလေ့အထ၊ ပွင့်လင်းမြင်သာမှု အလေ့အကျင့်မရှိခဲ့သော မြန်မာနိုင်ငံတွင် စတော့ဈေးကွက်အတွင်း ပါဝင်ဆောင်ရွက်မည့် ကုမ္ပဏီများ၏ ယုံကြည်စိတ်ချရမည့် အနေအထားတို့ ဖြစ်သည်။
ပထမအချက်အနေဖြင့် စတော့အိပ်ချိန်း အလုပ်ဖြစ်ရန် မြန်မာပြည်တွင် ခြေခင်းလက်ခင်းသာသည့် အခြေ အနေ ရှိ၊ မရှိပေါ်တွင် မူတည်သည်။ နိုင်ငံရေးအရ လူမျိုးရေး ဘာသာရေး အခြေခံ ပြည်တွင်း ပဋိပက္ခများ၊ ပြည်တွင်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်မှု၊ ဆက်တိုက်ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများက အတားအဆီးဖြစ်နေသည်။ စီးပွားရေးအရ လက်ရှိမြန်မာ့စီးပွားရေးကို ချုပ်ကိုင်ထားသော စစ်တပ်နှင့် ခရိုနီများ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်လိုမှု များနေပြီး ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု အားနည်းလွန်းနေသော အနေအထားကလည်း စတော့အိပ်ချိန်းအတွက် စိန်ခေါ်မှုကြီးဖြစ်သည်။
ဒုတိယတချက်မှာ စတော့ ဈေးကွက်တွင် စာရင်းတင်မည့် ကုမ္ပဏီများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အခန်းကဏ္ဍဖြစ်သည်။ စတော့ အိပ်ချိန်းသို့ဝင်ရန် အလားအလာရှိသည့် ကုမ္ပဏီ ၁၀ ခုခန့် ရှိသည် ဆိုသော်လည်း စတော့အိပ်ချိန်း တကယ်စတင်သောအခါ ကုမ္ပဏီ၂ ခု၊ ၃ ခုခန့်နှင့် စတင်နိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။
ကုမ္ပဏီများကို SEC က ကြီးကြပ်မည်ဆိုသော်လည်း အမှီအခိုကင်းမှုနှင့် ပတ်သက်ပြီး သံသယ ရှိနေကြသည်။ စတော့အိပ်ချိန်းဖွင့်ရန် ရည်ရွယ်ထားသော မြဝတီဘဏ်သည် တပ်မတော်ပိုင်ဖြစ်နေပြီး အမေရိကန်၏ စီးပွားရေးဒဏ်ခတ်မှု ခံထားရသော စစ်တပ်နှင့် ခရိုနီပိုင် ကုမ္ပဏီများ စတော့အိပ်ချိန်းတွင် စာရင်းတင်ခံမည်လား မေးခွန်းထုတ်စရာဖြစ်သည်။
စတော့အိပ်ချိန်းသို့ စာရင်းဝင်ရန် စံနှုန်းမမီသည့် ကုမ္ပဏီများ၏ ရှယ်ယာများရောင်းဝယ်ရေးအတွက် ကောင်တာဈေးကွက်တည်ထောင်ခွင့်ကို SEC က ခွင့်ပြုချက်ပေးမည်ဟု ဆိုရာ ထိုကောင်တာ ဈေးကွက်က စတော့ဈေးကွက်ထက် ကျယ်ပြန့်သွားမည်လားဟုလည်း သံသယရှိသည်။ ငွေခဝါချမှု တရားဝင်ဖြစ် သွားစေနိုင်သည်။
စတော့အိပ်ချိန်း၏ အနှစ်သာရမှာ အရင်းအနှီးဈေးကွက်ဖွင့်ခြင်းဖြစ်ပြီး နိုင်ငံတကာငွေကြေးစနစ်နှင့် ပြန်လည်ချိတ်ဆက်ခြင်းဖြစ်ရာ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခိုင်မာမှု မရှိလျှင် သော်၎င်း၊ စာရင်းတင်ထားသော ကုမ္ပဏီများ၏ စီမံခန့်ခွဲလုပ်ကိုင်မှု အားမကောင်းလျှင်သော်၎င်း ရင်းနှီးမြှုပ်နှံ သူမရှိ၊ အစုရှယ်ယာ အရောင်းအဝယ်မရှိဘဲ ဖြစ်နေနိုင်ပြီး လာအို၊ ကမ္ဘောဒီးယားတို့ကဲ့သို့ မည်ကာမတ္တ ဈေးကွက် သာ ဖြစ်နေ ပေလိမ့်မည်။
Ref;burmairrawaddy

