Popular Posts!

Tuesday, December 10, 2013

ပဲပြုတ်နှင့်ကျန်းမာရေး!

အိမ်လုပ် ပဲပြုတ်

စကာင်္ကူမှာ အနေကြာလာတော့ အမိမြန်မာပြည်က ပဲပြုတ်လေးကိုစားချင်တော့ အိမ်လုပ် ပဲပြုတ်လုပ်ပုံ အဆင့်ဆင့်ကို http://www.wutyeefoodhouse.com/?p=2269%2F မှာကြည့်ပြီး တင်ပေးလိုက်တာပါ....

ပဲပြုတ်ကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အမြဲစားလေ့ရှိပါတယ်။



ပဲပြုတ်ကို လွမ်းတဲ့နိုင်ငံခြား ရောက် မြန်မာတွေအလွယ် တကူ လုပ်စား နိုင်အောင် ချက်နည်းလေးကို ဝေမျှ ပေးလိုက်ပါတယ်။ ဒီချက်နည်းကိုဝတ်ရည် ဟင်းချက် မိတ်ဆွေ မအိသက်ဆီကရရှိတာပါ ချက်နည်းလေးကို ကြည့်ကြည့်ရအောင်….......

တခြားပဲပြုတ်တွေက ညစ်ပုပ်ပုပ်နဲ့.....မန္တလေးပဲပြုတ်ကလေးကတော့ ၀ါလို့ ၀င်းလို့.....

မန္တလေးမှာ အရင်ကတော့ စားတော်ပဲထဲမှာ အချိုဆုံး အမျိုးဖြစ်တဲ့ ရွှေဘိုစားတော်ပဲကိုပဲပြုတ်သည်တွေ က ရွေးဝယ်ပြီး ပြုတ်ကြတယ်။ တခြား အရပ်က ပဲကို မန္တလေးပဲပြုတ်သည်က မကြိုက်ဘူး။ 
စားတော်ပဲ Yellow/Green Pea က ရွှေဘိုနယ်က ထွက်တာကို ရွှေဘိုစားတော် ခေါ်တယ်။ အနက်ပြောက်ကလေး သေးသေးကလေးတပြောက် အညှောင့်ပေါက်မယ့် အနားမှာ ပါတယ်။ အလုံးသေးတယ်။ ကျွန်းစားတော်လို့ခေါ်တဲ့ စားတော်ပဲက အလုံးမှာ ရွှေဘိုပဲထက် ကြီးတယ်။ ထီးချိုင့်တို့၊ ကောလင်းတို့ ဘက်က ထွက်တာ ဖြစ်ပါတယ်။ 
စားတော်ပဲမှာ အလုံးအကြီးဆုံးကတော့ မထုစားတော်လို့ ခေါ်တဲ့ ချင်းတွင်း အလယ်ပိုင်းက ထွက်တဲ့ စားတော်ပဲပါဘဲ။ ကလေးဝ၊ ကလေးမြို့၊ မစိန်မထု အဲဒီဘက်က ထွက်တာပါ။ သူက အလုံးကြီးပြီး ချိုရာမှာ ရွှေဘိုပဲကို မမီပါဘူး။ 



ပါဝင်ပစ္စည်းများ

-စားတော်ပဲ  500 g ( green pea, yellow pea, marrow pea)





၁။ စားတော်ပဲ(Garden Peagreen pea, yellow pea, marrow  pea)– ၅၀၀ ဂရမ် 
(Martket၊ အိန္ဒိယ ကုန်စုံဆိုင်များမှာ ၀ယ်ယူနိုင်ပါသည်။) မှတ်ချက်။ ။ စားတော်ပဲ ရှာမတွေ့ပါက  Yellow Pea ကို အစားထိုးဝယ်ယူနိုင်ပါသည်။ တချို့က ပဲပုတ်ပဲ White Bean သုံးတယ်လို့သိရတယ်...

၂။ ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်

၃။ ထန်းညက် – ကြီးလျှင် ၂ခဲ၊ သေးလျှင် ၄ခဲ

ချက်ပြုတ်နည်း



၁။ အရင်ဆုံး စားတော်ပဲကို ဇလုံတစ်ခုထည့်ပြီ ရေများများထည့်၍ ရေ၀အောင်၂၄နာရီ ရေစိမ်ထားပေးပါ။
၂။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း ရေစိမ်ထားသော စားတော်ပဲများကိုအပေါက်ပါသော ဇကာဗန်းထဲ ထည့်ပြီ ရေစစ်လိုက်ပါ။






၃။ ပြီနောက် အညောင့်ထွက်အောင် နောက် ၂၄နာရီခန့်ထပ်ထားပေးပါ။ ၄နာရီခြားတခါရေအနည်းငယ် တောက်ပေးပါ။ အပေါ်မှ အ၀တ်သန့်လေးဖြင့် အုပ်ထားလိုက်ပါ။
၎။ အညောင့်ထွက်လာပြီဆိုလျှင် ဇလုံတစ်ခုထဲ ပဲများကို ထည့်လိုက်ပါ။
(နောက်ပြီး ပဲရဲ့သဘောက ရေစိမ်တဲ့အခါ ပွရုံမစိမ်ဘဲ အညှောင့်ပေါက်အောင် ပေါက်တဲ့အညှောင့်လေး ရှည်လာတဲ့အထိ ထားပြီးမှ ပြုတ်ရင် ပိုချိုပါတယ်။ ပဲအညှောက် မပေါက်ခင် ပြုတ်ရင် အချိုနည်းပါတယ်။


၅။ ပြီမှ ပဲထဲသို့ ဆားဆိုဒါ(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေပြီ မပြုတ်ခင်နာရီဝက်ခန့် နုပ်ထားပေးပါ။

၆။ ပဲကို စပြုတ်လို့ရပါပြီ။ ပဲမြုပ်ရုံ ရေကို ထည့်ပြီ မီးအနည်းငယ်ဖြင့်ရေခမ်း အောင် အထိ (၁နာရီ ၄၅မိနစ် မှ ၂နာရီခန့်) တည်ထားပေးပါ။ တည်ထားစဉ် အဖုံးအုပ်ထားပေးပါ။
(ပဲပြုတ်တဲ့ နေရာမှာလည်း အိုးနဲ့ ပဲနဲ့ အလောတော် ထည့်ပြုတ်မှ။ အိုးချောင်နေရင် အခွံ ကျွတ်တယ်။ ရေကို လိုသလို လိုက်ပေးရတယ်)



ရ။ စတည်သည်နှင့် ထန်းညက်ခဲလေးများပါ တခါထဲ ထည့်ပေးပါ။ ထန်းညက်ရည် ကြောင့် ပဲများ ၀ါရာက ညှိပြီ ချိုစိမ့်ပြီ စားလို့ ပိုကောင်းပါသည်။ (ဆားလုံးဝမထည့်ပါနှင့်၊ ပြုတ်ပြီမှ ထည့်ချင်ထည့်ပါ)
၈။ ပြုတ်ပြီ ၄၅မိနစ်ခန့် ကြာလျှင် ပဲပြုတ်အခွံလေးများ ကျွတ်ပြီ အပေါ်သို့ တက်လာပါ လိမ့်မည်။ ထိုအခွံလေးများ ဇွန်းဖြင့် အသာလေး ဖယ်ပေးလိုက်ပါ။
၉။ ရေခမ်းသွားလျှင်ပဲပြုတ်အိအိလေး ရရှိပါပြီ။ ထမင်းပူပူလေးနှင့် ကြိုက်နှစ်သက်သလိုသုံးဆောင် နိုင်ပါပြီ….










