Popular Posts!

Thursday, July 24, 2014

Brand New ကားအရောင်းပြခန်းများကို အစီး ၃၀၀ ကျော်အထိ တင်သွင်းရောင်းချခွင့်ပြု

Brand New ကားအရောင်းပြခန်းများကို အစီး ၃၀၀ ကျော်အထိ တင်သွင်းရောင်းချခွင့်ပြု

ချက်ဗလက်ကားအရောင်းပြခန်းတွင် ပြသထားသော ကားတစ်စီး (ဓာတ်ပုံ − ကျော်ဇင်သန်း)
 Brand New ကား အရောင်းပြခန်းများကို ယခင်အစီး ရေတစ်ရာကျော်သာ တင်သွင်း ရောင်းချခွင့်ပြုထားပြီး ယခု အစီး သုံးရာကျော်အထိ တင်သွင်း ရောင်းချခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သတင်းရရှိ သည်။
ဈေးကွက် လိုအပ်ချက်နှင့် ပြည်ပမှ လာရောက်ဖွင့်လှစ်သည့် ကားအရောင်းပြခန်းများ၏ နှစ် စဉ်မော်ဒယ်အသစ်များထုတ်လုပ် နေခြင်းကြောင့် ကားအရောင်းပြ ခန်းများတွင် အစီးရေတိုးမြှင့်ခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး က ပြောသည်။
ကားအရောင်း ပြခန်းများ ဘက်မှ တောင်းဆိုထားမှုကို ဌာန က ယခုလိုလိုက်လျောခြင်းမှာလုပ် ငန်းရှင်များအတွက် များစွာအဆင်ပြေပြီး နိုင်ငံတကာတွင် လစဉ်ထွက်ပေါ်နေသည့် တန်ဖိုးကြီး Brand New ကားများကို ယခင် ကထက် ပိုမိုတင်သွင်းနိုင်တော့ မည်ဖြစ်ကြောင်း ဆာကူရာကား အရောင်းပြခန်းမှ ဦးဌေးအောင် က ဆိုသည်။
Brand New ကားအရောင်း ပြခန်းများမှ ကားတင်သွင်းခွင့်ကို ပြီးခဲ့သည့် ၂၀၁၄ ဇန်နဝါရီမှ စတင်ကာ အရောင်းပြခန်းတစ်ခု လျှင် အစီးတစ်ရာတင်သွင်းခွင့်ပြု ခဲ့သည်။
သုံးလအကြာတွင်  အစီး ၁၅၀ အဖြစ် တိုးချဲ့တင်သွင်းခွင့် ပြုခဲ့ပြီး ယခု ခြောက်လအကြာ တွင် အစီး ၃၀၀ ကျော်အထိ တင် သွင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
 လက်ရှိ အရောင်းပြခန်း အများစုတွင် ဝယ်လိုအားများနေ သော်လည်း အစိုးရက တစ်နှစ် လျှင် အစီး ၁၀၀ ကျော်သာ တင် သွင်းခွင့်ပြုခဲ့ခြင်းကြောင့် ဝယ်လို အားရှိသော်လည်း ရောင်းချပေး ရန် အစီးရေ မလောက်ငမှုများနှင့် ကြုံတွေ့နေရကြောင်း Brand New ကားအရောင်းပြခန်းပိုင်ရှင် အချို့က ပြောသည်။
ပြီးခဲ့သည့်အပတ်က Brand New ကားအရောင်းပြခန်း အချို့မှ Ford ကားအရောင်းပြခန်းက ၎င်းတို့၏ ပထမနှစ်ဝက်ကားအရောင်းရစာရင်းကို ကြေညာခဲ့ရာ အစီးရေ ၂၀၀ ကျော်အထိ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။
အချို့ Brand New ကား အရောင်း ပြခန်းများကလည်း ပထမနှစ်ဝက်တွင် ကုမ္ပဏီမှ ကား အရေအတွက် မည်မျှရောင်းချနိုင် ခဲ့သည်ဆိုသောစာရင်းကို ထုတ် ပြန်ကြေညာရန် ပြင်ဆင်လျက်ရှိ သည်။
ရန်ကုန်မြို့တွင် နာမည်ကျော်ကားအရောင်းပြခန်းအများစု လာ ရောက်ဖွင့်လှစ်နေပြီဖြစ်ရာ လက် ရှိတွင် ဖို့ဒ်၊ လန်ရိုဗာ၊ ဂျာဂွါ၊ ချက် ဗလက်၊ မာစီးဒီးဘင့်ဇ်၊ တိုယိုတာ၊ နစ်ဆန်း၊ မာဇဒါ၊ KIA၊ ဟွန်ဒိုင်း အစရှိသော ကားအရောင်းပြခန်း များ စတင်ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ပြီး BMW၊ အော်ဒီ၊ ဗောက် ဝက်စ်ဂွန် အစရှိသော နာမည် ကြီးကား အရောင်းပြခန်းများ လည်း ထပ်မံဖွင့်လှစ်ရန်ပြင်ဆင် လျက်ရှိသည်။
Ref:7daydaily.com

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!