Popular Posts!

Saturday, September 20, 2014

လုံခြုံရေး မြှင့်တင်ထားသည့် ငါးထောင်တန်အသစ်များ အောက်တိုဘာ ၁ရက် စထုတ်မည်

လုံခြုံရေး မြှင့်တင်ထားသည့် ငါးထောင်တန်အသစ်များ အောက်တိုဘာ ၁ရက် စထုတ်မည်

ဓာတ်ပုံ−နစ်ကီ
ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်ကို အောက်တိုဘာလ ၁ရက်၌ စတင်ထုတ်ဝေ မည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်က ကြေညာသည်။

    
ငါးထောင်ကျပ်တန် ငွေစက္ကူအသစ်ကို ထုတ်ဝေလိုက် သော်လည်း မြန်မာနိုင်ငံအတွင်း သုံးစွဲနေသော ယခင်ငါးထောင်ကျပ်တန် ငွေစက္ကူများကိုလည်း ဆက်လက်သုံးစွဲနိုင်ကြောင်း သိရှိရသည်။
    
မူလငါးထောင်ကျပ်တန် ငွေစက္ကူ၏ မျက်နှာစာ၌ ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက်ဆစ်ပိုင်းပြီး မြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက် ဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်းထားခြင်းဖြစ်သည်။ ၎င်းလုံခြုံရေးကြိုးသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ်အစားပိုမိုကြီး၍ အရောင်လည်းပြောင်းနိုင်ပြီး ငွေစက္ကူကိုကြည့်သည့် အနေအထားပေါ်မူတည်၍ လုံခြုံရေးကြိုး၏အရောင်သည် ရွေဝါရောင်မှအစိမ်းရောင်သို့ ပြောင်းလဲနိုင်သည်ဟုဆိုသည်။
    
ငါးထောင်ကျပ်တန် ငွေစက္ကူ၏ မျက်နှာစာလက်ယာဘက်ပိုင်းမှာ ပုံစံသစ်ဖြင့် ပြုလုပ်ထားကာ ဆင်ဖြူတော်ပုံ ရေစာရှိပြီး ငွေစက္ကူကိုအလင်းရောင်တွင် ကြည့်ပါက ရေစာကိုတွေ့နိုင်သည်။ ငွေစက္ကူကို ဖုံးအုပ်ကာကွယ်ထားသည့် ဘားနစ်သားသည် ပြင်ပမှ ရေခိုးရေငွေများ၊ အရည်များနှင့် အရောင်စွန်းထင်းနိုင်သည့် အရာများကြောင့်ငွေစက္ကူ ၏ အရည်အသွေးနိမ့်ကျ၍ ငွေစက္ကူပျက်စီးခြင်းကို ကာကွယ်ပေးသဖြင့် ငွေစက္ကူ၏အသုံးပြုနိုင်မှု သက်တမ်းကို ပိုမိုရှည်ကြာစေသည်ဟု ဗဟိုဘဏ်၏ ကြေညာချက်တွင် ပါရှိသည်။
    
ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန်ငွေစက္ကူမှာ လုံခြုံရေးကြိုးပုံစံသစ်၊ရေစာသစ်နှင့် ငွေစက္ကူ၏မျက်နှာပြင်နှစ်ဖက်ကို ဘားနစ်သားဖြင့် ဖုံးအုပ်ကာ ကွယ်ထားခြင်းတို့မှအပ ငွေစက္ကူ၏အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင်သတ်မှတ်ချက်များသည် မူလငါးထောင်ကျပ် တန်ငွေစက္ကူအတိုင်းဖြစ်သည်။
Ref;7daydailynews

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!