Popular Posts!

Tuesday, February 19, 2013

ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့်သုံးစွဲမည်

2013-02-18 @RFA
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံတွေ အတွက် အရင်နှစ်ကထက် (၁၄) ဆ အထိတိုးပြီး ကျပ်ငွေ ဘီလီယံ (၅၀) အထိ ဆေးဝါးပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရင်း ပြောခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက နိုင်ငံတော်က ကျန်းမာရေးအတွက် ဘတ်ဂျက်ကို အတိုင်းအတာတစ်ခုအထိ တိုးပေးထားပေမယ့် အစိုးရဆေးရုံတွေမှာ ဆေးဝါးလုံလောက်မှုမရှိတာတွေကို တွေ့ရှိနေရတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်မှုတွေကို မေးမြန်းခဲ့တာပါ။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာတော့ ဆေးဝါးပစ္စည်းဝယ်ယူဖို့အတွက် (၃.၅) ဘီလီယံ အသုံးပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
 

ဆေးတွေ ၁၄ ဆ ဖိုးလောက် ၀ယ်ဖို့ ဘတ်ဂျက်ရှိပေမယ့် ၀ယ်ယူရေး အခက်ကြုံ

February 19, 2013 by ဒီဗွီဘီ  
 
လာမယ့် ၂၀၁၃-၁၄ ကျန်းမာရေးဘတ်ဂျက်ကို အရင်နှစ်ကထက် ၄ ဆ တိုး ချပေးတဲ့အတွက် ပြည်သူ့ ဆေးရုံ တွေ အတွက် ဆေးဝယ်ယူရေးကိုလည်း ၁၄ ဆလောက် တိုးမြှင့် သတ်မှတ်ခဲ့ပေမယ့် ၀ယ် ယူရေး အခက်အခဲတွေ့နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
ဝန်ကြီးက ဆေးရုံတွေအတွက် ၂၀၁၁-၁၂ ဘတ်ဂျက်မှာ ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံဖိုး၊ ၂၀၁၂-၁၃ မှာ ၃ ဒသမ ၅ ဘီလီယံဖိုး ၀ယ်ယူခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်အတွက် ဘီလီယံ ၅၀ အထိ ၀ယ်ယူဖို့ သတ်မှတ်ခဲ့ တယ် လို့ ရှင်းပြပါတယ်။
ဒါပေမယ့် ဆေးရုံတွေဟာ နှစ် ၂၀ လောက် ဆေးထောက်ပံ့တာ မရှိတဲ့အတွက် ဘာဆေးတွေ လိုအပ်သလဲဆိုတဲ့ စာရင်းဇယား တိတိကျကျ မရှိတာ၊ ဘီလီယံ ၅၀ ဖိုးလောက် ဆေးတွေ သွင်းပေးနိုင်တဲ့ ဆေးကုမ္ပဏီ မြန်မာနိုင်ငံထဲမှာ မရှိတာ၊ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာကြည့်တော့ အနည်းဆုံး ၂ နှစ် ကြိုတင်ပြင်ဆင်ရတာ စတဲ့အချက်အလက်တွေကြောင့် အခက်အခဲ အများကြီးကြုံရတယ်လို့ အမတ်တွေကို ရှင်းပြပါတယ်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!