Popular Posts!

Wednesday, July 16, 2014

(၂)ကြွင်းမဟာဘုတ် ဖွားများ၏ ယေဘူယျ ၀ိသေသလက္ခဏာများ



ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၂)ဖြစ်ပါက (၂)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်ကို မသိပါက ကိုယ်မွေး သော ခရစ်ခုနှစ်ထဲမှ (၆၃၈) ဂဏန်းကို နုတ်လိုက်လျှင် မြန်မာသက္ကရာဇ်ကို ရပါသည်။ အကယ်၍ ကိုယ့် မွေးရက် မွေးလသည် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မတိုင်မှီဖြစ်လျှင် (၁)တိုးပြီး (၆၃၉)ဂဏန်းကို နုတ်ရပါမယ်။ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှ ဒီဇင်ဘာ (၃၁)အတွင်းမွေးလျှင် (၆၃၈)ဂဏန်းကို နုတ်ရပါမယ်။ 
(၂)ကြွင်းဖွားများသည် ခန့်ငြားပေါ်လွင်သော ရုပ်ရည်၊ ဥပတိရုပ်မျိုး ရှိတတ် သည်။ များသောအားဖြင့် အရပ်အမောင်းမြင့်မားပြီး မျက်လုံးအကြည့် စူးရှ တောက်ပြောင် သည်။ လူချစ်လူခင်များတတ်ပြီး အပေါင်း အသင်း မိတ်ဆွေ ပေါများတတ်သည်။ မိမိ မိတ်ဆွေအပေါင်းအသင်းများပေါ်တွင် အလွန်အနစ်နာ ခံပြီး ပေါင်းသင်းတတ် လေသည်။
(၂)ကြွင်းဖွားများသည် လူတိုင်းအတွက် အပေါင်းအဖော်ကောင်း၊ မိတ်ကောင်းဆွေကောင်းများ ဖြစ်တတ်ကြသည်။ သို့သော် သူတို့သည် ခေါင်းမာသည်။ တစ်ယူသန်ဆန်သည်။ သူတစ်ပါး၏ အကြံပြုချက်များကို လက်မခံတတ်ဘဲ မိမိအယူအဆကိုသာ ရှေ့တန်းတင် လိုကြသူများဖြစ်ကြသည်။ မိမိလုပ်ချင်ရာကို တစ်ဇွတ်ထိုး လုပ်တတ်သည်။ တတ်သိနားလည်သူတို့၏ အကြံပေးချက်ကို လိုက်နာမှုမရှိဘဲ မိမိအယူအဆအတိုင်း တစ်ဇွတ်ထိုး လုပ်တတ်မှုကြောင့် ဘဝတွင် ဆုံးရှုံးမှု နှင့် အမှားများ မကြာခဏ ကြုံရတတ်သည်။ မိမိအပေါ် လွှမ်းမိုးမှုကို မကြိုက်သော်လည်း သူတစ်ပါး အပေါ်တွင်လည်း အလွန်အကျွံ လွှမ်းမိုးလိုစိတ် မရှိတတ်ကြ။ မိမိအပေါ် အလွန်အကျွံ လွှမ်းမိုးလာလျှင်လည်း ခေါင်းငုံ့ ခံတတ်ကြသူများမဟုတ်ဘဲ တော်လှန် တတ်ကြသူများဖြစ်ကြသည်။ ယေဘူယျအားဖြင့် မျှတသော စိတ်ထား ရှိတတ်သည်။ သူတစ်ပါး၏ အခက်အခဲကို ကူညီတတ်သည်။ တာဝန်သိတတ်စိတ်ရှိသည်။ ဝတ်စားဆင်ယင်မှုများ၌ ခေတ်နှင့် ဆီလျှော်သည်ဖြစ်စေ၊မဖြစ်စေ မိမိနှစ်သက် သလို ဝတ်ဆင်တတ်သည်။ သူတပါး၏ ဝေဖန်မှု၊ ကဲ့ရဲ့မှုများကို ဂရုမစိုက်တတ်ကြပေ။
(၂)ကြွင်းသမားများသည် ဘာသာရေးကို လုံးဝမယုံကြည်သူများ (သို့) အလွန်အမင်းယုံကြည်ကြသူများ ဖြစ်ကြသည်။ သူတို့သည် ဘာသာရေးတွင် မဇ္ဈိမကျသော (အလယ်အလတ်လမ်းထက်) နှစ်ဘက်အစွန်းသို့ ရောက် လွယ်ကြသူများ လည်းဖြစ်ကြသည်။