Myanmar Stock Market: Preparing for 2015




Posted :
With the enactment of the Securities and Exchange Law at the end of August, Myanmar has laid the foundation for the development of an active stock market. While the law has been held rather general, the details are expected to be fleshed out in the rules and regulations, to be issued within 90 days after the enactment of the law. Towards the end of the year, we can expect to see the appointment of at least five persons to the Securities and Exchange Commission (SEC), a newly formed independent body in charge of overseeing and regulating the securities market in Myanmar. The Japanese Daiwa Institute of Research and the Japan Exchange Group (former Tokyo Stock Exchange) together with Myanmar authorities are currently developing the infrastructure of the Yangon Stock Exchange, to go online at the end of 2015. At the initial phase of the exchange, a number of 5 to 10 public companies are likely to be listed.
Public Companies
Myanmar is in a peculiar situation. For the past many years, no new public companies were allowed to register. With the policy change of the new government, however, we saw a surge in registration of new public companies in the last two years even before the securities law has been issued. There are now more than 80 registered public companies in Myanmar. With the absence of the law in the past and missing facilities for the secondary trading of shares, public companies have been operating in an unregulated market, resulting in some public companies operating their own over-the-counter (OTC) exchange centers. For instance, new shares have been offered to the public in booths at supermarkets.
The Yangon Stock Exchange and the OTC Market
Unfortunately, the stock exchange will not be the solution for many of the over 80 public companies in Myanmar. In order to instill trust in the exchange and to protect its reputation, the Yangon Stock Exchange will have to be very selective about which public companies will be admitted for listing. In a worst-case scenario, a public company collapses within a short period after listing at the exchange and destroys the confidence of investors in the stock market for many years. Therefore, likely candidates for a listing at the exchange will be companies with high capitalization and a proven track record of profitability. However, shareholders of public companies not listed at the exchange still need transparent channels to trade their shares in a secondary market. In order to cater the needs of unlisted public companies, the Securities and Exchange Law explicitly foresees OTC markets. Under the law, a minimum number of three securities companies can jointly apply for a license to operate an OTC exchange. It is to be expected that the OTC market in Myanmar will be significant for at least a couple of years. In Vietnam, for example, there is a large OTC market operated by securities companies in addition to the two official stock exchanges. It is therefore important to understand that the stock market in Myanmar will be much more than just the Yangon Stock Exchange.
Securities Companies and Requirements
The exact requirements for establishing a securities company are not published yet. However, one basic principle is that a Limited Liabilities Company has to be formed with the term Securities in its name. The SEC will grant different kinds of securities licenses: dealing, brokerage and underwriting. Each of these licenses is likely to have different levels of capital requirement. In Vietnam, a license covering all business areas, including underwriting, requires around USD 14 million. For the next couple of years, it is very unlikely that a securities company in Myanmar can make any reasonable return on investment in the underwriting business with a similarly high capital requirement as that in Vietnam. Unlike in more developed countries, securities companies in developing markets are rarely committing any true underwriting. Often, unsuccessful public offerings will either be pulled or closed with the raised amount. Moreover, most of the revenues for Vietnamese securities companies arise from the brokerage business.
Building an Optimal Stock Market from Scratch
The possibility of Myanmar leapfrogging is often mentioned with regards to the IT and telecommunications sector. But as the country does not have any legacy stock market, it has the unique opportunity to design an optimal architecture from scratch. Advising experts from developed countries might be not able to devise innovative solutions adapted to Myanmar’s market, and might instead be confined in their thinking to familiar solutions. Therefore, it would be advisable that the government consults securities experts with various backgrounds for the development of the stock market.
For example, historically, the process of listing has usually been undertaken by the respective stock exchanges. However, there is no reason why the listing process could not be separated from the exchange. The SEC could define minimum listing requirements for the exchange and the OTC market. Authorized listing agencies, such as accounting and auditing firms or consultancies, could then be hired for the listing process. This would create a competitive market and reduce the listing costs for companies going public. Once an agent has approved a company for listing, any stock exchange or OTC market in Myanmar could start trading the stocks. The process would be quite similar to the rating of debt instruments by rating agencies.
To build up a functioning stock market, a Central Securities Depository (CSD) has to be established. The CSD is an organization holding securities, such as shares, in the owner’s name so that transfers from one person to another can be done just through book entry instead of physical transfer. In many countries, CSDs are owned by a stock exchange. By controlling the CSD, an incumbent stock exchange makes it virtually impossible for any new competitor to enter the market. The regulator should therefore take care that the CSD is independent of the stock exchange and gives equal access to the exchanges and OTC markets in the country.
What Needs to be Done?
A stock market is more than just the technical infrastructure of a stock exchange. In order to create a successful exchange with enough liquidity, a whole system including infrastructure, market participants and listed companies has to emerge. Brokers, dealers and market makers have to be trained while investors need to understand the concept of stocks, dividends and the risks associated with investing. Entrepreneurs have to be educated about the potential of raising funds through the capital market. Companies need assistance in valuation of their assets, capital structuring, writing the prospectus, and finally in the public offering of the shares.
The SEC will most likely be composed of members without actual working experience about the stock market. In order to ensure a strong and competent SEC, training has to be given to the members. The SEC can only remain independent if it does not accept any offers of training by companies or organizations that will be regulated by the SEC at a later stage. Much work still has to be done to develop the stock market in Myanmar. If the Yangon Stock Exchange is to open in late 2015, no time is to be wasted.
Ref:http://www.crossroadsmyanmar.com/analyses/myanmar-stock-market-preparing-2015


