Popular Posts!

Thursday, April 10, 2014

တန်ဖိုးနည်းခရောင်းလမ်းပေါ်မှာလှိမ့်နေဆဲ အိမ်မပိုင်သောဂေါ်လီများ


”လာပြန်ပြီလား၊ ဒီတန်ဖိုးနည်း အိမ် ရာ၊ ဘယ်မှာလဲ တန်ဖိုးနည်း၊ တန်ဖိုးနည်း ဆိုတာ ဘာကိုပြောတာလဲ။ အခု ဂျာနယ် တို့ သတင်းစာတို့မှာ ဖတ်ရတာက သိန်း ၂ဝဝ လောက်ပေါက်နေတဲ့ တန်ဖိုးလား၊ မဝယ်နိုင်ပါဘူး”ဟုကြည့်မြင်တိုင်မှ အထည် ဆိုင်ဖွင့်ထားသော ဒေါ်စန်းရီက မာန် အပြည့်ဖြင့် ပြောသည်။နိုင်ငံတော်မှ အများပြည် သူများ ဈေးနှုန်းသက်သာစေ ရန် ရည်ရွယ်၍ အိမ်ရာစီမံကိန်းများဖြင့် အရစ်ကျရောင်း ချပေးရန် စီစဉ်နေသည့် စီမံကိန်းတစ်ခုနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က မှတ် ချက်ပြုနေသည်။ သို့သော် သူ့အတွက် တော့ အံ့သြဝမ်းသာသွားနိုင်မည့်သတင်း စကားတစ်ခု မဟုတ်ပေ။

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ကြီးကြပ်ဆောက်လုပ် နေသည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ရပ်ကွက်၊ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှ နေ အိမ်တိုက်ခန်းများ ရောင်းချ ရန်လျှောက်လွှာခေါ်ယူထားသည်။ လေးခန်း တွဲ ရှစ်ထပ်တိုက်ခန်း ၁၄ လုံးပါဝင်သည့် အိမ်ရာစီမံကိန်းနှင့် အဆိုပါ အိမ်ရာစီမံ ကိန်းကို အရစ်ကျစနစ်ဖြင့် ရောင်းပေးမည် ဟု အားပါးတရသတင်းပေးနေသည့် ခင် ပွန်းသည်၏စကားကိုဆုံးအောင်နားမထောင် ချင်တော့ပါဟု ဒေါ်စန်းရီက ပြောသည်။

အရင်တုန်းကတော့ တန်ဖိုးနည်း အိမ်ရာဆိုသည့် သတင်းကြားတိုင်း ဘယ် ဈေးလဲဘယ်တော့ရောင်းပေးမှာလဲ၊ ဘယ် မှာလဲ၊ စသည့်မေးခွန်းများဖြင့် မေးခွန်း များကို အငမ်းမရမေးရင်း အိမ်တစ်လုံးပိုင် ဆိုင်ချင်သည့် သူ၏ စိတ်ကူးတွေသည် အဖြေစကားများ ကြားလိုက်ရသည်နှင့် မိုက်မဲရူးသွပ်မိလေခြင်းလို့ နောင်တရမိ သည်မှာ အခါခါဟု သူက ဝန်ခံသည်။

ဟုတ်ပါသည် သူမ၏အမေးကို ပြန် လည်ဖြေကြားပေးသည့် စကားတိုင်းတွင် သိန်းတစ်ရာအောက် ရောက်သည်ဟူ၍ မရှိခဲ့။ သိန်းတစ်ရာဆိုသည့် စကားပင် မကြားခဲ့ဖူး။ သူမတို့မိသားစုသုံးယောက် ပေါင်းလခသည် သုံးသိန်းသာသာရှိပြီး ထို ဝင်ငွေထဲမှ အိမ်လခ၊ ရေဖိုး၊ မီတာခ စသည်တို့ကို အဓိကထားပြီး အခြားအသုံး စရိတ်များ ကို ခြစ်ခြစ်ကုတ်ကုတ်သုံးစွဲ၍ အိမ်ပိုင်လေးတစ်လုံး ဝယ်ရန်အတွက် ဆယ်စုနှစ်မက စုဆောင်းလာသည့် ငွေ ကြေးသည် ထိုတန်ဖိုးနည်း၊ တန်ဖိုးမျှတ စသည့် အိမ်ရာ များ ပေါ်ပေါက်လာသည့် တိုင် သူမ၏အိပ်မက်တွေ အကောင် အထည် မဖော်နိုင်သေး။