ပါဝင်ပစ္စည်းများ

၁။ စားတော်ပဲ green pea, yellow pea, marrow pea) – ၅၀၀ ဂရမ် (Martket၊ အိန္ဒိယ ကုန်စုံဆိုင်များမှာ ၀ယ်ယူနိုင်ပါသည်။) မှတ်ချက်။ ။ စားတော်ပဲ ရှာမတွေ့ပါက Yellow pea ကို အစားထိုး ၀ယ်ယူ နိုင်ပါသည်။

၂။ ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်

၃။ ထန်းညက် – ကြီးလျှင် ၂ခဲ၊ သေးလျှင် ၄ခဲ

ချက်ပြုတ်နည်း


၁။ အရင်ဆုံး စားတော်ပဲကို ဇလုံတစ်ခုထည့်ပြီ ရေများများထည့်၍ ရေ၀အောင်၂၄နာရီ ရေစိမ်ထားပေးပါ။

၂။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း ရေစိမ်ထားသော စားတော်ပဲများကို
အပေါက်ပါသော ဇကာဗန်းထဲ ထည့်ပြီ ရေစစ်လိုက်ပါ။

၃။ ပြီနောက် အညောင့်ထွက်အောင် နောက် ၂၄နာရီခန့်ထပ်ထားပေးပါ။ ၄နာရီခြားတခါရေအနည်းငယ်  တောက်ပေးပါ။ အပေါ်မှ အ၀တ်သန့်လေးဖြင့် အုပ်ထားလိုက်ပါ။

၎။ အညောင့်ထွက်လာပြီဆိုလျှင် ဇလုံတစ်ခုထဲ ပဲများကို ထည့်လိုက်ပါ။

၅။ ပြီမှ ပဲထဲသို့ ဆားဆိုဒါ(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေပြီ မပြုတ်ခင်
နာရီဝက်ခန့် နုပ်ထားပေးပါ။

၆။ ပဲကို စပြုတ်လို့ရပါပြီ။ ပဲမြုပ်ရုံ ရေကို ထည့်ပြီ မီးအနည်းငယ်ဖြင့်
ရေခမ်းအောင် အထိ (၁နာရီ ၄၅မိနစ် မှ ၂နာရီခန့်) တည်ထားပေးပါ။ တည်ထားစဉ် အဖုံးအုပ်ထားပေးပါ။

ပဲဆီ၊သံလွင်ဆီ (Olive Oil)၊ အခြားစားသုံးဆီ တမျိုးမျိုး ဟင်းချိုသောက်ဇွန်း ၂ ဇွန်း ၃ဇွန်းလောက် အပေါ်ကဆမ်းပြီး ခလုတ်နှိပ် ချက်လိုက်ပေတော့..။ မှတ်ချက် ။ ။ ဆီထည့်ရင် ရေဆူတဲ့အခါ မဝေကျစေဘူး။ ဒါကြောင့် ဆီထည့်ဖို့ လုံးဝမမေ့ပါနဲ့။)

ရ။ စတည်သည်နှင့် ထန်းညက်ခဲလေးများပါ တခါထဲ ထည့်ပေးပါ။ ထန်းညက်ရည် ကြောင့် ပဲများ
ဝါရာက ညှိပြီ ချိုစိမ့်ပြီ စားလို့ ပိုကောင်းပါသည်။ (ဆားလုံးဝမထည့်ပါနှင့်၊ ပြုတ်ပြီမှ ထည့်ချင်ထည့်ပါ)

၈။ ပြုတ်ပြီ ၄၅မိနစ်ခန့် ကြာလျှင် ပဲပြုတ်အခွံလေးများ ကျွတ်ပြီ အပေါ်သို့ တက်လာပါ လိမ့်မည်။ ထိုအခွံလေးများ ဇွန်းဖြင့် အသာလေး ဖယ်ပေးလိုက်ပါ။

၉။ ရေခမ်းသွားလျှင် ပဲပြုတ်အိအိလေး ရရှိပါပြီ။ ထမင်းပူပူလေးနှင့် ကြိုက်နှစ်သက်သလိုသုံးဆောင် နိုင်ပါပြီ….
---------------------------------------------
Wutyee Food House
— with Min Min A



ဗဟုသုတအဖြစ်  ပဲပြုတ်လုပ်နည်းတွေကို ပဲ အမျိုးမျိုးနှင့် ပြုတ်နေကတော့ ပဲပြုတ်လုပ်တဲ့ ပဲအမည်လေးတွေကို ထည့်ပေးလိုက်ပါတယ်...မသိသေးတဲ့သူများအတွက်ပါ....