သူတို့သည် သဘာဝအားဖြင့် ဉာဏ်ပညာ ထက်မြက်ကြသူများဖြစ်ပြီး I.Q Level မြင့်မားကြသူ များဟု ခေါ်ဆိုနိုင်သည်။ အတတ်ပညာမျိုးစုံကို အလွယ်တကူ သင်ကြားတတ်မြောက်နိုင်စွမ်းရှိကြသည်။ နားလည် သဘောပေါက်ရန် လွယ်ကူကြသူများ ဖြစ်ကြသည်။ ထို့ပြင် (၂)ကြွင်းသမားများသည် Will Power မြင့်မားတတ်ကြပြီး မိမိ ကိုယ်ကို အလွန်အမင်း ယုံကြည်တတ်ကြ သူများလည်း ဖြစ်တတ်ကြသည်။
(၂) ကြွင်းသမားများ၏ အားနည်းချက်များမှာ တစ်ဖက်သားအပေါ် ယုံကြည်လွယ်ခြင်း၊ အားနာတတ်ခြင်း၊ အပေါင်းအသင်း စုံလင်လွန်းသောကြောင့် အပျော်အပါးများလွန်းပြီး မိမိလုပ်ငန်းဆောင်တာများ လစ်ဟင်းခြင်း၊ အကြီးအကဲ၊ တတ်သိနားလည် သူများ၏ အကြံပြုချက်များကို မနာယူဘဲ မိမိကိုယ်ကို အထင်ကြီးလွန်းပြီး (Over Confident) ဖြစ်ကာ တဇွတ်ထိုး လုပ်မှုကြောင့် စီးပွားပျက်ခြင်း၊ ဒုက္ခမျိုးစုံတွေ့ရခြင်း၊ မူးယစ်ဆေး နှင့် အရက် အလွန်အကျွံ စွဲတတ်ခြင်း များပင်ဖြစ်သည်။
(၂)ကြွင်းသမားများသည် အိမ်ထောင်ရေးသုခ နည်းတတ်သည်။ အိမ်ထောင်ပြုမှားတတ်ကြသည်။ အိမ်ထောင်ပြုပြီးပြီးခြင်း နောင်တကြီးစွာ ရသော သူများကို (၂)ကြွင်းသမားများတွင် အများဆုံးတွေ့ရတတ်သည်။ များသောအားဖြင့် အိမ်ထောင်ဘက် ကို အားမကိုးရတတ်ချေ။ မိန်းမဖြစ်လျှင် စီးပွားဥစ္စာ မရှာနိုင်သော ယောင်္ကျားမျိုးကိုရတတ်ပြီး ယောင်္ကျား ဖြစ်လျှင် အိမ်ထောင်ကို စီမံခန့်ခွဲမှု အားနည်းသော မိန်းမမျိုးကို ရတတ်သည်။ (၂)ကြွင်းသမား များသည်  မိမိအိမ်ထောင်ဘက် အပေါ်တွင် မည်သည့်အခါမှ စိတ်တိုင်းကျနိုင်သည် ဟူ၍ မရှိလှချေ။
(၂)ကြွင်းဖွားများသည် ယေဘူယျ ကျန်းမာရေး ကောင်းလှသည်ဟု မဆိုနိုင်ချေ။ များသောအားဖြင့် ကျန်းမာရေး အားနည်း တတ်သည်။ ဦးနှောက် နှင့် အာရုံကြောရောဂါများ ဖြစ်ပွားလွယ်သည်။ အသည်းရောဂါ နှင့် နှလုံးရောဂါဖြစ်ရန် အလွန် နီးစပ် သည်။ အာရုံခံစားမှုအင်္ဂါများ ပျက်စီးလွယ်တတ်သည်။ အသက်ကြီးလျှင် မှတ်ဉာဏ် အားနည်း တတ်သည်။ မတော်တဆ ထိခိုက်မှုများ ဖြစ်လွယ်သည်။
(၂)ကြွင်းဖွားများအနေဖြင့် ဘဝတွင် အောင်မြင်လိုလျှင် ခေါင်းမာခြင်း၊ တစ်ယူသန်ဆန်ခြင်းများကို ချိုးနှိမ်ပြီး တတ်သိ နားလည် သူများ၏ အကြံပေးချက်များကို လိုက်နာခြင်း၊ ကျွမ်းကျင်သူများနှင့် အတူပူးတွဲဖက်စပ်လုပ်ကိုင် သင့်သည်။ ထို့ပြင် အပေါင်း အသင်းများခြင်း၊ အပျော်အပါးများခြင်း များကို လျော့ပေါ့သင့်သည်။ မူးယစ်ဆေး နှင့် အရက်သုံးစွဲမှုများကို လျော့သင့်သည်။ သို့မဟုတ်ပါက (၂)ကြွင်းဖွားများသည် အရည်အချင်းရှိပါလျှက်နှင့် မအောင်မြင် သူများအဖြစ် သတ်မှတ် ခံရတတ်သည်။