စတော့အိပ်ချိန်း အခွံသက်သက် ဖြစ်လာမလား

စတော့အိပ်ချိန်း, စီးပွားရေး, ကုမ္ပဏီ
ရန်ကုန် စတော့အိပ်ချိန်းကို တပ်မတော်ပိုင် မြဝတီဘဏ်တွင် ဖွင့်မည်
မြန်မာနိုင်ငံက ယခုနှစ်အတွင်း စတော့အိပ်ချိန်းကို အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး လာမည့် နိုဝင်ဘာလ မတိုင်ခင်တွင် အပြီးသတ်ရန် လုပ်ဆောင်လျက်ရှိသည်။ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်လာသည့် စတော့အိပ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိပ်ချိန်း က ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ဂျပန်ဒိုင် ဝါသုတေသနက ၃၀ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင်လုပ်ဆောင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။
စတော့အိပ်ချိန်း ဈေးကွက်ဆိုသည်နှင့် ယင်း ဈေးကွက်တခု ပီပြင်စွာ ပေါ်ပေါက်လာရေးတွင် ကဏ္ဍများစွာက ပါဝင်ပတ်သက်ကြရမည် ဖြစ်သည်။ စတော့အိပ်ချိန်းတွင် စာရင်းဝင်နိုင်အောင် ကြိုးစား ၍ အစုရှယ်ယာများကို ရောင်းချကြမည့် listed အများပိုင်ကုမ္ပဏီများ၏ အခန်းကဏ္ဍ၊ အဆိုပါ အများပိုင်ကုမ္ပဏီတို့၏ အစုရှယ်ယာ များကို ဝယ်ယူ ရင်းနှီးမြှုပ်နှံလိုသူများ လက်သို့ရောက်ရန် ကြားခံ ဆောင်ရွက်ပေးရမည်ဖြစ်သော ဝန်ဆောင်မှု ကုမ္ပဏီ များ၏ အခန်းကဏ္ဍ၊ ယင်းဝန်ဆောင်မှု ကုမ္ပဏီများ နှင့် စတော့အိပ်ချိန်းကိုပါ ကြီးကြပ်ရမည်ဖြစ်သော၊ လိုင်စင်ချပေးခွင့် ရှိသော ငွေချေးသက်သေခံ လက်မှတ် ကြီးကြပ်ရေးကော်မရှင် (Stock Exchange Commission ) ၏ အခန်းကဏ္ဍ စသည့် ကဏ္ဍများစွာက အချိတ်အဆက်မိမိ အကောင် အထည်ဖော်ကြရမည် ဖြစ်သည်။ ထို့ပြင်  Stock Exchange Commission (SEC) ဖွဲ့စည်းခြင်း အပါအဝင် စတော့ဈေးကွက်ကို ပုံဖော်ခြင်း ကနဦး အခြေခံဖြစ်သော ငွေကြေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေနှင့် နည်းဥပဒေတို့လည်း ထွက်ပေါ်ပြီး ဖြစ်ရမည်။
လက်ရှိ အခြေအနေတွင် ဥပဒေပြဋ္ဌာန်းပြီး ဖြစ်ပြီး SEC ကိုလည်း ဖွဲ့စည်းပြီးဖြစ်သည်။ စတော့ အိပ်ချိန်းတွင် ဝန်ဆောင်မှု လုပ်လိုသည့် ကုမ္ပဏီများ လိုင်စင်လျှောက်ရာတွင် လိုအပ်သည့် စံနှုန်းသတ်မှတ် ချက်များလည်း ထုတ်ပြန်ပြီး ဖြစ်သည်။ သို့သော် စတော့အိပ်ချိန်းတွင် စာရင်းဝင်ကာ အစုရှယ်ယာများ ရောင်းချကြမည့်   Listed ကုမ္ပဏီများအတွက် စံနှုန်းသတ်မှတ်ချက်များကို အတည်ပြုထုတ်ပြန်သေးခြင်း မရှိသေးပါ။