ပဲအမည်များ (Peas,Beans,lentils)


-ကုလားပဲ = Chick pea , Gram pea
-စားတော်ပဲ = Green pea, Marrow pea,Yellow pea
-ပဲစင်းငုံ = Pigeon pea
-ပဲလွမ်း = Cow pea
-ရွှေပဲသီး = Snow pea
-ပဲကြီး = lablab pea
-ပဲကျား = Lima bean
-ပဲတောင့်ရှည် = long bean, String bean
-ပဲထောပတ် = Butter Bean
-ပဲပုဇွန် =Cluster bean
-ဘိုစားပဲ = Kidney bean
-မတ်ပဲ = Mung bean
-ပဲနီလေး = Red lentil
-ပဲကတ္တီပါ = Dolichos lablab
-ပဲတီစိမ်း = Green gram
-ပဲပိစပ် = Horse gram
-မြေပဲ = Ground nut, Monkey nut

PEAS

Diefenbaker Seed Processors Ltd. processes and exports high quality peas including Whole Green Peas, Whole Yellow Peas, Split Green Peas, and Split Yellow Peas. 

Whole Green Peas

Whole Green Peas   (Pisum sativum)

Also know as: Matar, or Green Vatana.
Whole Green Peas are part of the legume family. Whole Peas are about 1/4 of an inch around and pale green in color. Whole Dried Peas have a history going back some 10,000 years. Originally from the Middle East, Peas soon spread throughout the Mediterranean region and on to India and China. The cultivation of Peas in Europe helped to stave off a famine in England in 1555. Peas are most commonly used in their split form. Whole Green Peas are an acceptable substitute for fresh peas. Today, Canada is the world's largest exporter.


Whole Yellow Peas

Whole Yellow Peas   (Pisum sativum)

Also know as: Matar, or White Vatana.
Whole Yellow Peas are part of the legume family. Whole Peas are about 1/4 of an inch wide and pale yellow in color. Whole Dried Peas have a history going back some 10,000 years. Originally from the Middle East, Peas soon spread throughout the Mediterranean region and on to India and China. The cultivation of Peas in Europe helped to stave off a famine in England in 1555. Peas are most commonly used in their split form. Today, Canada is the world's largest exporter.


Split Yellow Peas

Split Yellow Peas   (Pisum sativum)

Also know as: Arveja, Matar Dahl, or Gram Dahl.
Yellow Split Peas are part of the legume family. Split Peas are husked (or dehulled) and split in half. The Yellow Split Pea is about 1/4 of an inch wide and pale yellow in color. Split Peas have a mild flavor and soft texture. The Split Pea has more of an earthy flavor than the whole dried pea. Split Peas have a very ancient history and were domesticated before 6000 B.C. in the ancient near east. From here they spread across Asia, through China and also through the Mediterranean region. Both Greek and Roman civilizations relied on dried peas as an important ingredient in their diets. Peas began to be split during the time of ancient Egypt.


Split Green Peas

Split Green Peas   (Pisum sativum)

Green Split Peas are part of the legume family. Split Peas are husked (or dehulled) and split in half. The Green Split Pea is about 1/4 of an inch wide and pale green in color. Split Peas have a mild flavor and soft texture. The Split Pea has more of an earthy flavor than the whole dried pea, similar to the lentil in versatility and nourishment.

