Popular Posts!

Saturday, July 28, 2012

တစ်လ ကျပ်တစ်သိန်းနှစ်သောင်းအထက်ဝင်ငွေရှိသူတိုင်း ၀င်ငွေခွန်ဆောင်ရမည်

တစ်လ ကျပ်တစ်သိန်းနှစ်သောင်းအထက်ဝင်ငွေရှိသူတိုင်း ၀င်ငွေခွန် ဆောင်ရမည်


ရန်ကုန်၊ မတ်- ၂၆


တစ်လလျှင် ၀င်ငွေလစာ ကျပ်တစ်သိန်းနှစ်သောင်းထက်ဝင်ငွေ ရရှိသူမည် သူမဆို ၀င်ငွေခွန်ပေးဆောင် ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည့် ၀င်ငွေခွန်ဥပဒေများ တွင် ဖော်ပြထားသည်။

မည်သူ့ကိုမဆို တစ်နှစ်လျှင်စုစုပေါင်း လစာငွေကျပ် ၁၄၄၀၀၀၀ ထက်မပိုပါက ၀င်ငွေခွန်ကောက် ခံခြင်းမပြုရန်၊ အသက်မွေးဝမ်း ကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းနှင့်အခြားရလမ်း များမှ ၀င်ငွေများအပေါ် အခွန် ကောက်ခံရာတွင် စုစုပေါင်းဝင် ငွေကျပ် ဆယ့်နှစ်သိန်းထက်မပို လျှင် ၀င်ငွေခွန် ကောက်ခံခြင်း မပြုရန်နှင့် သမ၀ါယမကအသင်း ဥပဒေအရ မှတ်ပုံတင် ဖွဲ့စည်း ထားသည့် အခြေခံသမ၀ါ ယမအသင်း သမ၀ါယမအသင်းစု၊ သမ၀ါယမ အသင်းစုချုပ်(သို့မဟုတ် )ဗဟိုသ၀ါယမ အသင်းများ၏ ၀င် ငွေအပေါ် အခွန်ကောက် ခံရာတွင် စုစုပေါင်း ၀င်ငွေကျပ် ဆယ့်နှစ်သိန်းထက်မပိုလျှင် ၀င် ငွေခွန် ကောက် ခံခြင်းမပြုရန် ၎င်းဝန်ကြီးဌာနက ထုတ်ပြန်လိုက် သည်။

အထက်ဖော်ပြပါ ၀င်ငွေ ပမာဏထက်မပိုလျှင် အခွန်ကောက်ခံခြင်းမပြုပေ။ သို့သော် သတ်မှတ်ဝင်ငွေထက် ကျော်လွန် ပါက သတ်မှတ်ထားသော သက်သာခွင့်များခုနှိမ်ပြီး နောက်ကျန် လစာဝင်ငွေအပေါ် ၀င်ငွေခွန် ကောက်ခံဖြစ်သည်။ သို့သော် ၀င်ငွေအခွန်နှုန်းထားများကောက် ခံရာတွင်အထက်ပါ အပိုဒ်တွင်
ဖော်ပြထားသည့် “အသက်မွေးဝမ်းကျောင်းနှင့် သမ၀ါယမအသင်း ဥပဒေ” အမျိုးအစားတို့တွင် ကောက်ခံသည့် ၀င်ငွေခွန်နှုန်းထားတူညီသော်လည်း “မည်သူ့ ကိုမဆို လစာခေါင်းစဉ်”အမျိုးအစားတွင် ကောက်ခံသည့် ၀င်ငွေနှုန်းသတ်မှတ်ချက် မတူညီသည် ကိုတွေ့ရသည်။

“သတ်မှတ်ထားတဲ့ သက် သာခွင့်များခုနှိမ်တယ်ဆိုတာက တစ်နှစ်ဝင်ငွေ ဆယ့်ငါးသိန်းရတဲ့ သူဆိုပါတော့ သူ့မှာ သက်သာခွင့် ဆိုတာရှိတယ်။ အဲဒီသက်သာခွင့် က အရင်တုန်းကလည်း ၂၀ ရာခိုင်နှုန်း၊ အခုလည်း ၂၀ ရာခိုင်နှုန်းပါပဲ။ ဒါပေမဲ့အရင်တုန်းက ၁၂,၀၀၀ ထိပဲပေးတယ်။ အခုကျ တော့ သိန်း ၁၀၀ အထိပေးထား တယ်”ဟု ဦးဟန်ထွန်း(အခွန်)က ပြောသည်။

ဝင်ငွေခွန်ဥပဒေသစ်ကကလေးရှိဝန်ထမ်းများအခွန်သက်သာစေမည်


ရန်ကုန်၊ မတ် - ၂၆


သားသမီးများစွာရှိသော အစိုးရ၀န်ထမ်းများသည် အသစ်ပြင်ဆင် လိုက်သည့် ၀င်ငွေခွန်ဥပဒေအရ အခွန်စည်းကြပ်ရာတွင် သက်သာခွင့်များရှိနေကြောင်း အဆိုပါ ဥပဒေအရ သိရသည်။

