Popular Posts!

Wednesday, February 6, 2013

ခြစားမှုအဆိုးဆုံး နိုင်ငံများစာရင်းတွင် မြန်မာ ဆက်လက် ပါဝင်နေ


မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများ မကြုံစဖူး ဆောင်ရွက်ခဲ့သော်လည်း ခြစားမှုတိုက်ဖျက်ရေး အဆင့်သတ်မှတ်ချက်တွင် သိသိသာသာတိုးတက်ခဲ့ခြင်းမရှိဘဲ ခြစားမှုအဆိုးဆုံးနိုင်ငံများစာရင်းတွင် ပဉ္စမမြောက်နေရာ၌ သတ်မှတ်ခံခဲ့ရသည်။
ဘာလင်အခြေစိုက် Transparency International က နှစ်စဉ်ထုတ် ပြန်သည့် Corruption Perceptions Index စာရင်းတွင် ပါဝင်သည့် ၁၇၆ နိုင်ငံ၌ မြန်မာနိုင်ငံက အဆင့် ၁၇၂ ရရှိခဲ့သည်။ ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သော အဆိုပါ စာရင်းတွင် ခြစားမှုအားသုညမှ ၁၀၀ အထိ အမှတ်ပေးခဲ့ပြီး သုညအဆင့်သည် ခြစားမှုအဆိုးဆုံးအဖြစ် သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံသည် ၁၅ မှတ်ရရှိခဲ့သည်။
ခြစားမှုကို အဆင့်အတန်း သတ်မှတ်ရာတွင် နှစ်နှစ်ကာလအတွင်း အချက်အလက်များဖြင့် တွက်ချက်ခဲ့ရာ ရလဒ်ကောင်းများ မျော်လင့်ရန် စောလွန်းကြောင်း Transparency International ၏ အရှေ့တောင်အာရှရေးရာ ညှိနှိုင်းဆောင်ရွက်သူ ဆမာသာဂရန့်က ပြောကြားခဲ့သည်။
စစ်တမ်းတွင် ဆိုမာလီယာ၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်တို့က ၈ မှတ်ဖြင့် အဆင့် ၁၇၄ နေရာကို ပူးတွဲရရှိခဲ့သည်။ ဆူဒန်က ၁၃ မှတ်ရရှိခဲ့ပြီး အဆင့် ၁၇၃ ရရှိခဲ့သည်။
ခြစားမှု အဆင့်သတ်မှတ်ချက်တွင် မည်သည့်နိုင်ငံမှ ရာခိုင်နှုန်းပြည့် ခြစားမှုကင်းစင်သည့် အဆင့်ကို မရရှိခဲ့သော်လည်း စစ်တမ်းတွင်ပါဝင်သည့် နိုင်ငံသုံးပုံနှစ်ပုံသည် ၅၀ မှတ်အောက်တွင် ရှိနေခဲ့သည်ဟု Transparency International က ဖော်ပြခဲ့သည်။
ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနှင့် ခြစားမှုကို လက်ခံသည့် အတိုင်းအဆတို့ကြား ဆက်နွယ်မှု ကြီးကြီးမားမားရှိနေကြောင်း Transparency International က ဖော်ပြခဲ့သည်။ ယင်းစစ်တမ်းတွင် ဒိန်းမတ်၊ ဖင်လန်၊ နယူးဇီလန်တို့က အမှတ် ၉၀ စီဖြင့် အဆင့် (၁)နေရာကို ပူးတွဲရရှိခဲ့သည်။
အဆိုးဆုံးသော ခြစားမှုများ၏ လျို့ဝှက်မှုကြောင့် TI သည် ခြစားမှု အညွှန်းကိန်းကို တွက်ချက်ရာတွင် ပကတိအနေအထားထက် သိမြင်လက်ခံမှုကို တိုင်းတာခဲ့သည်။
Ref:myanmar1

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!