See also


*** ပဲပြုတ်နှင့်ကျန်းမာရေး ***

*******************
ကျွန်မတို့ မြန်မာပြည်တွင် ခေတ်ရေစီးကြောင်းအလိုက်၊ နေထိုင်မှုစံနစ်ပြောင်းလဲလာသည်နှင့်အမျှ၊ အစားအသောက်ပုံစံလည်း ပြောင်းလဲ လို့ လာနေပါပြီ။ မည်သို့ ပင် ပြောင်းလဲစေကာမူ၊ မပြောင်းလဲတာ တစ်ခုကတော့ ပဲပြုတ်စားသုံးသောယဉ်ကျေးမှုလေးပါ။ ဘိုးဘွားဘီဘင် လက်ထက်မှစ၍ ယနေ့ ထက်တိုင် မြန်မာနိုင်ငံ၏ မြို့ ရွာတိုင်းဒေသအသီးသီးမှာ “ဟောဒီက ပဲပြုတ်” ဆိုသော နံက်ချိန်ခါ တေးသံသာကို ကြားရစမြဲပါ။ ပဲပြုတ်ကို လွယ်လွယ်ကူကူ ထမင်းပူပူမှာဆီဆမ်းဆားဖြူး၍လည်းကောင်း၊ ထမင်းကြော်အဖြစ်တစ်ဖုံ၊ နံပြား/အီကြာကွေး ဖြင့်တွဲဖက်ကာ နံက်စာအဆာပြေအဖြစ် လူကြီး/လူငယ်မရွေး၊ လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး ခုံခုံမင်မင်စားသုံးနေကြတာပါ။ ဒါတင်မကသေးပါဘူး။ ပဲပြုတ်သုပ်၊ ပဲပြုတ်ကြော်ဟင်းလျာများအဖြစ်စားသုံးနိုင်သလို၊ ပဲပြုတ်ကိုမျှစ်ဖြင့်ရောကြော်ကာ၊ အရသာရှိရှိ စားသုံးလေ့ရှိကြ၏။ ထို့  ပြင် မြန်မာ့ရိုးရာ မုန့် ပဲသွားရည်စာများဖြစ်ကြသော၊ ရေမုန့် /မုန့် လင်မယား/ကောက်ညှင်းပေါင်း/လမ်းသရဲမုန့်  တို့ မှာလည်း ပဲပြုတ်ပါမှ ပြီးပြည့်စုံမှာပါ။


“ပဲပြုတ်” ဆိုသည်မှာ စားတော်ပဲကိုအညှောင့်ထွက်စေကာ၊ ပဲပွလာအောင်ဆော်ဒါဖေါက်ပေးပြီး၊ အရသာနှင့်အရောင်တို့ အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံပြုတ်ထားခြင်းပါ။ မိမိပတ်ဝန်းကျင်မှာ စားတော်ပဲပြုတ်ကို နေ့ တဓူဝမြင်တွေ့ နေကြရသော်လဲ၊ ကျန်းမာရေး အတွက် မည်မျှထိအရေးပါကြောင်းကိုတော့ သတိထားမိကြမည်မထင်ပါ။ ဆေးသိပ္ပံနည်းအရဓာတ်ခွဲစမ်းသပ်ကြည့်ရာ စားတော်ပဲပြုတ်ထဲ တွင် လူသားတို့ ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော ဗီတာမင်မင်နှင့်သတ္တုဓာတ်တို့ အလုံအလောက်ပါရှိပြီး၊ ဘေးဖြစ်စေတတ် သော ကိုလက်စထရောလုံးဝမပါရှိသည့်အတွက် နေ့ စဉ်စားသုံးပေးသင့်သောအာဟာရဖြစ်ကြောင်း USDA (ခေါ်) အမျိုးသားအာဟာရပြု စစ်တမ်းများနှင့် WHFoods တို့ မှ အခိုင်အမာထောက်ခံထားကြပါသည်။



1. ပဲပြုတ်ထဲတွင် အဆီဓာတ် နှင့် ကယ်လိုရီပါဝင်မှု မရှိသလောက်လွန်စွာနည်းပါးသော်လည်း၊ အာဟာရဓာတ်ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်း သိမ်းလိုသူများ မှီဝဲစားသုံးသင့်ပါသည်။

2. ပဲပြုတ်ထဲတွင်ချေဖျက်လွယ်သောအမျှင်ဓာတ် အမြောက်အများပါရှိ၏။ ထိုအမျှင်ဓာတ်များသည် အစာခြေလမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ့ လျားစေသည့် အလိုအလျောက်ကြွက်သားလှုပ်ရှားမှုကိုအားပေသဖြင့် ၀မ်းမချုပ်စေပါဘူး။

3. စားတော်ပဲပြုတ်ထဲတွင် nicotinic အက်ဆစ် ပါရှိသဖြင့်၊ သွေးထဲရှိမကောင်းသော ကိုလက်စထရောကို လျော့ချပေးနိုင်၏။

4. စားတော်ပဲသည် သံဓာတ်အရင်းအမြစ်ဖြစ်ခြင်းကြောင့် သွေးနီဥဆဲလ်များကို ကောင်းစွာတည်ဆောက်စေကာ၊ သွေးအားနည်း ရောဂါ နှင့် အလွန်အမင်းမောပမ်းခြင်းတို့ မှ ကာကွယ်ပေးနိုင်ပြီး၊ ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားလာစေပါသည်။ ထို့ ပြင် အဆုတ်ထဲရှိ အောင်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ ပို ဆော့င်ပေး၏။

5. စားတော်ပဲထဲတွင် lutein နှင့် carotenoid တို့ ပါရှိသဖြင့်၊ ပဲပြုတ်ကို ပုံမှန်စားသုံးသောသူများသည် အသက်အရွယ်ကြီးရင့် လာခြင်းကြောင့် မျက်စေ့ရောဂါအမျိုးမျိုးနှင့် မျက်စေ့ရေတိမ်ရောဂါ ဖြစ်နိုင်ချေအလားအလာကို လျော့ချပေးနိုင်ကြောင်း နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါသည်။



6. စားတော်ပဲပြုတ် တစ်ခွက်စာပမာဏထဲတွင် ဗီတာမင်ကေ ၄၄% ပါရှိသည့်ပြင်၊ ဗီတာမင်ဘီလည်းပါရှိသဖြင့် အရိုးကိုကျန်းမာ သန်စွမ်းစေကာ၊ ဟိုမုန်းအပြောင်းအလဲကြောင့် အရိုးကြွတ်ဆတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်၏။ ထို့ ကြောင့် ကလေး/လူကြီး များသာမက၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်ပါသည်။



7. သွေးထဲရှိသကြားပမာဏကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သောခွန်အားများကို ထုတ်လုပ်ပေးခြင်း၊ ကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။



8. Free radicals များသည် ခန္ဓာကိုယ်ထဲရှိ သွေးကြောနံရံများကို အနည်ကျပိတ်ဆို့ စေကာ၊ သွေးကြောမများကို ပျက်စီးစေပြီး၊ အဆီပိတ်ရောဂါ၊ လေဖြတ်ခြင်း၊ အဆစ်ရောင်လေးဘက်နာရောဂါများကို ဖြစ်စေ၏။ စားတော်ပဲထဲတွင် ပါရှိသော Flavonoids နှင့် phytonutrients များသည် ဓာတ်တိုးဆန့် ကျင်ပစ္စည်းအဖြစ်စွမ်းဆောင်ပေးကာ၊ ထို Free radicals များကို တိုက်ထုတ် ပေးသဖြင့် အဆိုပါရောဂါများကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင် သစ်ပင်ထဲတွင် ရှားရှားပါးပါးတွေ့ ရသည့် lectins ဓာတ်ပါရှိသဖြင့်၊ သွေးနီဥဆဲလ်များပျော်ဝင်စေကာ၊ သွေးခဲခြင်းမှ ကာကွယ်ပေးပါသည်။



9. ဗီတာမင်ဘီဓာတ်ပေါင်းစုပါရှိကာ homocysteine ပမာဏကို လျော့ကျစေသဖြင့် နှလုံးရောဂါအမျိုးမျိုးကိုထိထိရောက်ရောက် ကာကွယ်ပေးသည့်အပြင် နှလုံးရောဂါနှင့်ပတ်သက်ဆက်စပ်လျက်ရှိသောလေဖြတ်ခြင်းတို့ ကိုလဲမဖြစ်စေပါ။ ထို့ ကြောင့် တစ်ပတ်လျှင် အနဲဆုံးတစ်ကြိမ် စားပေးသင့်ကြောင်း ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါသည်။



