Popular Posts!

Friday, September 12, 2014

ဒံပေါက် ဖောက်နည်း

ဒံပေါက်(၆)ပွဲစာ




***... ကြက်သား ကို နယ်ပြီးနှပ်ထားရန် လိုအပ်သောအရာများ….

4 cloves (လေးညှင်း)
5 green cardamon (ဖာလာစေ့)
2 tbsp lime juice (သံပရာရည်)
3 bay leaf (ကလဝေးရွက်)
3 tbsp fried onions (ခြောက်အောင်အောင်ကြော်ထားသော ကြက်သွန်နီ အကြွပ်ကြော်)
3 tbsp shredded coriander leaves (ပါးပါးလှီးထားသော နံနံပင်)
3 tbsp shredded mint leaves (ပါးပါးလှီးထားသော ပူစီနံ)
1 tbsp ginger paste (ထောင်းထားသော ဂျင်း အနှစ်)
1 tbsp garlic paste (ထောင်းထားသော ကြက်သွန်ဖြူ အနှစ်)
1 tsp coriander powder (နံနံစေ့ အမှုန်.)
1 tsp cumin powder (ဇီယာစေ့ အမှုန်.)
2 tbsp paprika powder (အရောင်တင်မှုန်.)
1 cinnamon stick (သစ်ဂျပိုး)
2 tbsp chicken powder (အရသာမှုန်.)
3 tsp salt (ဆား)
1 tsp turmeric powder (နနွင်းမှုန်.)
1 tsp black cumin (အမည်းရောင် ဇီယာစေ့)
1 tsp white cumin
4 pinches saffron (ကုံကုမံ) soaked in 3 tbsp milk
6 tbsp yoghurt (ဒိန်ချဉ်)
7 tbsp oil

အထက်ပါ spice များနှင့် ကိုယ်လိုချင်သော ပုံစံခုတ်ထားသော ကြက် ၁ ကောင် (သို့မဟုတ်) နှစ်ပိုင်းစီ ဖြတ်ထားသော ကြက်ပေါင် ၆ ခုကို နယ်ကာ အနည်းဆုံး ၃ နာရီ (သို့) ရေခဲသေတ္တာထဲ တစ်ညအိပ် နှပ်ထားပါ။ (ရေခဲသေတ္တာထဲ တစ်ညအိပ် နှပ်ထားလျှင် မချက်ခင် ၁ နာရီခန့် ကြိုတင်ကာ အခန်းအပူရှိန်မှာ ထားပြီးမှ ချက်ပါ။)

***... ၅၀% ပဲ ကျက်သည့် ထမင်းချက်ရန် လိုအပ်သည်များ….

Basmati ဆန် – ၅ ခွက် (rice cooker တွင် ပါသောခွက်)
ရေ -၂၅ ခွက် (rice cooker တွင် ပါသောခွက်)
2 tsp black cumin (အမည်းရောင် ဇီယာစေ့)
5 black pepper corn (မထောင်းထားသော ငရုတ်ကောင်းစေ့)
4 bay leaves ( ကလဝေးရွက်)
5 cloves (လေးညှင်းပွင့်)
5 green cardamom (ဖာလာစေ့)
7 tbsp salt (ဆား)
2 tbsp ghee (ကုလား ထောပတ်)

ဆန်ကို ၂ ခါ ဆေးကာ ရိုးရိုး ရေအေးနှင့် မိနစ်( ၃၀) စိမ်ထားပါ၊၊ ပြီးလျှင် ရေစစ် ထားပါ။

ရေ(၂၅)ခွက် (rice cooker တွင် ပါသောခွက်) ကို ဆူအောင်တည်ပါ။

ဆူလာလျှင် ထမင်းချက်ရာတွင် ထည့်ရမည့် black cumin, black pepper corn, bay leaves, cloves, green cardamon, salt နှင့် ghee ကို ရေဆူဆူ ထဲ ထည့်ကာ တစ်မိနစ် ထားပါ။

ပြီးလျှင် စစ်ထားသော ဆန်ကိုထည့်ကာ high heat ဖြင့် ငါးမိနစ် ထပ်ဆူခိုင်းပါ။

ငါးမိနစ်ပြည့်သည်နှင့် ချက်ချင်းရေစစ်ပါ။ (ဆန်ကို ၅၀% ပဲ ကျက်စေရန်ဖြစ် ပါသည်။)

***... ဒံပေါက်ချက်ရန် လိုအပ်တာလေးတွေ…

အရသာများဖြင့် နယ်ပြီး နှပ်ထားသော ကြက်သား
၅၀% ကျက်အောင်ချက်ထားသော ထမင်း
ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
2 pinches of red color
3 pinches of saffron (ကုံကုမံ)
နွားနို့ (milk) – ထမင်းစားဇွန်း ၃ ဇွန်း
baby peas (ပဲစိမ်းစေ့) – အနည်းငယ်
စပျစ်သီးခြောက် – အနည်းငယ်

မကပ်၊ မတူးနိုင်သည့် ဖင်ထူသော အိုးကို high heat ဖြင့် ၁ မိနစ် အပူပေးကာ ထိုအိုးထဲသို့ နယ်ထားသော ကြက်သားအစိမ်းများ ဖြန့်ထည့်ပါ။

ကြက်သားအပေါ်မှာ ၅၀%ကျက်နေသောထမင်းကို ဖြန့်ထည့်ပါ၊

ထမင်းပေါ်ကို ဆီ ထမင်းစားဇွန်း ၅ ဇွန်း ဖြန့်ထည့်ပါ။

2 pinches of red color & 3 pinches of saffron ထဲ့ဖျော်ထားသော နွားနို့ – ထမင်းစားဇွန်း ၃ ဇွန်းကို ထမင်းပေါ်ဖြူးပါ၊၊

baby peas (ပဲစိမ်းစေ့) နှင့် စပျစ်သီးခြောက် အနည်းငယ်ကို ဖြူးပြီးထည့်ပါ။

ပြီးလျှင်အိုးကို foil (or) လက်သုပ်ပဝါခံ ကာအဖုံး ဖုံးပါ၊၊ (အငွေ.များအပြင်သို.လုံးဝ မထွက်စေရန်  ဖြစ်သည်)။

ထို ထမင်း နှင့် ကြက်သား ထည့်ထားသော အိုးကို high heat ဖြင့် အပူပေးထားသော ဒယ်အိုးပြားပေါ် ထပ်တင်ကာ ၅ မိနစ်ခန့် high heat ဖြင့် ဆက်ထားပါ၊။

ပြီးလျှင် low heat သို့လျှော့ကာ ၃၀ မိနစ်ဆက်တည်ပါ။

ပြီးလျှင်မီးပိတ်ပြီး ၁၀ မိနစ် ထပ်ထားပါ၊။ ပြီးမှအဖုံးဖွင့်ပါ၊။

ဒန်ပေါက်ခုးသောအခါ အပေါ်မှ ထမင်းကို မွမွလေးမွှေကာ ခူးပါ။

ပြီးမှ အောက်ကကြက်သားကိုလိုသလောက် ဖြည်းဖြည်းချင်းနိုက်ယူပါ၊ (အရမ်းမွှေလိုက်လျှင် အရောင်များရောသွားပြီး မလှတော့ပါ)

Ref:chawsu food friends


Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!