ကမ္ဘာကျော် (၂)ကြွင်းဖွားများရဲ့ စာရင်းကတော့ – အမေရိကန် သန်းကြွယ်သူဌေးကြီးပီးယားပွန့် မော်ဂန် ၊ နာဇီခေါင်းဆောင် များဖြစ်ကြသော ဟိန်းနရစ်ခ်ျ ဟင်းမလား ၊ ဂိုးအားရင်း ၊ တရုပ်ပြည် ပဒေသရာဇ် တော်လှန်ရေးခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက်ဆင် ၊ ဖိလစ်ပိုင် သမ္မတဟောင်း ရာမွန် မက်ဆေးဆေး၊ အင်ဒိုနီးရှား သမ္မတဟောင်းဆူဟာတို ၊ ဟောလီးဝုဒ် မင်းသားကြီး ဂျွန်ဝိန်း၊ ဆိုဗီယက် KGB အကြီးအကဲဟောင်း ယူရီ အင်ဒရိုပေါ့ဗ်၊ အစ္စရေးနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဒေးဗစ် ဘင်ဂူရီယံ၊ ဂျော်ဒန်ဘုရင်ဟူစိန် ၊ အီရန် ဘာသာရေးခေါင်းဆောင် ရာဟိုလာ ခိုမေနီ ၊ ဂျာမန် နက္ခတ်ပညာရှင်ကတ်ပလာ၊ အမေရိကန် အဆိုကျော် မင်းသမီး ဂျနီဖာ လိုပက်ဇ် ၊ ဟောင်ကောင် အက်ရှင်မင်းသားကျော် ဂျက်လီ ၊ ဟောလီးဝုဒ် မင်းသား ဘရက်ပဒ်၊ မင်းသမီး ဘရစ်ဂျစ် ဖောင်ဒါ ၊ မော်ဒယ် ကလော်ဒီယာ ရှက်ဖာ ၊  ဘောလုံးစတားများ ဖြစ်ကြတဲ့ ၀ီလီယံ ဂါးလက်စ် ၊ ဒီဒီရာ ဒရော့ဘာ ၊ အာဆင်နယ် ဆရာကြီး အာစင် ၀င်းဂါး ၊ ဟောလီးဝုဒ် မင်းသားများဖြစ်ကြတဲ့ မင်းသားကြီး ဟယ်ရစ်ဆင် ဖို့ဒ် ၊  နီကိုးလပ်စ် ကေ့ခ်ျ ၊ ရစ်ချတ် ဂီးရ် ၊ ရပ်ဆဲ ခရိုဝီ ၊ တွမ်ဟန့်ခ် ၊ ကမ္ဘာကျော် Intel ကုမ္ပဏီကို တည်ထောင်သူ ဂေါ်ဒင် အီးမိုးရ် ၊ ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီး မောင့်ဘက်တန် ၊ တော်လှန်ရေး ပြောက်ကျားခေါင်းဆောင်ချေဂွေဗားရား ၊ လူမည်းခေါင်းဆောင် မာတင်လူသာကင်း ၊ အစ္စရေး ၀န်ကြီးချုပ် ဟောင်းရစ်ဇက် ရာဘင် ၊ အတွေးအခေါ် နှင့် သဘာဝဓမ္မ စာရေးဆရာကြီး သောမတ်စ် ကာလိုင်း ၊ “မောဂ္ဂလိ” ကို ဖန်ဆင်းသူ ဗြိတိသျှ စာရေးဆရာကြီး ရုယာ့ဒ် ကစ်ပလင်း ၊ ဒုတိယ ကမ္ဘာစစ် မဟာမိတ် တပ်ပေါင်းစု စစ်သေနာပတိချုပ် မက်အာသာ ၊ ကွန်မြူနစ် တရုတ်နိုင်ငံကို တည်ထောင်သူ ခေါင်းဆောင်ကြီး မော်စီတုန်း ၊ လေရူးသုန်သုန် ၀တ္တုနဲ့ ကမ္ဘာကျော်ခဲ့သူ စာရေးဆရာမ မာဂရက် မစ်ချယ် ၊ ကမ္ဘာကျော် ပြဇာတ် စာရေးဆရာကြီး ၀ီလီယံ ရှိတ်စပီးယား ၊ စာရေး ဆရာကြီး အလက်ဇန်းဒါး ဒူးမား ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ၊ အခု ခေတ်စားနေတဲ့ အီရန် သမ္မတ အာမက် ဒီနီဂျက် တို့ဘဲ ဖြစ်ကြပါတယ်။
.
ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Ref:hlamyo.blogs

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!