Popular Posts!

Monday, July 28, 2014

တိုဖူးဖြူဝက်သားပေါင်းကင်(ရှမ်းအစားအစာ)


Danuphyu Daw Saw Yee(London) မှကြိုက်တတ်တဲ့ အစားအစားတွေကို ကူးယူဖော်ပြလိုက်တာပါ....

တိုဖူးဖြူဝက်သားပေါင်းကင်(ရှမ်းအစားအစာ)
IMG_0016
ကျမရဲ့ ရင်နှီးချစ်ခင်ရပါသော ပြင်သစ်က ရှမ်းမလေး လင်းပေးတဲ့နည်းလေးပါရှင်။ အလွန်ကောင်းပါတယ်၊ ရှမ်းသွေး ပါတဲ့ကျမအမျိုးသား ( ထင်လဲမထင်ရဘူးနော် ) ကအဲဒီ တိုဖူးဝက်သားလေးကို တထိုင်တည်းနဲ့ ကောင်းလိုက်တာ ကောင်းလိုက်တာဆိုပြီး စားပလိုက်ပါတယ်ရှင်။ အရမ်းကောင်းတဲ့ ဒီနည်းလွယ်လွယ်လေးကို ကြည့်ရအောင်

ပါဝင်ပစ္စည်းများ
-၀က်သားအဆီနဲနဲပါတာ တောက်၂စင်း ၃၀၀ ဂရမ်
-တိုဖူးဖြူတုံး ၂၀၀ ဂရမ်
-ဖက်ဖယ်ရွက်၊ ရှမ်းနံနံပင် ၊ နံနံပင်၊ ကြက်သွန်မိတ်၊ ပင်စိမ်းရွက် (လက်တဆုပ်မရှိတရှိစီ)
-ငရုတ်သီးစိမ်း ၅တောင့်
-ဆီ ၃ဇွန်း(စားပွဲတင်)
-ဆား အနဲငယ်
-ဟင်းခတ်မုံ့ ၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်ုဖြူ ၃မွှာ ထောင်းထား
-ဂျင်းအနည်းငယ်ထောင်း ၁ဇွန်း(အချိုဇွန်း)
-ငရုတ်ကောင်း ဇွန်းဝက်(အချိုဇွန်း)

IMG_0002 IMG_0010IMG_0005
ဝက်သားအဆီပါတာကို နုတ်နုတ်စင်းထားပါ။ တိုဖူးလေးများကိုလဲ တောက်တောက်စင်းထားပေးပါ။
IMG_0011
ဖက်ဖယ်ရွက်၊ ရှမ်းနံနံပင် ၊ နံနံပင်၊ ကြက်သွန်မိတ်၊ ပင်စိမ်းရွက် ၊ငရုတ်သီး အရွက်စုံတွေကို နုတ်နုတ်စင်း ပြီး ဇလုံတခုထဲထဲ့ ကျန်ပါဝင်ပစ္စည်းများအားလုံး ကို ပုံကာထဲ့ပြီး ဆား ဟင်းခတ်မုံ့ ဆီရွှဲရွှဲထဲ့ကာ နယ် ငှက်ပျောဖက်နဲ့ထုပ်ပြီး ၄၅မိနစ်ခန့်ပေါင်းပေးပါ။

IMG_0012 IMG_0014
ပြီးမှ ၁၀မိနစ်ခန့်ကင်လိုက်ရင်း စားလို့အလွန်ကောင်းပြီး မွှေးနေသော
ဝက်သားတိုဖူးဖြူပေါင်းကင် ရပြီပေါ့နော်။ (ကျမကတော့ တထုတ်ပဲကြီးကြီးထုတ်လိုက်ပါတယ် ၊ အထုတ် သေးလေးတွေထုတ်ချင်လဲရပါတယ်)

IMG_0015 IMG_0019
Ref:http://htetfamily.com/

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!