အကြမ်းဖျင်းသတ်မှတ်ချက်များတွင် အဆိုပါ  Listed ကုမ္ပဏီများမှာ အမြတ်ငွေ အနည်းဆုံး ၂ နှစ်ဆက်တိုက် ရရှိထားသော ကုမ္ပဏီ ဖြစ်ခြင်း၊ အနည်းဆုံး ထည့်ဝင်ရင်းနှီးငွေကျပ် သန်း ၅၀ဝ ထည့်ဝင်ပြီး ကုမ္ပဏီဖြစ်ခြင်း၊ အနည်းဆုံး ရှယ်ယာရှင် အရေအတွက် ၁၀ဝ ရှိရမည်စသော အချက်များ နှင့် အခြားစံသတ်မှတ်ချက်များ ပါရှိသည်ကို တွေ့ရ သည်။ လတ်တလောအခြေအနေတွင် စံနှုန်း သတ်မှတ်ချက်များနှင့် စတော့အိပ်ချိန်းသို့ ဝင်ရန် အလား အလာရှိသည့် အများပိုင်ကုမ္ပဏီ ၁၀ ခုနီးပါးရှိပြီး ၂ ခု ၃ ခုနှင့်လည်း စတင်သွားနိုင်ကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင် မောင်သိမ်းက ပြောဆိုထားသည်။
ယင်းသို့ စတော့ဈေးကွက် အကောင်အထည် ဖော်မှုကို အခန်းကဏ္ဍအလိုက် လုပ်ဆောင်နေပြီး လက်တွေ့ စတင်ချိန် ရောက်သွားခဲ့ပြီဆိုလျှင် အမှန် တကယ် အရေးအကြီးဆုံး စိန်ခေါ်မှုတခုက ကြိုနှင့် နေမည်ဖြစ်သည်။ ယင်းမှာ စတော့အိပ်ချိန်းလည်းရှိ၊ Listed ကုမ္ပဏီလည်းရှိ၊ ဝန်ဆောင်မှု ကုမ္ပဏီများ လည်းရှိပါလျက် ရင်းနှီးမြှုပ်နှံသူ၏ အခန်းကဏ္ဍ မရှိ၊ အစုရှယ်ယာများ အရောင်းအဝယ် မရှိပဲ အခွံ သက်သက် ခြောက်ကပ်ကပ် စတော့အိပ်ချိန်း မဖြစ် ဖို့ဆိုသည့် အချက်ဖြစ်သည်။
“အိပ်ချိန်းထောင်ထားပြီး အရောင်းအဝယ် မဖြစ်တာမျိုးလည်း ဖြစ်သွားနိုင်တာပဲ။ အခု လာအိုတို့ ကမ္ဘောဒီးယား တို့မှာ အဲဒီလို ဖြစ်နေတာပဲလေ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူက လိုပါတယ်” ဟု မြန်မာနိုင်ငံတွင် တခုတည်းသာ ရှိသေးသည့် ငွေချေး သက်သေခံလက်မှတ်များ အရောင်းအဝယ် ဝန်ဆောင်မှု လုပ်ပေးနေသော MSEC ကုမ္ပဏီ မှ တာဝန်ရှိသူ တဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံသူ၏ အခန်းကဏ္ဍမှာ စတော့ ဈေးကွက်တွင် အလွန်အရေးပါသည့် အနေအထား ဖြစ်သည်။ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ အပိုင်းတွင် အိမ်ခြံမြေ၊ ရွှေ နှင့် နိုင်ငံခြားငွေတို့တွင်သာ အများဆုံး မြှုပ်နှံနေကြ သည့် တချိန်တွင် စတော့ဈေးကွက် ပေါ်လာပါက ရင်းနှီးမြှုပ်နှံမှု အရွေ့တခုဖြစ်လာနိုင်သည်ဟု ပြောကြသူများ လည်း ရှိသည်။ သို့သော် Listed ကုမ္ပဏီ အနည်းအကျဉ်းနှင့် ဦးစွာ စတင်ပါက ရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံ လိုသူများ ဘက်မှ ရွေးချယ်ခွင့် အင်မတန် နည်းပါးသွားမည်။ ဝယ်ယူသူ နည်းသော စတော့ဈေးကွက်မှာ ကျယ်ကျယ် ပြန့်ပြန့်မဖြစ်ပါက သို့မဟုတ် ရွေးချယ်စရာ နည်းပါးနေပါက အလုပ်မဖြစ်နိုင်သည့် အခြေအနေများ ရှိလာနိုင်သည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး စတော့ ဈေးကွက် အတွေ့အကြုံရှိသူ Thura Swiss ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဒေါက်တာအောင် သူရက “အစပိုင်းမှာ ရင်းနှီးချင်တဲ့သူတယောက် အနေနဲ့  listed ကုမ္ပဏီ ၃ ခုလောက်ဆိုတော့ သူ့အတွက် ရွေးဖို့က လွယ်ချင်မှ လွယ်မှာ။ ဥပမာ အဲ့ဒီ ၃ ခုလုံးက ကောင်းချင်မှလည်း ကောင်းမှာပေါ့။ ကြိုက်ချင်မှလည်း ကြိုက်မှာ။ လောလောဆယ်က ရွေးစရာ မရှိသေးဘူး။ စစချင်းကတော့ အရောင်း အဝယ်က ပါးမှာပါပဲ။ သဘောကို နားမလည်သေးတဲ့ အချိန်၊ listed ကုမ္ပဏီတွေကလည်း များများမရှိ သေးတဲ့အချိန်မှာ အရောင်းအဝယ်ပါးမှာပါ” ဟု သုံးသပ်ပြောဆိုသည်။
ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် ပတ်သက်၍ လည်း ၎င်းက “ကိုယ်ကစပြီး ပထမဆုံး ရင်းနှီးမယ်ဆို ကိုယ်ဘယ်လောက်ထိ နားလည်ထားလဲ။ ရှယ်ယာ ဝယ်တာမျိုးက မြေဝယ်သလိုမျိုး မဟုတ်ဘူး။ ကိုယ် မြှုပ်နှံမယ့်ကုမ္ပဏီ ကောင်းလား၊ မကောင်းလား အခြေအနေတွေ ပါလာတယ်ပေါ့။ ပြောရရင် ရင်းနှီးမြှုပ်နှံဖို့ ပိုခက်တာပေါ့။ လုံးဝမလေ့လာဘဲနဲ့ ရင်းနှီးဖို့ တော့ မလွယ်ဘူး” ဟု ပြောသည်။
စတော့ ဈေးကွက် အလေ့အထ၊ ပွင့်လင်းမြင်သာမှု အလေ့အကျင့်နှင့် များစွာ အလှမ်းဝေးခဲ့သော မြန်မာနိုင်ငံမှ အများပိုင်ကုမ္ပဏီများသည် listed ဖြစ်ပြီး စတော့တွင် ရှယ်ယာများ ရောင်းချ သည့်အခါ ရင်းနှီးမြှုပ်နှံရမည့် သူများဘက်မှ စဉ်းစားရမည့် အချက်များစွာ ရှိနေပါလိပ်မည်။ ထိုအခြေ အနေမှာ listed ကုမ္ပဏီများ၏ စံနှုန်းအရည် အချင်းကို သတ်မှတ်ပေးသည့် စတော့အိပ်ချိန်းနှင့် တိုက်ရိုက်သက်ဆိုင်သလို ထိန်းကျောင်းသည့် အဖွဲ့ အစည်း SEC  နှင့်လည်း သက်ဆိုင်ပါသည်။
ယင်းအပိုင်းနှင့်ပတ်သက်၍ စတော့ ဈေးကွက် ရေးရာ လေ့လာနေသူတဦးက “ SEC ဆိုတာက အများ ပြည်သူအကျိုးကို ကြည့်ရမယ်။ ကုမ္ပဏီ အကျိုးကို မကြည့်ရဘူး။ ဝင်ရောက် ရင်းနှီးတဲ့အခါမှာ ကုမ္ပဏီက လျော့လျော့ရဲရဲ လုပ်ထားပြီးတော့ အများပြည်သူက ဆုံးရှုံးသွားမယ်ဆို မဖြစ်ဘူးလေ။ (invester protection) ရင်းနှီးမြှုပ်နှံသူကို အကာ အကွယ်ပေးမှု ဆိုတာရှိတယ်။ ဒါ SEC ကလုပ်ရမှာ” ဟု ပြောသည်။
စတော့အိပ်ချိန်း ဈေးကွက် ပီပြင်စွာ လည်ပတ် နိုင်ရေးတွင် လက်တလော လိုင်စင်ချပေးရန် ခေါ် ထားသည့် ဝန်ဆောင်မှုကုမ္ပဏီများ၏ အခန်းကဏ္ဍကလည်း မရှိမဖြစ် အရေးပါပါသည်။
လက်ရှိတွင် Underwriter ဟုခေါ်သည့် စတော့အိပ်ချိန်းတွင် ပါဝင်သော အများပိုင် ကုမ္ပဏီ ကြီးများ၏  ရောင်းချလိုသော အစုရှယ်ယာပမာဏကို တာဝန်ယူဖြန့်ပေးသည့် ကုမ္ပဏီလိုင်စင်၊  Dealer ဟုခေါ်သည့် ဝယ်ရောင်း ၂ ခု စလုံးလုပ်ကိုင်သည့် ကုမ္ပဏီလိုင်စင်၊ Broker  ဟုခေါ်သည့် ပွဲစား ကုမ္ပဏီလိုင်စင်နှင့် Consultant  အကြံပေးကုမ္ပဏီ လိုင်စင်တို့ကို ချပေးသွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်း များကို မြန်မာနိုင်ငံက လုပ်ကိုင်နိုင်သည့် ကုမ္ပဏီ မရှိသဖြင့် နိုင်ငံခြား ဖက်စပ်လုပ်ကိုင်ခွင့် ပြုထားရ သည့် အခြေအနေဖြစ်သည်။
ထို့ပြင် စတော့အိပ်ချိန်းသို့ စာရင်းဝင်ရန် စံနှုန်းမမီသည့် ကုမ္ပဏီများ၏  ရှယ်ယာများ ရောင်းဝယ်ခြင်း ပြုလုပ်နိုင်မည့် ကောင်တာဈေးကွက် တည်ထောင်ခွင့်ကို SEC  ခွင့်ပြုချက်ရလျှင် လုပ် ဆောင်နိုင်မည်ဟု ဥပဒေတွင် ပါရှိရာ ယင်းသို့သာ ကောင်တာဈေးကွက် ဖွင့်ခွင့်ပြုလိုက်ပါက စတော့ ဈေးကွက်မကျယ်ပြန့်ပဲ ကောင်တာဈေးကွက်သာ ကျယ်ပြန့်သွားနိုင်မည် ဖြစ်သည်။ ထိုအချက်သည် လည်း စတော့အိပ်ချိန်းအတွက် စိန်ခေါ်မှုတခု ဖြစ်သည်။
ထိုသို့သော အခြေအနေ အမျိုးမျိုးကြားမှ စတော့အိပ်ချိန်း ပေါ်ပေါက်၍ အမှန်တကယ်သက်ဝင် လှုပ်ရှားသည့် ဈေးကွက်တခု ဖြစ်လာပါက နိုင်ငံ၏ ငွေကြေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှု တို့ကိုပါ တွဲပါစေကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက မှတ်ချက်ပြုသည်။
၎င်းက “စီးပွားရေးလုပ်ငန်းအသီးသီးက သူတို့ ရဲ့ စီမန်ခန့်ခွဲမှု ပုံသဏ္ဌာန်တွေ၊ ထုတ်လုပ်မှုနည်းပညာ တွေ၊ ဈေးကွက်ချဲ့ထွင်မှု မဟာဗျူဟာတွေ စတာတွေ ကိုခြုံပြီးတော့မှ အစုရှယ်ယာဈေးကွက်ထဲမှာရှယ်ယာ ကိုရောင်းပြီး သူတို့ရဲ့ လိုအပ်တဲ့ အရင်းအနှီးကို ဖြည့်ဆည်းတာပေါ့။ ဒီအပိုင်းမှ သူတို့ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အကျိုးရှိတယ်။ အဲ့ဒီ ထဲမှာဝင်ရောက်ပြီး အစုရှယ်ယာဝယ်ယူရင်းနှီးတဲ့ ပြည်သူတွေအတွက် လည်း အကျိုးရှိမယ်။ နိုင်ငံအတွက် လည်း ဘယ်လိုအကျိုးရှိလည်းဆိုရင် မလိုအပ်တဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံ မှုတွေ မလုပ်တော့ဘဲနဲ့  တိုင်းပြည်ရဲ့ စီးပွားရေးထုတ်ကုန် မြင့်မားဖို့တိုးတက် ဖို့ကို အထောက်အကူပြုမယ့် စီးပွားရေးလုပ်ငန်း တွေမှာရင်းနှီးမြှုပ်နှံကြတဲ့အတွက် ငွေကြေးတည်ငြိမ် မှု၊ စီးပွားရေး တည်ငြိမ်မှုတွေ ပိုဖြစ်စေမယ်” ဟု ပြောသည်။
မည်သို့ပင်ဖြစ်စေ စတော့အိတ်ချိန်းကို မြန်မာ နိုင်ငံကဖြစ်အောင် အပြီးသတ် အကောင်အထည်ဖော်တော့ မည်ဖြစ်သည်။ ထိုအကောင်အထည်ဖော်မှုတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများက ရှိနေသေးသလို သက်ဝင်လှုပ်ရှားမှု မရှိသော၊ ရှယ်ယာ အရောင်းအဝယ်များ အနည်းအကျဉ်းနှင့် အခွံသက်သက် ခြောက် ကပ်ကပ် စတော့အိပ်ချိန်းကြီး ဖြစ်မဖြစ် မဝေးသော အနာဂတ်တွင် မြင်လာရတော့မည် ဖြစ်သည်