ယခုမြို့တော်စည်ပင်မှ ရောင်းချ ပေးသည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်း နှင့်ပတ်သက်၍ မြို့တော်စည်ပင်မှ အကြီး တန်းအရာရှိ တစ်ဦးက ရှင်းပြသည်မှာ ဗိုလ်ဗထူး အိမ်ရာအား ဘဏ်စနစ် သို့ မဟုတ် အရစ်ကျစနစ်ဟူ၍ စနစ်နှစ်မျိုး သတ်မှတ်ထားပြီး မိမိနှစ်သက်သည့် ပုံစံ ဖြင့် ဝယ်ယူနိုင်သည်ဟု ဆိုသည်။အဆိုပါ ဗိုလ်ဗထူး အိမ်ရာ၏ ဈေး နှုန်းများမှာ ပထမအမျိုးအစား Tyep A တွင် ၉၇၂ စတုရန်းပေရှိကာ ကျပ် ၃၄၇ သိန်း၊Tyep B တွင် ၈၇၇ စတုရန်းပေ ရှိကာ ကျပ် ၃၂၉ သိန်းသတ် မှတ်ထား သည်။ ဒုတိယအမျိုးအစား Tyep A တွင် ၆၁၄ စတုရန်းပေရှိပြီး ကျပ် ၂၅၅ သိန်း၊ Tyep B သည် ၅၆၅ စတုရန်းပေရှိပြီး ကျပ် ၂၃၇ သိန်းရှိသည်ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

”အဲလိုဈေးတွေက များလို့ တော်တန်ရုံ ငါတို့တွေတောင် မဝယ်နိုင်ဘူး။ ဒါမို့လို့ မိသားစုတစ်လဝင်ငွေ သုံးသိန်းကနေငါးသိန်းရှိရမယ်လို့ ပြောထားတာ။ ဒါပေမဲ့ ဒီလိုဝင်ငွေ တကယ်ရှိတယ်ဆို ရင်တောင် ထမင်းမစားဘဲဝယ်မှရမှာ”ဟု ၎င်းက မှတ်ချက်ပြုသည်။

ယင်းသို့ တန်ဖိုးမျှတ၊ တန်ဖိုးနည်း စသည့် ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အ သင်းမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က တန်ဖိုးမျှ တအိမ် ရာသည် ကျပ်သိန်းနှစ် ရာသုံးရာစသည်ဖြင့်သတ်မှတ်၍ရနိုင်သော် လည်း အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ရာ၏ ဈေးသတ်မှတ် ချက်သည် ကျပ်သိန်း ၁ဝဝ အောက်တွင် သာ ရှိသင့်သည်ဟု ဆို၏။

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆို သည်နှင့် ရန်ကုန်မြို့တွင် အခြေချနေထိုင် နိုင်ရန်အတွက် စိတ်ဝင်စားသူများက ဒုနဲ့ ဒေး။ စီးပွားရေး အချက်အချာကျသည့် ဤမြို့တော် တွင် နေစရာတစ်နေရာစာကို လက်လုပ်လက်စား ဝန်ထမ်းများအနေဖြင့် အိမ်ငှားဘဝ၊ အဆောင်ငှားနေရသည့်ဘဝ စသည့်ဘဝများထဲမှလွတ်မြောက်ရန် အိမ် ပိုင်တစ်ခုမျှော်မှန်းကြသည့်ပြည်သူအများ အပြား။

ယင်းကဲ့သို့ မျှော်မှန်းနေသည့် ကို ဇော်ဝင်းနိုင်ကလည်း ”သာမန်လူတန်း စားအတွက် တန်ဖိုးနည်းအိမ်ရာဆိုတဲ့ သတင်းက ကြားမိရုံလောက်ပဲ ရှိမယ်။ တော်ရုံတန်ရုံ လက်လှမ်းမမီလောက်ဘူး။ ကျွန်တော်တို့အနေနဲ့ လက်ရှိအကောင် အထည်ဖော်တဲ့ အနေအထားမှာတောင် မမီနိုင်သေးဘူး”ဟု ဒေါပုံမြို့နယ်တွင် နေ ထိုင်သူ ကိုဇော်ဝင်းနိုင်က ဆိုသည်။

