Popular Posts!

Wednesday, July 18, 2012

လစာကောင်းတဲ့ Financial PLanner or Advisor ဆိုတာဘာလဲ?


  • သင်လစာနည်းလို့စိတ်ညစ်နေလား! ဒီ Financial PLanner or Advisor ဆိုတဲ့ အလုပ်လေးကိုကြိုးစားကြည့်လိုက်ပါ ! သင်အဆင်ပြေသွားမှာပါ!
  • ဘာဖြစ်လို့ဒီစာကိုရေးရလဲဆိုတော့ မြန်မာပြည်က insurance and Bank တွေကို ပုဂ္ဂိုလ်တွေကိုလုပ်ခွင့်ပေးလိုက်ပြီလို့သိရလို့ အသိပညာပေးအနေနှင့်ရေးသားလိုက်ပါတယ်၊ ဗမာပြည်က လူငယ်တွေအတွက်အရမ်းကိုစိမ်းတဲ့ အလုပ်တွေပါ၊ ဒါပေမဲ့ အခုတလော ဗမာတော်များများကို ခေါ်နေပြီး လစာကောင်းကောင်းရတယ်ဆိုတာကို သိစေချင်တာပါ......
  • သင်လစာနည်းလို့စိတ်ညစ်နေလား! သင်မှာရိုးရိုးဘွဲ့တခုဘဲရှိပြီး ဒီ Financial Planner or  Financial advisor ဆိုတဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ မိမိကိုယ်ရေးငွေကြေးများကို စီမံခန့်ခွဲပေးတဲ့ အလုပ်က   သင့်ဝင်ငွေကောင်းတဲ့အလုပ်တွေထဲမှာ ပါတယ်ဆိုတာသိတဲ့ လူတွေနည်းပါတယ်၊
လူတိုင်းသိတာက စကားတော်တော်ပြောယူရတဲ့  insurance အရောင်း အလုပ်အနေနှင့်ဘဲသိကျတာ များတယ်၊ ဘာတွေလုပ်ရတယ်မသိကျပါဘူး? ဒီအလုပ်က စင်္ကာပူတွေနှင့် PR ဘွဲ့ရတွေဘဲခေါ်ပါတယ်၊
ဒါပေမဲ့ စာမေးပွဲ အနည်းဆုံး ၂ခုအောင်ရမှာဖြစ်ပြီး M9 (75% pass)ဆိုတဲ့ insurance ပတ်သက်တာနှင့် M5 (70% pass ) စကာင်္ပူဥပဒေပတ်သက်တဲ့ စာမေးပွဲအောင်ပြီး Certificate တွေ ရမှ အလုပ်စရပါတယ်၊ (စာမေးပွဲ လမ်းညွှန့် သင်တန်းတွေ အလကားပေးပါတယ်၊ ဒီသင်တန်းက ဒီအတိုင်းအပြင်မှာတက်ရင် စကာင်္ပူ ငွေ ထောင်ဂဏန်း လောက်ရှိပါတယ်၊) ဒါတွေနှင့် မလုံလောက်သေးပါဘူး၊နောက်ထပ် ၂ခု စာမေးပွဲကို ၂နှစ်ထဲမှာ ထပ်ဖြေရပါသေးတယ်၊ စာမေးပွဲ ၄ခုစလုံးအောင်ရင် မန်ဂျာ အဆင့် နှင့် ညီတဲ့ ကိုယ်စားလှယ်ရပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေတွေက နှစ်တိုင်းအသစ်တွေထွက်နေလို့ပါဘဲ၊ ဥပမှာ- ASIAN LAW  တွေဘဲ၊
  • English ကောင်းကောင်းရတဲ့ ရိုးရိုးဘွဲ့ရ O level နှင့် အောင်ထားတဲ့ ခလေးတွေဝင်ဖြေသင့်တဲ့ လစာကောင်းတဲ့ အလုပ်တခု ဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်၊
ဒါပေမဲ့ ၀င်ငွေကောင်းတဲ့ အလုပ်တခုဖြစ်ပြီး အခြေခံလစာ စင်္ကာကပူဒေါ်လာ၂၀၀၀နှင့်၂၅၀၀ စရပါတယ် ၊ အဲ! အလုပ်ကတော့ နောက် ကြိုးစားရင် အပိုဆုကြေးတွေနှင့် ဆိုရင် စင်္ကာကပူဒေါ်လာ ၃၀၀၀နှင့် ၄၀၀၀ကျော်လောက်ရတယ်လိုသိရပါတယ်၊ ဒီမှာ ဗမာပြည်ကရိုးရိုးဘွဲ့နှင့် မရနိုင်တဲ့လစာတွေပါဘဲ!
ဒီမှာဝင်လုပ်ကျသူတွေတော်တော်များများဟာ လာစာကောင်း တဲ့ ပညာတတ် အရာရှိတွေဖြစ်တဲ့ အင်ဂျင်နီယာတွေလဲ အလုပ်ပြောင်းပြီး အပိုငွေကြေးရတဲ့ ဒီအလုပ်ကိုပြောင်းလာကျတာကိုတွေ့ရပါတယ်၊ အသိတယောက်ကပြောတယ် သူရဲ့အင်ဂျင်နီယာ အလုပ်က စင်္ကာကပူဒေါ်လာ ၄၀၀၀ ပတ်လည်ဘဲတဲ့၊ နောက်ပြီးပြောသေးတယ် သူအိမ်ထောင်ကျတော့ ငွေကြေးမလောက်တာနှင့်ဘယ်လောက်မလဲ ရှိသမျှ အမျိုးတွေ ခေါ်တင်ထားတာကိုး! ၀င်ငွေပိုကောင်းတဲ့ ဒီအလုပ်ကိုပြောင်းတာ အခုဆို စင်္ကာကပူဒေါ်လာ ၈၀၀၀လောက်ရတယ်ဆိုဘဲ! သူပြောတာ ဟုတ်မဟုတ်လုပ်ကြည့်မှသိမှာဘဲလေ!
အဲ! လုပ်ရမဲ့ အလုပ်တွေက အများကြီးပါ   အာမခံ တခုထဲမဟုတ်ပါဘူးဆိုတာဘဲ! စီးပွားရေးနှင့်ပတ်သက်တာပြီး ကုမ္မဏီနှင့်ပတ်သက်တဲ့ စတင်တည်ထောင်ရင် လိုအပ်တဲ့ ဘဏ်အကောင့် ဖွင့်ခြင်း၊အခွန်၊ချေးငွေ တွေနှင့် လူတယောက်ရဲ့ အလွန်အရေးကြီးတဲ့ ငွေကြေးနှင့်ဆိုင်တဲ့ စီမံခန့်ခွဲမှုတွေ နှင့် ဆိုင်သော မိမိရဲ့အသက်အာမခံ၊ ကားအာမခံ၊အိမ်မီးအာမခံ၊ မိမိရဲ့လုပ်ငန်းအတွက် လိုအပ်တဲ့မတည်ငွေ ချေးငွေ၊ ကျန်းမာရေး၊ ခလေးတွေရဲ့နောင်ရေးစုငွေ၊သေတမ်းစာတွေ၊  ပင်စင်စုငွေတွေ ကို ၀ယ်ရောင်းတဲ့  စတော့ ဈေးကွက်အခြေအနေ တွေ ကိုလဲ အကောင်းဆုံးအကြံပေးတိုင်ပင်လို့ရတဲ့  Professional အလုပ်တွေပါ၊ နောက်ပြီး Law ဆိုတဲ့ ဥပဒေနှင့် ပတ်သက်ပြီး အားလုံး  နှင့် သက်ဆိုင်တာတွေဆို ကိုယ်ရေးအရာရှိရှေ့နေ တပိုင်းပါဘဲ! အဲ! သင်တန်းတွေတောက်လျှောက်ပေးပြီး စာတွေကိုတောက်လျှောက်ဖတ်ဖို့နှင့်လေ့လာနေဖို့တော့လိုပါတယ်ဆိုတာပါဘဲ! အဲ! ကျောင်းပြီးလို့စာမဖတ်ရတော့ဘူးထင်နေသူတွေ အတွက်တော့ အဆင်ပြေမယ်မထင်ပါဘူး! ဒါပေမဲ့ ငွေအများကြီးရမှာမို့ ကြိုးစားကြည့်စေချင်ပါတယ်၊ အလုပ်ချိန်က တော့ သူများတွေ အလုပ်ဆင်းမှာ ချိမ်းတွေ့ရမှာမို့ အလုပ်ချိန်နောက်ကျတတ်ပါတယ် ဆိုတာ အိမ်က မိန်းမ ယောကျာင်္းတွေကိုတော့ နားလည်အောင်လုပ်ထားဖို့တော့လိုမယ်နော်! နို့မဟုတ်ရင် အပြင်မှာထွက်ကဲနေပြီလို့ထင်မှာဆိုးလို့ပါ! ဟဲဟဲ...... ပိုက်ဆံလေ!.....

