Popular Posts!

Tuesday, July 8, 2014

နီပေါလ်စတိုင်ဆိတ်သားချဉ်စပ်


ဒီ Food Court ကစကာင်္ပူစာတွေကို စားရတာညီးငွေ့လာလို့ မိမိစိတ်ကြိုက်လေးထူးထူးဆန်းဆန်းတွေ ချက်စားချင် တာတွေကို  Cooking Master Myanmar မှကူးယူဖော်ပြလိုက်တာပါ...

မြန်မာပြည်မှာခေါ်တဲ့..ဂေါ်ရခါးလူမျိုးစု ဟာ နီပေါလ် လူမျိုးများမှဆင်းသက်လာပါတယ်..။

ကျွန်တော့်ဆီမှာဂေါ်ရခါးအသိမိတ်ဆွေများစွာ  ရှိတာကြောင့်လည်း.. သူတို. ဆီကချက်နည်းလေး တွေလေ့လာခွင့်ရပါတယ်...။




ဆိတ်သား...............၃၀ ကျပ်သား
ကြက်သွန်နီ.............၁ လုံး (လေးစိတ်သို.ရှစ်စိတ်)
ခရမ်းချဉ်သီး............၃လုံး(..............။...............)
ကြက်သွန်ဖြူ ...........၃ တက်
ချင်းသေးသေး..........၁ တက်
ဒိန်ချဉ်....................၁ ဇွန်း( ထမင်းစားဇွန်း)
ဟင်းချက်မဆာလာ(အိန္ဒိယ).၁ ဇွန်း(........။....)
ငရုတ်နီအနှစ်.............၁ ဇွန်း(............။.......)
မန်ကျည်းရည်အနှစ်.....၁ ဇွန်း(.............။......)
ပျင်းတော်သိမ်ရွက်........အနည်းငယ်
နံနံပင်......................အနည်းငယ်
ဆား+ဟင်းခတ်မှုန်. ....သင့်ရုံ

ဆိတ်သားတွေကိုရေဆေးသန်.စင်ပြီး..ခပ်ပါးပါးလှီးထားပါ။

ချင်း+ကြက်သွန်ဖြူ ကိုညှက်နေအောင်ရောထောင်းပါ။

ဆိတ်သားထဲကို..ထောင်းထားတဲ့ချင်းအရော ၊ ဆား ၊ ဟင်းခတ်မှုန်. ၊ ဒိန်ချ ဉ် ၊နနွင်းအရောင်တင်မှုန်. အနည်းငယ်ထည့်ပြီး..ရောနယ်ကာ အနည်းဆုံး( ၄) နာရီခန်.နှပ်ထားပါ။

နှပ်ထားချိန်(၄) နာရီပြည့်ပြီဆို..ဒယ်အိုးတစ်လုံးမှာဆီကိုအပူပေးပါ..။

ထိုဆီထဲသို.ပျင်းတော်သိမ်ရွက်ကိုထည့်ပြီးကြွပ်သည်အထိဆီသတ်ပါ။

လေးစိတ်ခွဲထားသောကြက်သွန်နီကိုရောထည့်ပြီး..အားလုံးကို ပန်းကန်တစ်ခုနဲ.ဆယ်ယူစစ်ထုတ်ထားပါ။

လက်ကျန်ဆီမှာ..ငရုတ်နီအနှစ်နဲ.မဆလာကိုထည့်ပေါင်းဆီသတ်ပါ။အနံ.မွှေးလာပြီဆိုရင် ဆိတ်သားတွေ ထည့်ပေါင်းပြီး..လိုအပ်တဲ့အရသာကိုထပ်မံဖြည့်စွက်ပါ။

မန်ကျ ည်းမှည့်အနှစ်လေးလောင်းထည့်ပြီး..ဆယ်ထားတဲ့ကြက်သွန်နီနဲ.ပျဉ်းတော်သိမ်ရွက်ကိုထည့်ပါ။

ထို.နောက်ခရမ်းချဉ်သီးတွေထည့်ပေါင်းပြီး..နံနံပင်လေးတွေဖြူးလိုက်ရင်..စားသုံးရန်အဆင်သင့်ဖြစ်ပါပြီ...

Ref:Cooking Master Myanmar

Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!