Popular Posts!

Thursday, July 24, 2014

အမျိုးသားများမြုံရခြင်းအကြောင်း သိကောင်းစရာ



အိမ်ထောင်ပြုပြီးနောက် မျိုးပွားခြင်း(သားသမီးယူခြင်း) ဟာ ဇနီးမောင်နှံတွေ အတွက် မထူးဆန်းတဲ့ဖြစ်စဉ်ပါ။ ဒါပေမယ့် အိမ်ထောင်သက် တနှစ်ကျော်ကြာ လာ တာတောင် သားသမီး ပွားစီးမလာနိုင်တာကြောင့် လည်ကျွမ်းကျင်သူ ဆရာဝန်တွေနဲ့ ဆေး စစ်ကြည့်တော့မှ ဥပမာ… အိမ်ထောင်သည် ၅-စုံမှာ ၁-စုံက ယောကျာ်းဖြစ်သူရဲ့  ကျား သဘာဝ မစွမ်းဆောင်နိုင် (မြုံ)နေတာကို ကြုံတွေ့ ကြရပါတယ်။

အမျိုးသား မျိုးပွားအင်္ဂါအဖွဲ့ အစည်းကိုtestes(ခေါ်)သုက်/ဟိုမုန်းတွေကိုထုတ်ပေးတဲ့ ဥတစ်စုံ၊ ထို ဥတစ်စုံပေါ်က ducts (ခေါ်) ဖို အင်္ဂါသုက်ပြွန်တစ်ခုနဲ့ အတူ အဲဒီသုက်ပြွန်ရဲ့ အတွင်းပိုင်းတလျှောက် ဂလင်းတွေနဲ့ ဖွဲ့ စည်းတည်ဆောက် ထားပါတယ်။ အရွယ် ရောက်ပြီးသူ အမျိုးသား တစ်ဦးရဲ့ testes ဥအရွယ်ဟာ ခန္ဓာကိုယ်ကြီးထွား မှုပေါ်မူ တည်ပြီး ၁၅ မီလီလီတာ မှ ၃၅ မီလီလီတာ အထိရှိတတ်ပါတယ်။

မျိုးပွားအင်္ဂါအရွယ် အစားလူစဉ်မှီနေပြီး၊ ဖို-မ ဆက်ဆံရာမှာလည်း တစ်စုံတစ်ရာ ပြဿနာမဖြစ်၊ သုက် သွေးလွှတ် နိုင်ပါလျှက်နဲ့ အမျိုးသားတွေမြုံ ရခြင်းအကြောင်း ကတော့-

(၁) သုက်ရည်ထွက်ရှိမှုပမာဏနည်း(ခမ်း)ခြင်း
(၂) သုက်ရည်ထွက် ရှိမှုမနည်းသော်ငြား သုက်ကောင်ရည် ပမာဏ နဲပါးခြင်း
(၃) သုက်ကောင်ရည်ပမာဏ မနည်းသော်ငြား အရေ အသွေး ပြည့်ကျမ္မာတဲ့ သုက်ကောင် မဟုတ်ခြင်း
(၄) သုက်ရည်ပြွန်ပိတ်ဆို့ နေခြင်း
(၅) လိင်ဆက်ဆံစဉ် အနေအထား ပုံစံမှားယွင်းနေခြင်း
(၆) ဖိုအင်္ဂါတွင်းရှိ ဂလင်းပြဿ နာများ
(၇) ခန္ဓာကိုယ်တွင်း အပူဓာတ်များလွန်းခြင်း
(၈) အမျိုးသား အင်္ဂါပိုးဝင်ခြင်း
(၉) မျိုးရိုး ဗီဇပြဿနာ
(၁၀) မွေးရာပါ testes ရောဂါ
(၁၁) ကပ္ပါယ်အိတ်ပုံ သဏ္ဍာန်မမှန် (လိမ်ကွေးနေခြင်း)
(၁၂) ရောဂါ တခုခုကြောင့်သောက် သုံးနေရတဲ့ ပိဋိဇီဝဆေး ၀ါးရဲ့ ဘေးထွက် ဆိုးကျိုး
(၁၃)ရောဂါတခုခုကြောင့် ဓာတ်ရောင်ခြည်ဖြင့် ကုသခံထား ရသူ
(၁၄) ဖို-မ ဆက်ဆံသည့်အကြိမ်ရေ နဲလွန်းခြင်း
(၁၅) ဆီးကြိတ်ရောဂါ ရှိသူ (သို့မဟုတ်) ဆီးကြိတ် ခွဲစိပ်ခံထား ရသူ
(၁၆) ကျောရိုးဝေ ဒနာရှိသူ
(၁၇)အာရုံကြော အားနည်းခြင်း
(၁၈) အိပ်ချိန်မမှန်ခြင်း (နေ့ဘက်အိပ်ပြီး ညဘက်အလုပ် လုပ်ရ သူများ)
(၁၉) စိတ်ဖိစီး မှုများခြင်း
(၂၀) နေ့ စဉ်ညဆက် ဆိုသလို ဖို-မ ဆက်ဆံမှု အကြိမ်ရေ များ လွန်းတာကြောင့် သုက်ရည် လိုက်မှု အားနဲ လာခြင်း
(၂၁) မကြာခဏ သူ့ အလိုလို သုက်ယိုစိမ့်ခြင်း
(၂၂) သုက်လွှတ်မြန်ခြင်း
(၂၃) သားကြောဖြတ်ပြီးပြန်ဆက်ထားသူများ ….
စသည်တို့ ကြောင့် ဖြစ်ပါတယ်။