Ref:burmairrawaddy

အ: 1 the last letter of the Myanmalphabet.
စတော့အိပ်ချိန်းဖွင့်ရန် ရည်ရွယ်ထားသော မြဝတီဘဏ်သည် တပ်မတော်ပိုင်ဖြစ်နေပြီး အမေရိကန်၏ စီးပွားရေးဒဏ်ခတ်မှု ခံထားရသော စစ်တပ်နှင့် ခရိုနီပိုင် ကုမ္ပဏီများ စတော့အိပ်ချိန်းတွင် စာရင်းတင်ခံမည်လား မေးခွန်းထုတ်စရာဖြစ်သည်။ စတော့အိပ်ချိန်းသို့ စာရင်းဝင်ရန် စံနှုန်းမမီသည့် ကုမ္ပဏီများ၏ ရှယ်ယာများရောင်းဝယ်ရေးအတွက် ကောင်တာဈေးကွက်တည်ထောင်ခွင့်ကို SEC က ခွင့်ပြုချက်ပေးမည်ဟု ဆိုရာ ထိုကောင်တာ ဈေးကွက်က စတော့ဈေးကွက်ထက် ကျယ်ပြန့်သွားမည်လားဟုလည်း သံသယရှိသည်။ ငွေခဝါချမှု တရားဝင်ဖြစ် သွားစေနိုင်သည်။

မြန်မာ့ပန်းပေါင်းစုံအမည်များ

မြန်မာ့ပန်းပေါင်းစုံအမည်များကို ဒီ ဖေ့ဘွတ်မှာ အများကြီးတွေ့ရလို့ အမှတ်တရသိမ်းထားချင်တာနှင့် ကူးယူဖော်ပြထားတာပါ..https://www.facebook.com/kothetnaing.kothetnaingoo


ချင်းပြည်နယ်ကအပင်လေးများး .."ခေါင်ရမ်းပန်းပန်းရောင်" .. 



ရုက္ခဗေဒအမည် Hibiscus spp: 
မျိုးရင်း Malvaeae

 မြေပြန့်မှာတော့ "ခေါင်ရမ်းပင်"လို့ ခေါ်မလားမသိ     ဒါပေမဲ့ ဟားခါးတ၀ိုက်မှာတော့ စည်းရိုးပင် အနေနဲ့စိုက်ထားတာပါ၊

မြေပြန့်ခေါင်ရမ်းပန်းက ပွင့်ရင် ငိုက်လျှက်ပွင့်ပေမဲ့ သူကတော့ ထောင်မတ်ပြီး ထီထီးပွင့်တယ် လောလောဆယ်တော့ ပန်းရောင် တမျိုးဘဲတွေ့ခဲ့ ရတယ်၊

တအိမ်နဲ့တအိမ်ကြားကို စည်းရိုးသဖွယ် စိုက်ထား
တော့ မြေပြန့်က "ဗိုလ်ကတော့် မျက်ခုံးပင်" လိုဖြစ်နေတာပေါ့ တောင်ပေါ်ဒေသမှာဘဲ တွေ့ရတဲ့ စည်းရိုးပန်းလေးမို့ ထူးခြားလှပါတယ် ၊

အိမ်ရှင်ဦးကြီးကတော့စိုက်ပျိုးရအရမ်း  လွယ် ကြောင်း ကိုင်းချိုးစိုက်ရင်ရှင်ကြောင်း ရှင်းပြရင်း ကိုင်းအရင့်တွေ အများကြီး ခုတ်ပေးပါတယ် ဒါပေမဲ့ ကလေးရောက်တော့ သွေ့ခြောက်
သွားတာပါဘဲ၊ ရာသီဥတုက အရမ်းပူတယ်လေ....

