Popular Posts!

Thursday, August 7, 2014

သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပြုသည့် ပစ္စည်းများ

အောက်ဖော်ပြပါပစ္စည်းများအပေါ်တွင် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုထားပါသည်-
(က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်သည့် ပြည်ပအဖွဲ့ အစည်းများ၊ နိုင်ငံခြားကုမ္ပဏီများက လုပ်ငန်းတွင် အသုံးပြုရန် အတွက် ပြည်ပမှတင်သွင်းလာသည့် အောက်ဖော်ပြပါပစ္စည်းများ-
မှတ်ချက်။ (ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၁၃-၁၁-၉၀ ရက်စွဲပါအမိန့်စာအမှတ် ၁/၉၀)
(၁) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတ်မှတ်သည့်နိုင်ငံခြားမတည်ငွေရင်းအရလုပ်ငန်းတည်ဆောက်မှုကာလအတွင်း အမှန်တကယ်   အသုံးပြုရန်လိုအပ်၍ တင်သွင်းသည့် စက်ကိရိယာအစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ၊
(၂) လုပ်ငန်းတည်ဆောက်မှုပြီးစီး၍ ပြည်ပသို့ကုန်ချောထုတ်လုပ်ရောင်းချရန် အလို့ငှာ ပထမ(၃)နှစ်အတွက် ကုန်ထုတ်လုပ်ရန် တင်သွင်းသည့် ကုန်ကြမ်းများနှင့် ထုပ်ပိုး ပစ္စည်းများ။
(ခ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏  ခွင့်ပြုမိန့်ဖြင့်   မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံသားကုမ္ပဏီ များက လုပ်ငန်းတွင် အသုံးပြုရန် အတွက် ပြည်ပမှ တင်သွင်းလာသည့် အောက်ဖော်ပြပါပစ္စည်းများ-
မှတ်ချက်။ (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၃၀-၁၀-၉၈ ရက်စွဲပါ အမိန့်စာ အမှတ် ၁၆/၉၈)
(၁) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ငန်းထူထောင် ဆောင်ရွက်ရန်အတွက်ပြည်ပမှ  တင်သွင်းခွင့်ပြုထားသည့်တန်ဖိုးအရ   လုပ်ငန်းတည်ဆောက်မှုကာလ
အတွင်း အမှန်တကယ်အသုံးပြုရန်လိုအပ်၍ တင်သွင်းလာသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင်တန်ဆာပလာများ၊ လုပ်ငန်းသုံးပစ္စည်းများ၊
(၂) လုပ်ငန်းတည်ဆောက်မှုပြီးစီး၍ ကုန်ချောထုတ်လုပ်ရန် အလို့ငှာ ပထမ(၃)နှစ် အတွင်း ကုန်ချောထုတ်လုပ်ရန် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများ၊
(ဂ) အများပြည်သူတို့၏ဆေးဝါးကုသမှုခံယူရာတွင် သက်သာချောင်ချိရေးနှင် ပြည်သူ့ကျန်းမာရေးတိုးတက်မြင့်မားမှုကိုအထောက်အကူပြုစေရန် အလို့ငှာနိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကဖြစ်စေ၊ပုဂ္ဂလိကပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကဖြစ်စေ၊ ပြည်ပမှ မြန်မာနိုင်ငံအတွင်းသို့တင်သွင်းလာသည့် ဆေးဝါများနှင့်ယင်းဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းပစ္စည်း (၃၆)မျိုးနှင့် (၃၁)မျိုး
(ဃ) လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်အတွက် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကဖြစ်စေ၊ ပုဂ္ဂလိက ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်များကဖြစ်စေ၊ ပြည်ပမှ မြန်မာ ပြည်အတွင်းသို့ တင်သွင်းလာသည့် အောက်ဖော်ပြပါ ပစ္စည်းများ-
မှတ်ချက်။ (ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၁-၂-၉၃ ရက်စွဲပါအမိန့်စာအမှတ် ၂/၉၃)
(၁) ဓာတ်မြေသြဇာ။
(၂) လယ်ယာသုံးကိရိယာများ။
(၃) လယ်ယာသုံးစက်ပစ္စည်းများ။
(၄) ပိုးသတ်ဆေးများ။
(င) မြန်မာနိုင်ငံကို ဖြတ်သန်း၍ တစ်ဆင့်သယ်ယူလာသည့်ပစ္စည်းများ
မှတ်ချက်။ (ကုန်သွယ်ရေးဝန်ကြီးဌာန၏ ၃၁-၅-၁၉၉၁ ရက်စွဲပါအမိန့်စာအမှတ် ၃/၉၁)

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!