အထက်ပါ ပြဿနာအချို့ ကို သက်ဆိုင်ရာ ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း ပုံ မှန်ဆေးစား/ဆေးထိုး/ခွဲစိပ်/လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့်ကျားသဘာ ၀စွမ်းဆောင် လာနိုင်ပြီး၊ သားသမီးထွန်း ကာလာနိုင်တာကြောင့် စိတ်ဓာတ် မကျပါနဲ့ ။ ဆရာဝန်ရဲ့ ဆေး ကုသမှုကို ခံယူရင်းအောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံး (ဓာတ်စာ)လေး များဖြင့်
ကြိုးစားကြည့်စေ လိုပါတယ်။

(သုက်ကို ပွားစေသော ဓာတ်စာများ)
(၁) ကန်စွန်းရွက် (၂) ကြက်သွန်ဖြူ
(၃) ခိုသား (၄)ငါးကျည်း(ငါးကျီး)
(၅)နံ့ သာပု ဌက်ပျောသီး(မှည့်မှည့်) (၆) စာကလေး
(၇) ပိန္နဲသီးအမှည့် (၈)ပဲလင်းမြွေသီး(ခေါ်) ဗုံလုံသီး
(၉) ပဒတ်သား (၁၀) ဗူးသီး (၁၁) ဖရဲသီး
(၁၂) ရစ်ဌက်သား (၁၃) ၀မ်းဘဲသား
(၁၄) သမင်သား (၁၅) ထောပတ်သီး
(၁၆) ကြက်သွန်နီ (၁၇) ကြာစေ့
(၁၈) ရုံးပတီသီး (၁၉) အုန်းသီး
(၂၀) ထန်းမြစ်(ထန်း ပင်မြစ်)
(၂၁) လက်ပံပွင့်…စသည်တို့ ဖြစ်ပါတယ်။

(ပန်းသေး၊ ပန်းညှိုးခြင်းအတွက်ဆေးမြီးတိုများ)

(၁) ဒန့် သလွန်မြစ် နဲ့ ပရံန၀ါတို့ ကို အမှုန့် ပြု၍ အုန်းနို့ ၊ ပျားရည်တို့ ဖြင့်ရော ချက်ပြီး နံက်-ည တစ်ဇွန်းစီသောက်ပါ။ (ကာမ ခွန် အားတိုးပွားစေပါတယ်)

(၂) သုက်အားနည်း သူများ ခွေးလှေးယားစေ့၊ ဆူးလေစေ့၊ သကြားတို့ ကိုဆတူရော အ မှုန့် ဖြစ်အောင် ထောင်းပြီး နေ့ စဉ် ၆-ပဲ သားခန့် စားပြီးနောက် နွားနိ့ ပူပူသောက်ပါ

(၃) ခွေးလှေးယားသီးနု(အစိမ်း)ကိုအရိပ်ထဲမှာ ခြောက် အောင်လှန်းပြီး နွားနို့ ၂၅-ကျပ်သားနဲ့  ရောကျို၍ နေ့စဉ် တစ်ဇွန်းကျ မှီဝဲသောက်သုံးပါ (သုက်ရည်ယိုခြင်းနဲ့  ကာမကြော အားပြော့သူများ ကို ကောင်းကျိုးပြုပါတယ်)

(၄) ညဉ့် အိပ်မက်၍သုက် လွှတ်ရောဂါရှိသူများ၊ သုက်မြန်သူများ၊ သုက်ဓာတ် အားနည်းသူများ အဖို့ ခွေးလှေး ယားစေ့ ၁-ကျပ် သား၊ မိကျောင်းကွမ်းဖတ် ၁-ကျပ်သား၊ သကြား၂-ကျပ်သား ရောကာ အမှုန့် ပြု၍ နေ့ စဉ် ၆-ပဲသားခန့် ကို နွားနို့ ပူပူဖြင့်သောက်ပါ