ဧပြီ ၁ရက်မှစတင်၍ အသက် ၀င်မည့် ၀င်ငွေခွန်ဥပဒေတွင် နိုင်ငံ ၀န်ထမ်းများဖြစ်ပါက ထောက်ပံ့ ကြေးအပါအ၀င် တစ်လကျပ် ၁၃၀,၀၀၀ (တစ်နှစ် ၁,၅၆၀,၀၀၀) နှင့်အထက်ရသည့် လူပျို၊ အပျို ၀န်ထမ်း များသည် တစ်လလျှင် ကျပ် ၁,၈၇၀ အခွန်ဆောင်ရမည် ဖြစ်သည်။ ယင်းမှာ ၀င်ငွေခွန် အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း တစ်နှစ်လျှင် ၃၁၂၀၀၀ (တစ်လ ကျပ် ၂၅,၁၆၆ ကျော်) သက်သာခွင့်ပြုပြီး ကောက်ခံထားသည့်နှုန်းထားဖြစ်သည်။

အိမ်ထောင်သည်ဖြစ်ပါက အထက်ပါသက်သာခွင့်အပြင် ဇနီး၊ ယောက်ျားအိမ်ထောင်ဖက်များအတွက် တစ်နှစ်လျှင် ကျပ် ၃၀၀,၀၀၀ (တစ်လ ကျပ် ၂၅,၀၀၀)ထပ်မံသက်သာခွင့်ရမည်။ထို့ပြင် အဆိုပါဝန်ထမ်းတွင် သားသမီးများရှိပါက ကလေးတစ်ဦးကို တစ်နှစ်လျှင် ကျပ် ၂၀၀၀၀၀ (တစ်လ ကျပ် ၁၆,၆၆၆
ကျော်) သက်သာခွင့်ရမည်။ ယင်းကြောင့် ပြန်တမ်းဝင်အရာရှိ တစ်ဦးသည် တစ်နှစ်မူရင်းလစာ ကျပ် ၁,၅၆၀,၀၀၀ မှ ဇနီးသည် အတွက် ကျပ် ၃၀၀၀၀၀၊ သား သမီးအတွက် ကျပ် ၂၀၀,၀၀၀ နှင့် အခြေ ခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း (၃၁၂,၀၀၀ ကျပ်)နုတ်ယူပြီးမှ ကျန်ငွေကို အခွန်ဆောင်ရမည်။ အိမ်ထောင်ဖက်နှင့် ကလေးတစ်ဦးရှိသောဝန်ထမ်းများအတွက် အခွန်စည်းကြပ်နှုန်း မှာ တစ်လလျှင် ၈၃၀ ကျပ်သာရှိ မည်။

“အခု ၀င်ငွေခွန်ဥပဒေသစ်က ကလေးများများရှိလေ သက်သာလေပဲ”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်က အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အသစ်ပြဋ္ဌာန်းသည့် ၀င်ငွေ ခွန်ဥပဒေသစ်တွင် နိုင်ငံဝန်ထမ်းများအနေဖြင့် တစ်နှစ်လစာငွေ ကျပ် ၁,၄၄၀,၀၀၀ အောက်ကို အခွန်ကောက်ခံမည်မဟုတ်ပေ။ နိုင်ငံဝန်ထမ်းများအနေဖြင့် ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းခံရ ပြီး ကနဦးလစာ စတင်ခံစားချိန်မှ စတင်ပြီး ၀င်ငွေခွန်ပေးဆောင်ရမည်။



ငွေမဲများအပေါ်တွင် ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်းကောက်ခံမည်


ရန်ကုန်၊ မတ်- ၂၆


ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန သည် လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ၀င်ငွေရလမ်း မဖော်ပြ နိုင်သည့် ၀င်ငွေအပေါ် ၃၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

မူလပြဋ္ဌာန်းထားသည့် ဥပ ဒေတွင် ၀င်ငွေရလမ်းမဖော်ပြနိုင်သည့် ၀င်ငွေအပေါ် စီးပွားရေး လုပ်ငန်းများမှ ရရှိသည့် ၀င်ငွေကဲ့သို့ နှုန်းထားအမျိုးမျိုးဖြင့် အခွန်ကောက်ခံမှုများရှိသော်လည်း လာမည့်ဘဏ္ဍာရေးနှစ်မှ
စတင်ပြီး ၎င်းငွေရလမ်းမဖော် ပြနိုင်သည့် ၀င်ငွေအပေါ် ၃၀ ရာခိုင်နှုန်း ၀င်ငွေခွန်ကောက်ခံခြင်း ဖြစ်ကြောင်း ဦးဟန်ထွန်း(အခွန်)ကပြောသည်။

“သိန်းတစ်ရာတန်တိုက်ကြီး တစ်လုံးအတွက်ကို ၀ယ်တယ် ဆိုပါတော့။ အဲဒီသိန်း တစ်ရာ ဘယ်ကရသလဲဆိုတာမှာ သိန်း နှစ်ဆယ်ပဲဘယ်ကရသလဲဆိုတာ ပြောနိုင်တယ်ဆိုရင် ကျန်တဲ့သိန်း
ရှစ်ဆယ်ကို ဘယ်ကရတဲ့ ငွေနဲ့ဝယ် ပါတယ်ဆိုတာ မဖော်ပြနိုင်ဘူး။ အဲဒါရလမ်းမဖော်ပြနိုင်တဲ့ငွေ။ ငွေမဲ တွေပေါ့။ သူတို့ကို တိုက်ရိုက် ၃၀ ရာခိုင်နှုန်း ကောက်ခံလိုက်တာပဲ။ အဲဒါကောင်းတယ်။ ရှင်းသွားတာပေါ့”ဟု ၎င်းကပြောသည်။

 Ref:7daynewsjournal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!