Ref: kothetnaingoo 2014





Beautiful cactus flowers


တကယ်ကိုချစ်စရာ Cactus flowers လေးတွေ

အင်းဆက်ပိုးစားပင်လေးတွေက တခြားနိုင်ငံမှာအလှတောင်စိုက်တယ်

Insectivorous plants

Mandeep Kundan




ချင်းပြည်နယ်ကပင်များ "ပဒိုင်းကြီး" Angel's trumpet. Botanical name: Brugmansia suaveolens cv. A-war. Family Solanaceae. ခရီးထွက်ရင် အပင်တွေကိုစပ်စုတတ်တာ ကျနော့်ဝါသနာပါ။ တချို့ကတော့ 

















ကျနော်နဲ့ခရီးထွက်ရင်စိတ်မရှည်ခြင်ဘူး အပင်တွေ့ရင်ကျန်ခဲ့လို့လေ၊ ဒီအပင်လေးကို ဟားခါးမြို့အမြင့်ဆုံးအရပ်ကရခဲ့တာပါ ။ အဖြူရောင်အပင်ကြီးမျိုးကို ပြင်ဦးလွင်ရုက္ခဗေဒ ဥယျာဉ်ထဲမှာတွေ့ဖူးခဲ့တယ် ။ ခုအပင်က အဝါရောင်ဆိုတော့ မြင်နဲနဲဆန်းနေတာပါ ။ genus species ကတော့ အတူတူပါဘဲ varities သာကွဲတာပါ။ အရိုင်းပင်မဟုတ်ဘဲ အလှစိုက်ပင်ဖြစ်နေတာပါ တွဲလျားကျနေတဲ့ အဝါရောင် ခေါင်းလောင်းပန်းကြီးတွေနဲ့ မြင်ရတာနဲ့ အိမ်အလှ ကိုပိုစေပါတယ်။ ရေမြေကောင်းတာရယ် အအေးဓာတ်ကြောင့် အခြားဒေသကအပင်တွေထက်သန်မာ ထွားကြိုင်းလှတယ် ဒီအပင်က နှစ်ရှည်ခံ ခြုံပင် ကနေ Small tree အထိရှိတတ်ပါတယ်၊ အရွက်တွေက Ovate oblong shape ရှိတတ်ပြီး ရွက်အရင်းကတော့ oblique ရွဲ့နေတတ်ပါတယ်၊ အမွှေးနုများလည်းရှိပါတယ်၊ ပန်းပွင့်က ကြားထွက် ထီးထီးဖြစ်ပါတယ်၊ ပွင့်ဖတ်အုံက tubular ပုံစံပါ ဂလင်းအမွှေးလေးပါပါတယ်၊ Corolla ကတော့ အရောင် ၃ မျိုးလောက်ကိုရှိတတ်ပါတယ် အဖြူ အနီ အဝါ ၃ ရောင်ပါ trumpet shape ရှိပါတယ်၊ ထိပ်မှာ 5 acumens ရှိနေတတ်တာ လက္ခဏာ တရပ်ပါ ။ corolla tube ကရှည်လျားပြီး တခါတလေ 20 cm ကျော်ပါတယ်၊ stamens ၅ ခု ပါပြီး corolla အတွင်းမှာဘဲရှိနေပါတယ်။ အသီးကတော့ အက်ကွဲသီး capsule ဖြစ်ပြီး အစေ့များစွာပါပါတယ်။ ဒီspecies ကို Kress 2003 က Checklist of Myanmar ထဲမှာ Datura suaveolens အနေနဲ့ဖော်ပြခဲ့ပါတယ်။ အရိုင်းပင်မဟုတ်သော်လည်း အပွင့်ဝါနဲ့ ဆန်းပြားလှတာမို့ ဟားခါးရောက်ရင်းမှတ်တမ်း တင်ဖြစ်ပါတယ် ရုက္ခဗေဒ ကျောင်းသားသူတွေကိုလည်း သင်ရင်းနဲ့ပေါ့... kothetnaingoo 2014
 

Recent Posts

Google
Web Search Site Search