(၅) ခွေးလှေးယားပင်မြစ် ၂-ပဲသားခန့် ကို ဖြတ်ယူ၍ ရေစင်စင် ဆေးပြီး ဖို-မ ဆက်ဆံနေစဉ် ထို အပင်မြစ်ကို ပါးစပ်ထဲ ထဲ့ငုံထား ခြင်းဖြင့်သုက်လွှတ်ခြင်းကို ကြာကြာထိန်းထားနိုင်ပါတယ်

(၆) ဂျုံမှုန့် ကိုခွေးလှေး ယားစေ့နဲ့  ရောချက်၍ အေးအောင် ထားပြီးနောက် ထောပတ်ရောသောက်ပါ။ ပြီးရင် နွားနို့ ပူပူသောက် ပေးခြင်းဖြင့် ကာမ အားတိုးစေပါတယ်

(၇)မြင်းခွာရွက် ၄-ကျပ်သား၊ ငရုပ်ကောင်း ၁-ကျပ်သားကို အမှုန့် ပြု၍ ပျားရည်ဖြင့် နံက်/ည ၆-လ တိတိ စားပေးခြင်းဖြင့် ခွန်အား ဗလကြီး၍လူပျို အရွယ်ကဲ့သို့ စွမ်းဆောင် နိုင်ပါတယ် (သို့ မဟုတ်) မြင်းခွာရွက်ကို အရည်ညှစ်၍ ပျားရည်၊ သကြားတို့ နှင့် သောက်ပေးခြင်းက ခွန်အား တိုးပွားစေပြီး အမောအပန်းခံနိုင်ပါတယ်

(၈) ပန်းသေပန်းညှိုးရောဂါရှိ သူများ ငါးဖရုံကို မီးကင်ပြီး ကြိတ်မှန်ရွက်ဖြင့် အသုပ်သုပ်စားပါ

(၉) ကျွဲခေါင်းသီးကို မှုန့် ညက်နေအောင်ပြုပြီး နွားနို့ဖြင့်စိမ်သောက်ပေးခြင်းဖြင့် သုက်ခမ်းရော ဂါပျောက် ကင်းပြီး၊ သုက်ဓာတ်ပွားလာစေပါတယ်

(၁၀) ငရန့် ပတူပင် မြစ်ကို ပြစ်ပြစ်သွေး၊ နှမ်းဆီနဲ့ ရောပြီး တကိုယ်လုံးလူးပေးခြင်းဖြင့် အားကုန်ခမ်းခြင်းကိုမဖြစ်စေတော့ပါဘူး

(၁၁)ကာမ သတ္တိလျော့ နည်းသူများ ကျည်းနီသီးအဆန် ကိုဗူးသီး အနှစ်ဖြင့်ရောကြိတ်ပြီး လိင်တံ မှာ လိမ်းကျံပေးခြင်းဖြင့် ကြီးထွားတောင့်တင်းခိုင်မာ လာ စေပါတယ်

(၁၂) ပန်းသေရော ဂါအတွက် ကျည်းနီသီး အဆန်ကို ပေါက်ပန်းဖြူ သတ္တုရည်ဖြင့် တွဲဖက်သောက်ပါ

(၁၃) ခွေးတောက်ရွက်ကသွေးကိုပွားစေပြီး၊ ကာမကိုအားပေး တာကြောင့် ခွေးတောက် ရွက်ကို ဘဲဥနဲ့ကြော်စားပါ

(၁၄) ဖန်ခါးသီးကို အမှုန့် ပြုလုပ်၍ ပျားရည်၊ ထောပတ်တို့ နှင့်ရောနှောသောက်သုံးပါက ခွန်အားဖြစ်စေပါတယ်

(၁၅)လိင်သန်မာကြီး ထွားစေဖို့  ထိကရုံး ပင်မြစ်နဲ့  ဒဟတ်သစ်ကိုင်းမြစ်တို့ကိုကြိတ်၍ ထောပတ်အနည်းရောလိမ်းပါ

(၁၆) ပရန္န၀ါကိုပါးပါးလှီး၍ ဒန့်သလွန်ပွင့်၊ အုန်းသီးရင့်ရင့် နှင့်ရောစပ်ကာ ပျား ရည်ဖြင့်ကျို ချက်ပါ။နံက်/ည စားပွဲတင်ဇွန်း ၁-ဇွန်း စီ စားပေးခြင်းဖြင့် အားနည်းမောပန်း
ခြင်းနဲ့  ပန်းသေပန်းညှိုးရောဂါတို့ ကို ပျောက်ကင်းစေပါတယ်

