Popular Posts!

Wednesday, July 31, 2013

၂၀၁၃ခုနှစ်မှာ စင်္ကာပူမှာအလုပ်လက်မဲ့လေးတွေ တဖြေးဖြေးများပြားလာ!


စင်္ကာပူမှာ ၂၀၁၃ခုနှစ်မှာ အလုပ်လက်မဲ့တွေများလာပြီး အခုထိဝင်ငွေလစာနည်းတဲ့သူတွေများနေတုန်းပါဘဲ! လူနေမှုစရိတ်တွေသာတက်လာပြီး ၀င်ငွေလစာက တက် လာတာမဟုတ်ပါဘူး! ဒါကြောင့် ဒီမှာ Technicianပညာရှင်အဆင့်အလုပ်လွယ်တဲ့  Polytechnic ဒီပလိုမာ လောက်နှင့်ဘဲ ကျောင်းပြီးအောင် ကြိုးစားလာကျတာကို သတိထားတွေ့ရှိမိပါတယ်၊ ဒီအဆင့်က လစာ ဒေါ်လာ ၁၆၀၀-၂၅၀၀ထိဘဲ အများဆုံး ရဆတာပါ၊ ဒီမှာက NUS တက္ကသိုလ်ကျောင်းတက်တဲ့သူတွေ ရာခိုင်နှုန်း နှင့်
တွက်ကြည့်လိုက်ရင် အမိမြန်မာကထက် အလွန်နည်း လွန်းပါတယ်၊ ဒါကိုအမိရွှေလေးတွေက အခွင့်ကောင်း ယူတတ်ဖို့လိုပါတယ်နော်....
 
ဒါကြောင့် ရွှေလေးတွေ အမိပြည်ကဘွဲ့ရလေးတွေနှင့် နိုင်ငံတကာ အသိမှတ်ပြုလက်မှတ်လေးတွေရှိရင်လဲ ဒီက Technicianအဆင့်လောက်လစာဘဲရကျမှာပါဘဲလေ၊ နောက်ပြီးပြောနေကျတယ်အမိပြည်ကဘွဲ့တွေသုံးစားလို့ မရဘူးလို့ပြောတယ် ဒါမှားနေပါတယ်လို့ပြောချင်တာပါ၊ ပညာရေးအဆင့်နိမ့်တာဘဲရှိပါတယ်၊ နောက်ထပ် နိုင်ငံတကာက အသိမှတ်ပြု ဒီပလိုမာလေးတခုလောက် ကိုရအောင်ကြိုးစားပြီး ဒီကိုလာရင် ဒီမှာရှိတဲ့ သူတွေ ထက်သာပါတယ်လို့ပြောချင်ပါတယ် နောက်ပြီး  သူနေရာ နှင့်သူ  မိမိက နိုင်ငံခြားဘာသာ တမျိုး၊ နှစ်မျိုးကျွှမ်းကျင်စွာကောင်းမွန်စွာပြောတတ်ဖို့က မိမိရမဲ့ရာထူး၊နေရာ၊လစာတွေအတွက်အလွန်တရာအရေးကြီးပါတယ်လို့ ပြောချင်တာပါ၊ မမေ့ကျပါနှင့်ရွှေလေးတို့ရေ....
 
ဒီမှာNUS ဘွဲ့ရတွေကတော့ ဒေါ်လာ ၂၅၀၀-၄၀၀၀ လောက်ကရတာကိုး! ဒါက အုပ်စုတွေရဲ့မန်နေဂျာလေးတွေဖြစ်လာမဲ့ တကယ့်အရာရှိလေးတွေပါ၊  ဒီမှာ လစာကောင်းကောင်းရရင် ကောင်းကောင်း Presure များတဲ့ အစည်းအဝေးတွေမှာ နေ့တိုင်းတက်ရပြီး အပြောခံအဆိုခံပြီး မိမိအပေါ်ပစ်လွှတ်လိုက်တဲ့ ပစ်မှတ်တွေကိုလွှတ်အောင် ငြင်းခုန်နေရတာပါနော်! ကဲ!လိုချင်သေးလား  တယ၀န်ခံ Tream Leader နှင့် Manager နေရာလေးတွေပါ၊  တကယ်အဖြစ်ရပ်မှန်လေးပါ...အသိတွေထဲမှာရှိပါတယ် ဒီက NUS ကျောင်းပြီးလို့ မန်နေဂျာတက်လုပ်တာ ဒီလို ဒဏ်တွေမခံနိုင်လို့ ရိုးရိုး အင်ဂျင်နီယာဘဲလုပ်ချင်ပါသတဲ့ဗျာ! အခုတော့ နေရာကောင်းကောင်းလေးမှာ အသားကျသွားပါပြီ....ဒီမှာ ပြောချင်တာက လစာများများလိုချင်ရင် ဒီလိုဒဏ်ခံနိုင်လား အရင်စဉ်းစားပါနော်...လစာကတော့ အဆပေါင်းများစွာကွာပါတယ်....
ဒါကပြောစရာမလိုတဲ့စကာင်္ပူတွေရဲ့စီးပွားရေးအခြအနေ ကိုဖော်ပြနေတာပါဘဲ! ကျွှန်တော်အလုပ်နှင့် ဆက်စပ် နေတဲ့တခြားကုမ္ပဏီတွေမှာအရင်နှစ်တွေမှာ ရွှေမြန်မာ အင်ဂျင်နီယာ လေးတွေ အများကြီးပါဘဲ!
အခုမတွေ့ရသလောက်ပါဘဲ၊ ဒီမှာက အားလုံးလိုလို Project Tream တွေနှင့် ၄ှနှစ် တကြိမ်လေလံဆွဲကျရပြီး Contract စနစ်တွေနှင့်လုပ်လေ့ရှိသကိုး! ဆိုလိုတာက ကုမ္ပဏီတွေကန်ထရိုတ် ဆက်မရရင်အလုပ်ပြုတ်ပြီပေါ့၊
 
 
MOM released the Employment Situation, Second Quarter 2013 report today. Unemployment edged up, though it was still low and employment creation remained high. Layoffs have increased and there may be more workers affected, as we restructure our economy. But, we will continue to help jobseekers find employment quickly. Read more in the Employment Situation, Second Quarter 2013 report here:

statistical standards recommended by the International Labour Organisation.

Labour Market Statistical Information..





ဒီမှာ မိမိနေထိုင်ရာအရပ်တွေရဲ့ စရိတ်တွေကို တွက်ချက်ကြည့်လို့ရပါတယ်...
Cost of living in Singapore..http://www.numbeo.com/cost-of-living/city_result.jsp?country=Singapore&city=Singapore

 
 

Do you live in Singapore? We need your help: Add data for Singapore!
 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!