Popular Posts!

Tuesday, April 15, 2014

အမျိုးသမီးတွေ မတ်တတ် အပေါ့စွန့်နိုင်တဲ့ ကိရိယာ ပစ္စည်း

အမျိုးသမီးတွေ မတ်တတ် အပေါ့စွန့်နိုင်တဲ့ ကိရိယာ ပစ္စည်း

ကဲ...ဒီတစ်ခါတော့ shewee လို့ခေါ်တဲ့ အမျိုးသမီး မတ်တတ်ကြီး ဆီးသွားနိုင်တဲ့ အကူပစ္စည်း တစ်ခုအကြောင်း ဖောက်သည်ချ လိုပါ၏။
ဒီပစ္စည်းဟာ အမျိုးသမီးတွေ အပေါ့သွားလိုတဲ့အချိန်မှာ အသုံးပြုရတာဖြစ်ပါတယ်။ (ဟုတ်တာပေါ့ :D )
များသောအားဖြင့် အမျိုးသမီးတွေ အပေါ့သွားရင် ထိုင်ပြီး သွားတာများပါတယ်....
ထင်တာပြောကြည့်တာပါ။ :)
ဒီပစ္စည်းကတော့ မတ်တတ်ရပ်လျက် အသုံးပြုလို့ရပါတယ်။သယ်ရ ပြုရ လည်း လည်း လွယ်ကူပါတယ်။ တစ်ခါတစ်လေကျရင် အများသုံးအိမ်သာ (ဥပမာ- ဈေးအိမ်သာ) တစ်ချို့တွေဟာ ၀င်လိုက်ရင် အလွန်ညစ်ပတ် နေတာကို တွေ့နိုင်ပါတယ်။
တစ်ချို့တွေဆို အိမ်သာခွက်ထဲမှာ ရေတွေ ၊ မစင်တွေ ပြည့်ပြီး လျှံနေတတ်ပါတယ်။
အဲဒီအချိန်ကျရင် ထိုင်လျက်နဲ့ အပေါ့သွားဖို့ အင်မတန် ၀န်လေးဖို့ကောင်းပါတယ်။
ဒါပေမယ့် ဒီပစ္စည်းက မတ်တတ်ကြီး အပေါ့စွန့်ဖို့ အလွန်အသုံးဝင်ပါတယ်။
အပင်တွေကြားထဲမှာ တောထိုင်...အဲ....တောမတ်တတ် (only အပေါ့) သွားဖို့ အဆင်ပြေပါတယ်။
အကောင်ပလောင်တွေ (ကျွတ်၊မြွေ၊စသည်....) ရန်ရှာခြင်းမှ နည်းနည်းကာကွယ်နိုင်တာပေါ့နော် :D
Ref:multivitaminforall.blogs

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!