နိုင်ငံတော်မှ စီမံချက်ဖြင့် လုပ် ဆောင်ပေးနေသော စီမံကိန်းများအ တွက် အိမ်ပိုင်တစ်ခုရလိုသည့် ပြည်သူ များ အမှန်တကယ်ပိုင်ဆိုင်သည်က မေး ခွန်းများသာ။ စီမံချက် တွင် တစ်လဝင်ငွေ သုံးသိန်းမှ ငါးသိန်းဝန်းကျင် ရှိရမည်ဆို သည့်အနေအထားမှာဘယ်လိုမှ မဖြစ်နိုင် သည့် အခြေအနေတစ်ခုပင် ဖြစ်သည်။

ယခု ဗိုလ်ဗထူးတွင်တော့ သိန်းနှစ် ရာအထက်ဈေးရှိနေသော်လည်း အဆို ပါအိမ်ရာဝယ်ယူရန်အတွက် လျှောက် လွှာတင်သူမှာ တစ်သောင်းပင်ကျော်နေ ပြီဖြစ်သည်။ ယင်းသို့လျှောက်လွှာအလု အယက်တင်နေသူများတွင် အကောင် အ ထည်မဖော်သေးသည့်စီမံကိန်းအတွက် ရွှေရောင်စိတ်ကူးကိုယ်စီ ရှိနေကြသည် ဟု မြို့တော် စည် ပင်မှ အကြီးတန်းအရာရှိ တစ်ဦးက သူ၏အမြင်ကို ပြောပါသည်။

”ခက်တာက လူတွေက အစိုးရက ရောင်းရင်ဈေးသက်သာတယ်။ပြန်ရောင်း ရင်မြတ်မယ်များထင်နေတဲ့ သဘောလား တော့မသိဘူး”ဟု ၎င်းက ပြောသည်။

မြို့တော်စည်ပင်မှ ဗိုလ်ဗထူးအိမ်ရာ နှင့်ပတ်သက်၍ စည်းကမ်းချက်များတွင် တိုက်ခန်း ဝယ်ယူထားသူတို့ ကိုယ်တိုင် နေထိုင်ရမည်။ငှားရမ်းခြင်း၊ တစ်ဆင့် လွှဲ ပြောင်း ရောင်းချခြင်းလုံးဝ မပြုလုပ်ရန်၊ အခါ အားလျော်စွာစစ်ဆေးတွေ့ ရှိပါက တိုက်ခန်းအား ဌာနမှ ပြန်လည်ယူမည် ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းစည်း မျဉ်း စည်းကမ်းအရပါ အရေးယူဆောင် ရွက်သွားမည်ဟု ပါရှိသော်လည်း လက်ရှိ ဝယ်ယူရန် လာရောက်လျှောက်ထားသူ များသည် တစ်ဆင့်ပြန်လည် ရောင်းချ ရန်ကိုရှေးရှု၍ လာရောက်လျှောက်ထား သူများကြောင်း မြို့တော်စည်ပင်မှ သိရ သည်။

တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ နှင့်ပတ်သက်၍ မြို့တော်စည်ပင်မှ အကြီး တန်းအရာရှိတစ်ဦးက ”မြို့တော်ဝန်က အိမ်ရာစီမံကိန်းတွေသည် နေစရာမရှိတဲ့ သူတွေ ဝယ်နိုင်အောင် ဆောင်ရွက်ပေးနေ တာကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ဆင်းရဲသားတွေ မဝယ်နိုင်ဘူး”ဟု သူ၏အမြင်ကို ဆိုသည်။ ထိုအိမ်ရာစီမံကိန်းများသည် ကား ပါကင်၊ ဓာတ်လှေကား စသည်များကို ထည့်ဆောက်ရန် စီစဉ်ခြင်းသည် စရိတ် ပို၍ တက်ကာ အိမ်ရာဈေးနှုန်း မြင့်စေရန် အကြောင်းများဖြစ်ပြီး နေစရာမရှိ၍ တန် ဖိုးနည်းအိမ်ရာများကို မျှော်လင့်ထားသူ များအဖို့ အဆိုပါ အချက်များထက် တကယ် တမ်းတန်ဖိုးနည်းရန်သာလိုသည်ဟု ဆိုသည်။

