Popular Posts!

Tuesday, August 12, 2014

Blu-ray disc ထက် အချက်အလက်သိုလှောင်နိုင်မှု အဆပေါင်း ၃၇၀၀ ပိုများတဲ့ ကက်ဆက်ခွေ မျိုးဆက်သစ် ကို Sony ချပြ


Blu-ray disc ထက် အချက်အလက်သိုလှောင်နိုင်မှု အဆပေါင်း ၃၇၀၀ ပိုများတဲ့ ကက်ဆက်ခွေ မျိုးဆက်သစ် ကို Sony ချပြ



CD ခွေတွေ စတင်ပေါ်ထွက်လာပြီးကတည်းက နေရာပျောက်ခဲ့ရတဲ့ ကက်ဆက်ခွေတွေရဲ့ အခန်းကဏ္ဍကို ပြန်လည်အသက်သွင်းဖို့ အတွက် Sony ကော်ပိုရေးရှင်းရဲ့ ကြိုးပမ်းချက်ပါ။

ဂျပန်စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Sony ဟာ ၁၈၅ TB ( Gb ၁၈၉၄၄၀) ပမာဏ အချက်အလက်သိုလှောင်နိုင်တဲ့ ကက်ဆက်ခွေမျိုးဆက်သစ်ကို စတင်ဖန်တီးလိုက်ပါပြီ။

တစ်ကိုယ်ရည်သုံးသာမက အချက်အလက်ပမာဏအမြောက်အများကို သိုလှောင်ထားဖို့ လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့ အစည်းတွေအတွက် အထူးဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။

သံလိုက်အမှုန့် တွေ ဖုံးအုပ်ထားတဲ့ ဒီ သံလိုက်တိပ်ခွေတွေကို လက်ရှိ လူထုဆက်သွယ်ရေးလမ်းကြောင်း တွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီး ဒေတာပမာဏ ၂.၅ TB ကို မှတ်သားထားနိုင်ပါတယ်။

အရင်တုန်းကတော့ ဒီလောက်များပြားတဲ့အချက်အလက်ပမာဏကို သိုလှောင်နိုင်ဖို့ အတွက် နည်းပညာကုမ္ပဏီတွေဟာ ဒေတာတွေကို သိမ်းထားမယ့် သံလိုက်ဓာတ်အမှုန်တွေရဲ့ အရွယ်အစားကို ချုံ့ ပစ် ဖို့ လိုအပ်ပြီး ဒါဟာ တော်တော်ခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒီလုပ်ငန်းစဉ်တော်တော် များများကလည်း ထင်သလောက်အကျိုးမဖြစ်ခဲ့ပါဘူး။

Sony ရဲ့ တိပ်ခွေသစ်တွေမှာ နည်းပညာသစ်တစ်ခုကို အသုံးပြုထားပြီး အာဂွန်အိုင်းယွန်းတွေကို ပေါ်လီမာဖလင်ပြားပေါ် ပစ်လွှတ်ခြင်းအားဖြင့် အပြည့်အ၀ကောင်းမွန်တဲ့ ခရစ္စတယ်အမှုန်တွေကို တိကျတဲ့တစ်သမတ်ပုံစံအတိုင်း ရရှိပြီး အထူအားဖြင့် ၅ မိုက်ခရိုမီတာ သာ ရှိပါတယ်။ ဒီ အမှုန် သုတ်ကပ် ခြင်းနည်းပညာနဲ့ ချောမွေ့ နူးညံ့တဲ့ သံလိုက်အလွှာတစ်ခုကို ပြုလုပ်နိုင်ခြင်းကြောင့် Sony ဟာ ခရစ္စတယ်အမှုန် တွေကို သူတို့ ရဲ့ပုံစံမပျက် အရွယ်အစားချုံ့ နိုင်မှာ ဖြစ်ပါတယ်။

ဒီ Sony တိပ်ခွေတွေဟာ FujiFilm နဲ့ IBM တို့ ၂၀၁၀ ခုနှစ်က ထုတ်ခဲ့တဲ့ ဒေတာသိုလှောင်နိုင်မှု ၃၅ TB ရှိတဲ့ တိပ်ခွေတွေထက် ငါးဆ ပိုပြီး သိုလှောင်နိုင်မှု များပါတယ်။

ဒီမျိုးဆက်သစ် တိပ်ခွေတွေကို ရောင်းချနိုင်ဖို့ အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီနည်းပညာကို ပိုမိုထိရောက်အသုံးတည့်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Sony က ပြောကြားခဲ့ပါတယ်.
Ref:http://www.trend.com.mm/2014/05/06/tech-2944


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!