insurance ဆိုတဲ့ အာမခံဆိုတာဘာလဲ?
တကယ်တန်းဗမာပြည်ကလူတွေအတွက်မစိမ်းပါဘူး! အခုခေတ်စားနေတဲ့ ရပ်ကွက်ထဲက စုငွေစုသလိုပါဘဲ! ဘာကွာခြားလဲဆိုတော့ တရားဝင်အလုပ်နှင့် တရားမ၀င်အလုပ်ပါဘဲ! ရပ်ကွက်ငွေစုတာက တရားဝင်အဖွဲ့အစည်းမဟုတ်တော့ ပြဿနာတက်ရင်ဘာမှာလုပ်လို့မရဘူးလေ! ဒီ အာမခံတွေကို ဘဏ်တွေအားလုံး နှင့် အစိုးရတရားဝင်ပေးတဲ့ လိုင်စင်ရအဖွဲ့အစည်းကဘဲလုပ်ခွင့်ရှိပါတယ်၊ တလချင်းနည်းနည်းငွေတွေစုပြီး မိမိမကျန်းမာလို့ဆေးရုံတင်ရင်ငွေအများကြီးကုန်ရင် ဒီအာမခံက မိမိစာချုပ်စတင်ချုပ်ကတည်းက မိမိဝယ်ယူထားတဲ့ စာချုပ်အတိုင်း အကုန်လုံး သို့ တ၀က် ကုန်ကျစရိတ်တွေပေး ပေးပါတယ်ဆိုတာ နှင့် မိမိငွေကြေး အခက်အခဲရှိရင်လဲ ချေးငွေကိစ္စတွေ အကုန်တိုင်ပင်လို့ရပါတယ်။
ကမ္ဘာနာမည်ကြီး insurances--

စိတ်ဝင်စားလို့ အသေးစိတ်ကို ဒီမှာဖတ်ကြည့်လိုက်ပါ.....
ဥပမာတခုကဒီမှာကြည့်ပါ- Manulife Financial ဆိုတာက ပင်ရင်း Canada အခြေခံဆိုဒ်ကပါ.....

Credit@ Ko Nge


ဒီCommentလေးကိုဖတ်ကြည့်လိုက်ပါအုံးနော်...
ဒါက တကယ်အဖြစ်ပျက်လေးပါ၊ စာမေးပွဲဖြေရမှာကြောက်လို့ထွက်ပြေးနေတာလေ!...း(

SMS for my phone;
Hi Mr (name)!, this is Daniel from AiA. I saw your resume online and you have been headhunted :)

We are offering a basic allowance of up to $4k/month for financials consultants, under management program where you will be promoted to manager in 2 years time.

You will deal with wealth management which involves insurance ,investments, savings and unit trusts etc.

This is a full time position.

We are also giving $1000 cash/ free ipad for selected candidates upon clearing of entry exams.

Will you be interested to find out more?

Reply him:
Yes, Correct it! but so hard study  Qus: one thousand nearly but EXAM than How to do it? Need passed M9 and M5? and other 2 Exam between two Years! -း(

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!