ယင်းသို့ ပြည်သူများ မျှော်လင့်နေ သော တန်ဖိုးနည်းအိမ်ရာများနှင့် ပတ် သက်၍ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး က မှတ် ချက်ပေး သည် မှာ ပြည် တွင်း၌ ရောင်းချနေသော တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ၏ဈေးနှုန်းများသည် သာမန် တိုက်ခန်းများနှင့်ယှဉ်မည်ဆိုပါက ၎င်းတို့၏ တစ်ပေပတ် လည် ဈေးနှုန်း များသည် များသည်ဟုယူဆ၍ရနိုင်ကြောင်း၊ ထို့ပြင် ရောင်းချမှုစနစ်မှာလည်း ပြည်ပနိုင်ငံများ ကဲ့သို့ စနစ်တကျဖြစ်သင့်သည်ဟု ဆိုပါသည်။

”အများကြီးတော့ မဝေဖန်ချင်ပါ ဘူး။ စင်ကာပူတို့ဘာတို့မှာဆိုအဆောက် အအုံဆောက်ပြီးပြီ။ အဲဒီမှာ အရစ်ကျ သွင်းပြီးတော့ လူကတက်နေလို့ရတယ်။ အဲဒီတော့ ငှားရမ်းခက သက်သာသွား တယ်။ တကယ်နေချင်တဲ့သူ တကယ်နေ စရာမရှိတဲ့ အခက်အခဲ ရှိတဲ့သူတွေ ငှား ရမ်းခပေးမယ့်အစား အရစ်ကျပေးသွင်း သွားရတဲ့ ကာလ တစ်ခုလောက်ကြာရင် ဒီတိုက်ခန်းကိုပိုင်သွားတာပေါ့”ဟု ၎င်းက ပြောသည်။ ထို့အပြင် ပြည်တွင်း၌ ရောင်းချ ပေးနေသောပုံစံမှာ အဆောက်အအုံ မစ တင်မီက ပင် ငွေ သွင်းနေရသောကြောင့် စနစ်ပိုင်းတွင် လွဲနေသည်ဟု ထပ်မံသုံး သပ်ပြသည်။

ယခင်အစိုးရလက်ထက်က မြန်မာ နိုင်ငံတွင်တဲပေါ်မှ တိုက်ပေါ်သို့ စီမံကိန်း ၇ ခု အကောင်အထည်ဖော်ပေးခဲ့ပြီး အဆိုပါ စီမံကိန်းမှာလည်း ကန်ထရိုက် ယူ၍ ဆော က်လုပ်ပေးသူများ၏ စနစ် တကျဆောက်လုပ်ပေးမှုမရှိခြင်း၊ မူလ မြေပိုင်ရှင်များကလည်း နေရာဖယ်ပေး ရာတွင် ပြဿနာများရှိခဲ့သည့်အတွက် အင်အား သုံးဖြေရှင်းရခြင်း စသည့် အား နည်းချက်များကြောင့် တဲတိုက်စီမံကိန်း မှာ ရည်ရွယ်ချက်ကောင်းမွန်ခဲ့သော် လည်း ပီပြင်စွာအသက်ဝင်မှုမရှိခဲ့ပေ။

”အခုအနေအထားမှာတော့ တဲ တိုက်စီမံကိန်းတွေလုပ်ဖို့ဆိုတာ မဖြစ် နိုင်တော့ဘူး။ အစိုးရက မြေသိမ်း တာ တောင်ြ ပဿနာတွေဖြစ်နေတာ။ ဒီ တော့ စည်ပင် ပိုင်မြေမှာပဲလုပ်ရ တယ်”ဟု မြို့တော်စည်ပင်မှ အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။ ၎င်းကပင် ဆက်လက်၍အကောင် အထည်ဖော်မည့် ဗိုလ်ဗထူးအိမ်ရာသည် လည်း စီမံကိန်းအတွက် လုံလောက် သော ဘတ်ဂျက်မရှိသည့်အတွက် ကန်ထရိုက် ပေးကာ ဆောက်ရခြင်းဖြစ် ပြီး ဗိုလ်ဗထူးမှပေါ် ထွက်လာမည့်အခန်း ၄၄၈ ခန်းကို ကန်ထ ရိုက်မှသာ ရောင်း ချပေးမည်ဟု ပြောသည်။ ထိုအိမ်ရာ အတွက် မြို့တော်စည်ပင်မှ အကျိုး အမြတ်တစ်စုံ တစ်ရာရယူထားခြင်း မရှိဘဲ အခန်းရောင်း ချပေးပြီးမှ သာလျှင် အခန်းဝယ်ယူထားသူများထံမှ မြေငှား ရမ်းခအဖြစ် တစ်လလျှင် ကျပ်နှစ်ရာခန့် သာကောက်ယူသွားမည်ဟု ပြောသည်။

တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာစသဖြင့် စီမံကိန်းများက နာမည် အမျိုးမျိုးပေါ်ထွက်လာသော်လည်း ¤င်း တို့ပေးမည့် အဆောက်အအုံ ခိုင်ခိုင် မာ မာနှင့် ပြည့်ပြည့်စုံစုံဖြင့် ပြန်လည် တောင်းသည့်တန်ဖိုးကမျှတသည်။ သို့ သော် လက်ရှိချိန်အထိ အမှန်တကယ် အိမ်တစ်လုံးလိုလားနေသည့် လူများမှာ ဒီ့ထက်မက တန်ဖိုးနည်း၍ ခွဲဝေပေးရ သည့် အရစ်ကျစနစ်ဟုခေါ်သော စရိတ် စကများ ဒီ့ထက်မကလျော့နည်းမည်ကို သာ မျှော်လင့်နေကြသည်မှာ မလွဲပေ။

လူတိုင်း၏အိပ်မက်ထဲတွင် အိမ် တစ်လုံးပိုင်ဆိုင်ချင်သည့်စိတ်ကူးတစ်ခု ကတော့ ရှိကြသည်။ ယခုကဲ့သို့ တန်ဖိုးနည်းအိမ်ရာ စသဖြင့်အစိုးရ၏စီမံကိန်းများစွာကို မျှော် လင့်နေကြသူများထဲတွင် လက်ရှိမီးရထား တွင်တာ ဝန်ထမ်းဆောင်နေသည့် ဖခင် ကြောင့် ဝန်ထမ်းအိမ်ရာတွင် ပူပင်စရာမရှိ နေခွင့်ရထားပေမယ့် ဤလိုင်းခန်းမှ ဖယ် ပေးရမည်ဆိုလျှင်၊ အိမ်တစ်လုံးမရှိသည့် သူတို့ မိသားစုအတွက် စိတ်ပူပန်မိ ကြောင်း သားဖြစ်သူမောင်လင်းထက်က ”မိန်းမမယူချင်တော့ဘူးဆိုတာကလည်း အိမ်ပိုင် မရှိလို့။ ကိုယ်တောင် အဖေအ လုပ်မရှိတော့ရင် မိသားစုလိုက်ဘယ်မှာ သွားနေရမှန်းမသိတဲ့ အနေအထားမှာ အလုပ်ကြိုးစားပြီးပဲဖြစ်ဖြစ် မိဘအတွက် အိမ်ပိုင်နဲ့ ထားနိုင်အောင်တော့ ကြိုးစား မယ်”ဟု ¤င်း၏ခံစားချက်ကို မာန်ပါပါ နှင့်ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေ အနေအရ လုပ်ခ လစာများမှာလည်း အာဆီယံနိုင်ငံများနှင့် ယှဉ်လျှင် လွန် စွာနည်းပါးနေသေးသည်။ ထို့ကြောင့် အစိုးရမှချပေးသော အိမ်ရာစီမံကိန်းများ မှာ အခြေခံလူတန်းစားများ၊ အမှန်တ ကယ်ပင် နေစရာတစ်ခုလိုလားသူများ အတွက် မမျှော်မှန်းနိုင်သေးသည့် အိပ် မက်တစ်ခုပင်။ထိုအိပ်မက်များ အသက်ဝင်နိုင် ရန်အတွက် အခြေခံလူတန်းစားများမှာ ၎င်းတို့၏လုပ်ခလစာငွေကို ပိုမိုရရှိရန် မျှော်မှန်းနေလျက်ရှိသည်။ ၂ဝ၁၄ ခုနှစ် အတွင်း လုပ်ခလစာ များကို အာဆီ ယံ ဒေသတွင်းနိုင်ငံများနှင့် တစ်ပြေးညီဖြစ် စေရန်အတွက် အနည်းဆုံးအခကြေးငွေ ဥပဒေကိုအမြန်ဆုံး အကောင်အထည် ဖော်ရန် ဆောင်ရွက်လျက်ရှိသည်။

