Popular Posts!

Saturday, August 30, 2014

မြန်မာ့ အိမ်ခြံမြေ ဈေးကွက် နောက် မှာ ဂျော့ဆော့ရောစ် ရဲ့  လက်မည်းကြီး ရှိနေ

သတင်ဟောင်းလေးပါ.... ဒါပေမဲ့တရုတ်နှင့် အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးကစားကွက်တွေပါနေလို့          အိမ်ခြံမြေကစားနေကျတဲ့ အမိမြေကလူတွေ သတိထားမိအောင်  တင်ပေးလိုက်တာပါ...

မြန်မာ့ အိမ်ခြံမြေ ဈေးကွက် နောက် မှာ ဂျော့ဆော့ရောစ် ရဲ့  လက်မည်းကြီး ရှိနေ



by FNG on February 13, 2014
soros5


မြန်မာ နိုင်ငံ ရဲ့ အိမ်ခြံမြေ ဈေးကွက် ကို အမေရိကန် ဘီလျှံနာ သူဌေးကြီး  ဂျော့ဆော့ရောစ် နဲ့  ဆက်စပ် မှု ရှိ တဲ့ စီးပွား ရေး အဖွဲ့  အစည်း တွေ ရဲ့ အမှီအခို ကို ရယူထား တဲ့ မြန်မာ နိုင်ငံက စီးပွားရေး အဖွဲ့   အစည်းတွေ က ၀ယ်ယူထား တာ ဖြစ် တယ် လို့  မြန်မာ့ အိမ်ခြံ မြေ ဈေးကွက် မှာ အထင်  ကရ ဖြစ် တဲ့ အကျိုးဆောင် တစ်ဦး က FNG ကို ပြောပါတယ်။
၂၀၁၀ ခုနှစ် လောက် မှာ ကျပ် သိန်း တစ်ထောင် ပေါက် ဈေးလောက် သာ ရှိ တဲ့ ရန်ကုန်မြို့  လည် က မြေကွက် တစ်ခု ဟာ နောက် သုံးနှစ် ကျော်လောက် အကြာမှာ တော့ မယုံ နိုင် လောက် အောက် ကြောက်ခမန်းမန်းလိလိ ဈေးနှုန်း တွေ ဖြစ် သွား တာ ဟာ ဆော့ရောစ် ရဲ့  ကွမ်တန်ဖန် က ကျွမ်းကျင်သူ တွေ ကိုယ်တိုင် ရန်ကုန် မြို့  ကို လာ ရောက် လေ့လာခဲ့ ပြီး ၀ယ်ယူ ရမယ့် တည် နေရာတွေ ကို အသေးစိတ် ညွှန်ကြား ပြီး ဒေါ်လာသန်း ရှစ် ထောင် လောက် သုံးကာ အသေးစိတ် ၀ယ်ယူ စီစဉ် မှု ပြု ခဲ့ တာ ကြောင့် လို့  သိရ ပါတယ်။
ဆော့ရောစ် ကြောင့် အိမ်ခြံမြေ ဈေး တက် ပေ မယ့် ၊ သူ က ” ပြန်ရောင်း လိုက်တော့ ကွာ” လို့  ညွှန်ကြား လိုက် တဲ့ အချိန် ဒါမှမဟုတ် ငွေကြေး နဲ့  နိုင်ငံရေး ကစား လို တဲ့ အခါ မျိုး မှာ တစ်လုံး တစ်ခဲ ထုတ်ရောင်းဖို့  မှာကြားလိုက်ရင် မြန်မာ ဟာ ၁၉၉၇ ထိုင်း အိမ်ခြံမြေ ဈေးကွက် ပြို ကွဲ မှု လို မျိုးထက် ဆိုး ရွား ဖွယ် ရှိ တယ် လို့   ရန်ကုန် မြို့  က စီးပွားရေး မဂ္ဂဇင်း တစ် စောင် က အယ်ဒီတာ တစ်ယောက် က FNG ကို ပြောပါတယ်။
၁၉၉၇ ခုနှစ် အရှေ့  တောင် အာရှ နဲ့  အာရှ စီးပွား ပျက် ကပ် ဖြစ် ပေါ်ခဲ့ ရာ မှာ ထိုင်းမှာ တော့ ချာဗလစ် ယောင်ချိုင် ယုဒ် နှုတ် ထွက် ခဲ့ ရ ပြီးအင်ဒိုနီးရှား မှာ ဆူဟာ တို ပြုတ် ကျ ခဲ့ ပါတယ်။
သူဌေး ကြီး ဂျော့ ဟာ မြန်မာ နိုင်ငံ ကို လာရောက် လည် ပတ် ခဲ့ ဖူး ပြီးသမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် တို့  တွေ ဆုံ ခဲ့ ပြီး ၈၈ မျိုးဆက်နဲ့  တွေ့ ဆုံ စဉ် မှာ တော့ ကိုကိုကြီး ကို လိုရာသုံး ဖို့  မုန့် ဖိုးအမေရိကန် ဒေါ်လာ ခြောက် သောင်း ကျော် ပေး ခဲ့ သူ လည်း ဖြစ် ပါတယ်။
ဆော့ရောစ် ရဲ့ မြန်မာ နိုင်ငံ ကွန်ယက် မှာ အရေး ပါတဲ့ စစ်ဗိုလ် ချုပ် တွေ ၀န်ကြီး တွေ ပါဝင် ပြီး အိမ်ခြံမြေ ၀ယ်ယူရေး အစီအစဉ် မှာ Quantum Fund  နဲ့  ဆက် စပ် တဲ့ လုပ် ငန်း တွေ ဖျောင့် ဖြူး စေဖို့  မြန်မာ အရာ ရှိ ကြီးတွေ ကကူ ညီ ခဲ့ ကြ ပါတယ်။
သူဌေးကြီး ဆော့ရောစ် နဲ့  ဆက် စပ် တဲ့ အဖွဲ့  က တော့ ပြန် ပြီး ကြည့် တဲ့ အနေနဲ့  ဗိုလ်ချုပ်တွေ ၊ ၀န်ကြီး တွေ ကို အိမ် အကောင်းစား တွေ ပြန် ပြီး လက် ဆောင် ပေး  ခဲ့ တယ် လို့  သိရ ပါတယ်။
ဂျော့ဆော့စ်ရောစ် ဟာ အရှေ့  ဥရောပ နိုင်ငံ တွေ ဒီမိုကရေစီ အသွင် ပြောင်းခါစ မှာ ခု လို ပဲ အိမ်ခြံမြေ တွေ ၊ စက်ရုံ တွေ ၊ ဟိုတယ် တွေ ကို ၀ယ် ယူ ပြီးဈေးတက် အောင် လုပ် ခဲ့ ပါတယ်။
မြန်မာ နိုင်ငံ ရန်ကုန် မြို့  က အိမ် ခြံ မြေ အကျိုးဆောင် တစ်ဦး ကတော့ “ရန်ကုန် အိမ် ဈေးကွက် ဘယ်လို ဆက် ဖြစ်မလဲ တော့ မခန့်  မှန်းတတ်သေးဘူး” လို့  ပြော ပါတယ်။
မြေဈေး တွေ တက် တာ ကြောင့် လည်း ယခင် စစ်အစိုးရ လက်ထက် မှာ မြေသိမ်းခခံရ သူ တွေ က ပြန်လည် ရရှိ ရေး ဆန္ဒ ပြ မှု တွေ ကြုံရ တာ ဟာ လည်း ဦးသိန်းစိန်အစိုးရ အတွက် ခေါင်းခဲ စရာ ဆက် ဖြစ် နေ ပြီး အချုပ် အား ဖြင့် ဆိုရင် တော့ ယခင်စစ် အစိုးရ ရော လက် ရှိ အစိုးရ ကို ပါ စုပ်လည်းဆူး စား လည်း ရုး လုပ်ထားတဲ့ဆော့စ်ရောစ် ရဲ့ မဟာဗျုဟာ တွေ ထဲ က တစ်ခု မျှ သာ ဖြစ် ပါတယ်။
ဤ သတင်း ကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့  ရှိ FNG သတင်းဌာန ခွဲ မှ ရေးသားတည်း ဖြတ် မှု ပြု သည်။

Ref:freedomnewsgroup

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!