(၁၇)ကညွတ်စားပါ (သို့ မ ဟုတ်) ကညွတ်ဥကို နွားနို့ နှင့်အတူ နို့ ထမင်းကဲ့သို့ပြုလုပ်စားပေး ပါက ကာမအားတိုး၍ သုက်ပွား စေပါတယ်

(၁၈) နတ်ဆေးဂမုန်း အခြောက်မှုန့်  ၂-ကျပ်သား၊ ပျားရည် ၅၀-ကျပ်သား၊ ထောပတ် ၂၅-ကျပ်သားတို့ ကို သမအောင်ရော စပ်၍ နေပူပူမှာ ၇-ရက်လှမ်းပြီးနောက် ဖန်ပုလင်းထဲ သိမ်းထားပြီး၊နံက်/ည စားပွဲတင်ဇွန်း ၁-ဇွန်းစီ စားပေးပါ။ ထိုဆေးက ပန်းသေ ပန်းညှိုး၊အင်အား ကုန်ခမ်းမောပမ်း လွယ်ခြင်း အတွက် အသုံးဝင်လှပါတယ်

(၁၉)ဖလံတောင်ဝှေးကို ငါးခူနဲ့  ချက်စားပါက၊ ကာမအားကိုဖြစ်စေ ပါတယ်

(၂၀) ဆိတ်ဖလူးပန်း ပွင့်ကိုအခြောက်လှမ်းအမှုန့်ထောင်းပြီး သကြားနဲ့ဆ တူရော စပ်သောက်ပေးခြင်းဖြင့် အမျိုးသားများ သုက်အားနည်းခြင်းကိုကုသနိုင် ပါတယယ်

(၂၁) ပင်စိမ်းရွက်ကို ဆိတ်သား၊ ငုံးသားတို့ နဲ့ကြော်စားပါက ပန်းညှိုးရော ဂါပျောက်၍ ခွန်အားနဲ့ သုက်ကို ပွားစေပါတယ် (သို့မဟုတ်) ပင်စိမ်းပင်အစေ့များ၊ ထန်းလျက်၊ ပျားရည်တို့ ကိုဆတူရောစပ်ပြီး နံက်အိပ်ယာထ၊ ညအိပ်ယာဝင် လ္ဘက်ရည် ဇွန်း ၁-ဇွန်းစီ မှန်မှန်စားပေးပါ

(၂၂)မဉ္ဇူပန်း (၄ နာရီပန်း) ကို နေပူလှန်း၍ ရလာသော အခြောက်ကို ရေနွေးကြမ်းသောက်သကဲ့သို့  ခတ်၍သောက်ခြင်းက ကာမအားကို တိုးပွားစေပါတယ်

(၂၃) ဗာဒံစေ့၅-လုံး၊ ငရုတ်ကောင်း ၅-စေ့၊ ချင်းခြောက် ၂-ပဲသား တို့ ကိုသကြားသင့်သလိုထည့်ကာ သမအောင်ရော နယ်၍ ညက်ညက်ဝါးပြီမှ မျိုချ ပါ။ ပြီးရင်နွားနို့ ပူပူ တစ်ခွက်ကို တငုံချင်းသောက်ပါ။ ဤအချိုးအဆအတိုင်း ညအိပ်ခါနီး
သောက်ပေး ခြင်းဖြင့် သုက်ထွက်မြန်သူ၊ သုက်လွှတ်မြန်သူ၊ သုက်ဓာတ်ခိုင်မာမှုမရှိသူ များ ကိုကောင်းကျိုးပြုပါတယ်

(၂၄) ဇာတိပ္ဖိုလ်သီး ကိုသုက်ထိန်းဆေး အဖြစ် မြန်မာ့ တိုင်းရင်းဆေးဝါး ဖော်စပ်ရာတွင်အသုံးပြုကြပါတယ်

(၂၅) ပန်းသေပန်းညှိုးခြင်း နဲ့ အကြော အားနည်းခြင်း တို့အတွက် ခပေါင်းကြီး ပင်(ခပေါင်း ခါး)ရွက်ကို အခြောက်ခံ အမှုန့် ပြု၍ ပျားရည်ဖြင့်ရောစားပေးပါ (သို့ မဟုတ်) ခပေါင်းကြီးစေ့ ၄-ပဲသားကို ငရုပ်ကောင်းစေ့ ၂-စေ့ ရောစပ်၍ စားပါ

(၂၆) ဆီးအတွင်းမှ သုက်များယိုစီခြင်း အတွက် မြေဇာမြက်ကို အခြောက်ခံ မှုန့် ပြု၍ ဒိန်ချဉ်ဖြင့် ရောသောက်  ပါ။

(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း American Daily Health Tips + မြန်မာ့ဆေးမြီးတိုများ)
--
by *promise.pauk*



Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!