”အခု ဝင်ငွေနဲ့ အိမ်ငှားဘဝမှာ တောင် လုံးလည်ချာလည်လိုက်နေတာ ဒီအိမ်ရာစီမံကိန်းတွေ သတင်းကြားမိ တယ်။ လက်လှမ်းမမီဘူးသိတယ်။ ဒါပေမဲ့လည်း အိမ်ပိုင်လေး လိုချင်တော့ သတင်းကြားတိုင်းနားတော့ စွင့်မိသား။ ဘယ်လိုမှတော့ မဖြစ်နိုင်ပါဘူးဗျာ” ဟု စာရင်းကိုင်လုပ်နေသူ ကိုထွန်းလင်းက ပြောရင်း မိမိစီးပွားရေး မိမိဝင်ငွေဖြင့် သာလည်ပတ်နေရသည့်မိသားစု အခြေ အနေကို စိတ်ပျက်စွာဖြင့် ဆိုသည်။

အထက်ပါ ပုဂ္ဂိုလ်ညည်းမည်ဆို လည်းအမှန်ပင်။ အိမ်ပိုင်ရှိသူများမှာ ပူပင်ကြောင့်ကြမှုမရှိသော်လည်း အိမ်ငှား ဘဝဖြင့် သာကျင်လည်နေရသူများ အတွက် အိမ်ငှားခ မြင့် တက်ခြင်း၊ အိမ် ငှားနေရန် နေရာရှာဖွေရခြင်း စသည် ဖြင့် အခက်အခဲမျိုးစုံက ၆ လတစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ခါဆိုသလို ခြောက် လှန့်မြဲ စိန်ခေါ်မြဲ။ ယင်းသို့သော အနေအ ထားတွင်အိမ်ရာစီမံကိန်းများကို သင့်တင့် သောနှုန်းထားတစ်ခုအဖြစ် ရောက်ရန် စောင့်ဆိုင်းနေကြသည်။

အခြေခံလူတန်းစားများ အိမ်တစ် လုံးပိုင်ဆိုင်ရန် ရည်ရွယ်ထားသည်ဆို သည့်အိမ်ရာစီမံကိန်းများတွင် အိမ်တစ် လုံးအား အမြင့်ဆုံးသိန်းတစ်ရာဝန်းကျင် ခန့် ဈေးသ တ်မှတ်ပေးရန်၊ ကနဦးငွေ သွင်းခြင်းကိုလည်း ၁ဝ သိန်းခန့်သာ ထား ပေးသင့်သည် စသဖြင့် မျှော်မှန်းထင် ကြေးပေးသူများလည်းရှိသည်။

အိမ်ပိုင် ရန်စောင့်ဆိုင်းနေ သူများ ထဲမှ အင်းစိန် တွင်နေထိုင်ပြီး စက်ချုပ်လုပ်ငန်း လုပ် ကိုင်သူ မငြိမ်းငြိမ်းက ”သာမန်လူတန်းစား နေနိုင်အောင် ဈေးတစ်ခု သတ်မှတ်ပေး သင့်တယ်။ အဲဒါတောင် အိမ်မှာရှိတဲ့ မိသားစုအကုန်လုံးရဲ့ဝင်ငွေကို မျှပြီးပေးရ တာ။ မရှိတဲ့လူတွေအတွက် တစ်လကို စားစရိတ် အပြီးအစီးကနေ တစ်သိန်းပိုလျှံ ဖို့ဆိုတာ မနည်းစုမှရမှာ”ဟု ၎င်း အတွက် စိတ်ဝင်စားဟန်မရှိသော စီမံကိန်းအ ကြောင်းကို စက်ချုပ်ရင်းဆိုသည်။