10. စားတော်ပဲထဲတွင် ဗီတာမင် အေ-ဘီ-စီ-အီး၊ omega-3 တို့ ပါရှိသည့်ပြင်၊ ဇင့်သတ္တုဓာတ်အလုံအလောက်ပါရှိ၏။ ထိုဓာတ်ပေါင်း စုများသည် လေပြွန်ဖောင်းပွသည့်ရောဂါ၊ မှက်ခရုရောဂါ၊ အယ်လ်ဇိုင်မား (ခေါ်) ဦးနှောက်အကြိုဇရာရောဂါ တို့ ကို ကာကွယ်ပေး နိုင်ပါသည်။



11. စားတော်ပဲပြုတ်ထဲတွင် glycemic ဓာတ်ပါဝင်မှုနဲပါးပြီး၊ သွေးထဲရှိ သကြားပမာဏကို ထိန်းပေးနိုင်ခြင်းကြောင့် ဆီးချိုရောဂါ သည်များအတွက် ပဲပြုတ်ဟာ အကောင်းဆုံးအဖော်မွန်ဖြစ်ပါသည်။



12. မက္ကစီကိုနိုင်ငံတွင် မကြာသေးခင်က လေ့လာစမ်းစစ်ချက်အရ၊ စားတော်ပဲထဲတွင် polyphenol ဓာတ်ပါရှိသဖြင့်၊ နေ့ စဉ် စားတော်ပဲပြုတ် ၂-မီလီဂရမ်မျှ စားပေးရုံဖြင့် အဆာအိမ်ကင်ဆာကို ကြိုတင်ကာကွယ်ပေးနိုင်ဟည်ဟု ဆိုရပါသည်။



13. မဂ္ဂနီစီယမ် သတ္တူဓာတ် ကြွယ်ဝစွာပါရှိ၍၊ သွေးတိုးရောဂါကိုမဖြစ်စေပါ။



14. ဖောလိပ်ဓာတ်အရင်းအမြစ်စုဝေးရာ စားတော်ပဲပြုတ်ကို ကိုယ်ဝန်ဆောင်မိခင်များစားပေးခြင်းဖြင့် မွေးဖွားလာသော ကလေးငယ် များတွင် မွေးရာပါ ဦးနှောက်နှင့်အာရုံကြောဝေဒနာများ ဖြစ်နိုင်ချေအလားအလာ နဲပါးစေပါသည်။



15. အမျိုးသမီးများ သွေးဆုံးကိုင်မဖြစ်စေပါ။



သတိပြုရန်။ စားတော်ပဲထဲတွင် သဘာဝအလျောက်ပါရှိသော purines ဓာတ်က ဂေါက်ရောဂါသမားများနှင့် ကျောက်ကပ်ဝေဒနာသည် များကို ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်၍၊ အထူးရှောင်ရှားသင့်ပါသည်။



++++++++++++++++++++++++++++++++++++++++

အာဟာရဓာတ် ကြွယ်ဝသော ပဲပြုတ် ကို ဈေးဈေးပေါပေါ နှင့် အလွယ်တကူရရှိနိုင်သဖြင့်၊ နိုင်ငံတိုင်းတွင် “a poor man’s meat (၀ါ) ဆင်းရဲချို့ တဲ့သူများအတွက် အသားဟင်းလျာ” ဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါသည်။ ဆေးသိပ္ပံပညာရှင်များကတော့ “powerfood” ဟု ခေါ်ကြ၏။ ထို့ ကြောင့် မိမိတို့ လက်တကမ်းတွင် အလွယ်တကူ ဈေျးနှုန်းချိုသာစွာ ရရှိနိုင်သော “စားတော်ပဲပြုတ်” လေးများကို နေ့ စဉ် သုံးအစားအစာအဖြစ် စားသုံးသင့်ပါကြောင်း။



ဘာသာပြန်သူ (ပေါက်ပေါက်)

ကိုးကား (World's Healthiest Food – Boiled Green Peas)

Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!