Popular Posts!

Thursday, July 24, 2014

ကြိုတင်နံပါတ် 9H/9999 ကို စံချိန်တင်နှုန်း ကျပ်သိန်းတစ်ရာ ဖြင့် ရောင်းချခဲ့



ရန်ကုန် ၊ ၂၄-၇-၂၀၁၄
ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် အက္ခရာပူး နံပါတ် 9H/9999 ကို ငွေကျပ် သိန်းတစ်ရာ ဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။
ကနဦး မှတ်ပုံတင် ဌာန အနေဖြင့် လက်ရှိတွင် 4H အက္ခရာစဉ် ထဲတွင် 4H/7777 တစ်ခုသာ ရောင်းချရန် ကျန်ရှိပြီး 4H မှ လေးလုံးပူး နံပါတ် ၈ ခုကို ရောင်းချထားပြီး ဖြစ်ရာ ရရှိနှုန်းများ အနေဖြင့်
4H/1111 ကိုငွေကျပ် ၁၀ သိန်း၊
4H/2222 ကိုငွေကျပ် ၁၂ သိန်း၊
4H/3333 ကိုငွေကျပ် သိန်း ၃၀၊
4H/4444 ကိုငွေကျပ် ၂၈ သိန်း၊
4H/5555 ကိုငွေကျပ် ၄၄ သိန်း၊
4H/6666 ကိုငွေကျပ် ၁၈ သိန်း၊
4H/8888 ကိုငွေကျပ် ၄၆ သိန်း၊
4H/9999 ကိုငွေကျပ် ၄၄ သိန်း၊
5H အက္ခရာစဉ်မှ
5H/5555 ကိုငွေကျပ် ၆၂ သိန်း၊
5H/7777 ကိုငွေကျပ် ၅၂ သိန်း၊
5H/8888 ကိုငွေကျပ် ၇၆ သိန်း၊
5H/9999 ကိုငွေကျပ် ၇၄ သိန်း နှင့်
7H/7777 ကိုငွေကျပ် ၇၈ သိန်းဖြင့် အသီးသီး ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
အက္ခရာ နံပါတ် ထုတ်ပေးမှုအရ ဇူလိုင်လတွင် 4H အက္ခရာမှ နံပါတ် 4H/2700 ကျော်သွားပြီ ဖြစ်ပြီး လေးလုံးပူး အက္ခရာ နံပါတ်အလှ ၀ယ်ယူသူ များမှာ လျော့ကျ သွားခြင်း မရှိသည့် အပြင် ဈေးနှုန်းများစွာ ပေး၍ ၀ယ်ယူလျက် ရှိကြောင်း သိရှိရသည်။
လင်းသစ်

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!