“တွယ်တာမှု ကိုဖယ်ရှားခြင်း”
•••••••••••••••••••••••••••••••••••
သတ္တဝါ အပေါ်မှာ တွယ်တာမှု ၊လူအပေါ်မှာ တွယ်တာမှုနော်
တွယ်တာမှုရှိပြီဆိုရင် “အသုဘ ဘာဝနာ” ကိုပွားပြီးဖယ်ရှားရမယ်။
ဒါ ဖယ်ရှားတဲ့ နည်းစနစ်တစ်ခုပဲ။
ကာမစ္ဆန္ဒဆိုတဲ့ နီဝရဏကို ဖယ်ရှားချင်လို့ရှိရင် ဟုတ်လား၊
အဲဒီလောဘ မဖြစ်အောင် ဆန့်ကျင်ဘက် အာရုံတစ်ခုခုယူရမယ်။
လှတယ်ထင်ပြီးတော့ ကိုယ့် စိတ်က လောဘဖြစ်ရင်
မလှတာကို ရွေးပြီးတော့ ရှာတွေးရမယ်လို့ဆိုလိုတာ။
လှတယ်လို့တွေးနေလို့ရှိရင်
ဒါတွေက လာတော့မှာပေါ့နော်။
ကြည့်ပါလား “ဓမ္မပဒ” မှာ ဟောထားတာရှိတယ်
လေ “သုဘာနု ပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု အသံဝုတံ”တဲ့။
လှတယ်လို့ ရှုနေမယ်၊ ဣနြေ္ဒကို ထိန်းသိမ်းစောင့်ရှောက်မှု
မဖြစ်ဘူး ဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်မှာ ကာမစ္ဆန္ဒ ဆိုတဲ့ လောဘတွေ
လွှမ်းမိုးသွားမှာပဲ။အဲဒါကြောင့်မို့လို့ မလွှမ်းရအောင်
“အသုဘာနု ပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု သုသံဝုတံ”
ဣနြေ္ဒကို ထိန်းသိမ်း စောင့်ရှောက်ပြီး မလှပဘူးဆိုတာကို
မြင်အောင်ကြည့်ရ မယ်လို့ ဒီလိုပြောတာ။
●အေး . . . ဗမာတွေက အသုဘဆိုရင်
“အနိစ္စရောက်သူ” လို့ပဲ အောက်မေ့နေတာ။
သေမှ အသုဘလို့ ထင်တာ နော်။
အခုဟာက အသုဘကို သိအောင်လုပ်ဖို့ လိုတာပေါ့။
မသေခင်က အသုဘ ဆိုတာ။
ဟုတ်တယ်လေမနက် မိုးလင်းလာလို့ရှိရင်
ဘာအရင်လုပ်ရတုန်း။
(မျက်နှာသစ်ရပါတယ် ဘုရား)
မသစ်ဘဲထားလို့ရှိရင် ကိုယ့်ကိုယ်ကိုတောင်
သတီမှာ မဟုတ်ဘူးနော်။
ကိုယ့်သန္တာန်မှာ အညစ်အကြေးတွေ အင်မတန်ထွက်ပြီးတော့ ၊
မတင့်တယ်တာတွေကို ဆင်ခြင်စဉ်းစားပေးရမယ်။
အဲဒီအသုဘနိမိတ်ဟာလည်းပဲ အဘိဇ္ဈာလောဘကို တားနိုင်တာပဲ။
သို့မဟုတ် အသုဘ ဘာဝနာကို ကြိုးစားအားထုတ်တာ
အဘိဇ္ဈာကို တားနိုင်တယ်။
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm—with Thit Sar Mhan.
Credit @ Ko Nge
Popular Posts!
-
ကမ္ဘာကျော် Internet Muti -Level Marketing Advertising နည်းလေးတွေပါ... အခုနာမည်ကျော် facebook နှင့် Google တွေမှာလဲ သုံးနေတဲ့ နည်းတွေပါ...
-
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ VOA တွေ့ဆုံမေးမြန်းခန်း နိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာဘယ်သူဆီမှာရှိ့သလဲအတိအကျအထောက်အထားနဲ့တကွရှင်းပြထားတဲ့ေ...
-
စင်ကာပူသံရုံးနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းပညာ ( အခမဲ့ ) သင်တန်း V ...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
စင်ကာပူကုမ္ပဏီက နေပြည်တော်တွင် တစ်နှစ်တန် ငါးသောင်းကျ ဆန်စက်တည် If you have our sakura pink 500g pack of brown rice, we are excited t...
-
-ရေးသူ-လင်းလင်း(ကညက) ငယ်စဉ်က တရုတ်တောင်ပိုင်း ရှန်ကျန်း (Shenzhen) မြို့လေးက ဆင်းရဲနွမ်းပါးလှတဲ့ စက်ရုံအလုပ်သမားတစ်ဦး ဖြစ်ခဲ့တဲ့ အ...
-
စကာင်္ကပူမှာ တန်ဖိုးနည်းအိမ်ရာ HDB ကိုတလုံးဘဲ ပိုင်ဆိုင်ခွင့်ရှိတာပါ၊ ငွေပိုရှိလို့ နောက်ထပ် တိုက်ခန်းလေးတွေ ထပ်ဝယ်ချင်သေးရင်တော့ တန်ဖ...
-
Credit @ Ko Nge ဘယ်လိုဘဏ်တွေမှာ ဘယ်လိုငွေချေးမလဲ? ဘယ်လိုအတိုးယူလဲ? ဘယ်လိုပြန်ဆပ်ရလဲ? ဘယ်လောက်ပြန်ဆပ်ရလဲ? ဘယ်နှစ်ထိငွေချေးဌားပေးလဲ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment