Popular Posts!

Tuesday, August 19, 2014

ဝက်သားနီချက်


ဝက်သားနီချက်

Pork_Red_Curry4
မြန်မာဟင်းလက်ရာ ၀က်သားနီးချက်ပါ။ ၀က်သားနီချက်မှာ သကြားကို ဆီသပ်တာက အဓိက ကြပါတယ်။ သကြားနီညှိရောင်သန်းသွားမှ ၀က်သားထည့်ကာ ၀က်သားနီသည်အထိ လုံးချက်ရတာမို့ ၀က်သားနီချက်လို့ ခေါ်ကြတာပါ။ အရသာ ချိုချဉ် အရသာလေးနဲ့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းတခွက်ဖြစ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ၀က်အဆီနဲ့အသား (သို့) ၀က်သားသုံးထပ်သား – ၅၆၀ ဂရမ် (၃၅ကျပ်သား) (အတုံးကြီးများ တုံးထားပေးပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ငရုတ်သီးပွပု အနီ – ၂ခု (ပြုတ်ပြီ အစေ့ထုတ်ကာ ညက်အောင် ထောင်းပါ)
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း အမောက်
  • ငပိ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မကျဉ်းရည်အနှစ် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ကြက်သွန်ဖြူ – ၃မွှာ (မညက်တညက် ထောင်းပါ)
  • ကြက်သွန်နီ – ၂လုံး (မညက်တညက် ထောင်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ၀က်သားများကို နုပ်ထားရန်ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။
Pork_Red_Curry1
၂။ ပြီလျှင် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် သကြားများထည့်ကာ သကြားနီညှိရောင်သန်း လာသည်အထိ ကြော်ပေးပါ။
၃။ သကြား နီညှိရောင်သန်းလာလျှင် နုပ်ထားသော ၀က်သားများကို ထည့်ကာ ၂-၃မိနစ်ခန့် လုံးချက်ပေးပါ။
Pork_Red_Curry2
၎။ ပြီနောက် ငရုတ်သီးအနှစ်၊ ငပိ၊ ကြက်သွန်နီ(ပါးပါးလှီး) တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။
၅။ ထို့နောက် ဒယ်ထဲ ရေ(၁ခွက်)ထည့်ကာ ၀က်သား ဆီပြန်သည်အထိ အဖုံးအုပ်ကာ ချက်ပေးပါ။
၆။ ပြီလျှင် ၀က်သားမနူးမခြင်း ရေ(၁ခွက်) ခြင်းစီ ထပ်ခါထပ်ခါ ထည့်ချက်ပေးပါ။
မှတ်ချက်။ ။ ၀က်သားချက်ရာတွင် တခါတည်း ရေအများကြီး မထည့်ပါနှင့်..
ရ။ ၀က်သားနူးအိပြီ ဆီပြန်ပြီဆိုလျှင် မကျည်းရည်ထည့်ကာ ရောမွှေပြီ မီးပိတ်လိုက်ပါ။
Pork_Red_Curry3
၈။ အရသာရှိပြီ ထမင်းမြိန်စေမယ့် ၀က်သားနီချက်ဟင်းကို ထမင်းပူပူလေးဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ…
Pork_Red_Curry4

Ref:Wutyee Food House

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!