မြန်မာနိုင်ငံတွင် အမှန်တကယ်လို အပ်နေသော နေစရာရရှိစေရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ အဖွဲ့အစည်းများမှ လုပ်ဆောင်ချက်များဖြင့် ဆောင်ရွက် လျက်ရှိရာ လူမှုဖူလုံရေးဦးစီးဌာနမှလည်း ၎င်းတို့၏ ဥပဒေသစ်တွင် အိမ်ရာစီမံ ကိန်းကို ထည့်သွင်းရေးဆွဲခဲ့ပြီး အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။ သို့သော် ၎င်းတို့အနေဖြင့် တိုင်း ဒေသကြီးအစိုးရ၏ ထောက်ခံချက်၊ မြေ နေရာပေးမှု၊ ခွင့်ပြုမိန့်စသည်တို့ကို ရရှိမှ သာလျှင် ယင်းစီမံကိန်းမှာ စတင်အသက် ဝင်လာမည်ဖြစ်သည်ဟု သိရသည်။

လူမှုဖူလုံရေးမှ အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဖြစ်လာပါက လူ မှုဖူလုံရေးအဖွဲ့ဝင်ထားသည့်သူများအ တွက် အိမ်တစ်လုံး ပိုင်ဆိုင်နိုင်မယ့် အနေအထားမှာ လက်ရှိအိမ်ရာစီမံကိန်း များထက်တော့ အနည်းငယ်မျှော်လင့် ချက်ရှိသည်။ သို့သော် ယင်းစီမံကိန်းမှာ လည်း လိုအပ်ချက်များစွာ ရှိနေသေးသ ဖြင့် ပြည် သူများမှာ မျှော် လင့်ရသည့် ဘဝကပင်တက်နိုင်ဦးမည်မဟုတ်သည်မှာ မလွဲပေ။ မည်သူမျှ အိမ်နှင့်မကင်းနိုင်။ သို့ သော် ဘန်းစကားတစ်ခုဖြစ်သော ‘အိမ် မပိုင်ရင် ဂေါ်လီမလုပ်နဲ့’ ဟူ သည်က အခြား အဓိပ္ပာယ်တစ်ခုကိ ရည်ညွှန်းသော် လည်း လက်ရှိအချိန်တွင်တော့ ထိုစကား က မြို့ပြနေပြည်သူများကို ရည်ညွှန်းပါ သည်ဟု ထင်သည်။

အိမ်မပိုင်သော ဘဝများဆိုသည်က အငှားတစ်နေရာရာ နေရာတစ်ခုအတွက် ပင် စားဝတ်နေရေး ခယောင်းလမ်းပေါ် လိမ့်နေရသော ဂေါ်လီလုံးများပင် မဟုတ်ပါ လား။ ယင်းသို့ စီမံချက်များစွာ၊ မေးခွန်း ပေါင်း များစွာ၊လိုအပ်ချက်များစွာ၊ များ စွာသောရှုပ်ထွေးမှု၊ မြင့်မားမှု စသည့် စကားလုံးများထဲတွင်ပင် ပြည်သူများ၏ လိုအပ်ချက် လိုလားချက်များကို နိုင်ငံ တော်အစိုးရဆီသို့ တောင်းခံလျက်ရှိ သည်။ နိုင်ငံတော်အစိုးရမှလည်း ဖြည့် ဆည်းပေးနေပါသည်။ သို့သော် …

ထိုကဲ့သို့သော များစွာသော လူသား တို့၏ မျှော်လင့်ချက်ထဲမှ အထည်ဆိုင်ဖွင့် ထားသော ဒေါ်စန်းရီက တဖြည်းဖြည်း တရိပ်ရိပ်နှင့် ခြောက်သောင်းမှ တစ်သိန်း အထိ တက်လာသော အိမ်ငှားခဖြင့်သာ စာချုပ်ဆက်ချုပ်၍ နေထိုင်ရတော့မည် ဟုပြောရင်း ဈေးဝယ်ကိုသာ အပြုံးနှင့် ဆီးကြို၍ ”ဘယ်သူမဆို ကိုယ့်အိမ်ပိုင် နဲ့ နေချင် တာပဲလေ။ တော်ပါပြီ တကယ့် တန်ဖိုးနည်းနဲ့ရောင်းပြီဆိုမှပဲ ဝယ်တော့ မယ်”ဟု ဆိုသည်။ ပြည်သူများ လိုလားနေသည့် အိမ်မျှော်လင့်ခြင်း အိပ်မက်များမှာ အိမ်ပိုင် အမှန် တကယ်မရရှိသေးသူများ အဖို့ ကြီးမားနေသေးသော မျှော်လင့်ချက်ကြီးပင် ….။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!