Popular Posts!

Monday, September 22, 2014

မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး - အပိုင်း ၁မှ ၂၉ ထိ

သီပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အင်ဂျီ (မဟာဒေဝီ စဝ်သုစနီ)္ဒ တို့ ၂ယောက်ရဲ့ ဇာတ်လမ်းလေးက တကယ့်ကို ပုံပြင်ဆန်ပြီး ကြည်နူးဖွယ်၊ကြေကွဲဖွယ်စရာကောင်းတဲ့ သမိုင်းဖြစ်ရပ်မှန်လေးတွေကို တင်ပြချင်လို့ တဆင့် ကူးယူဖော်ပြလိုက်တာပါ...


ဒီစာအုပ်ကို လက်ရှိအပြင်စာအုပ်ဆိုင်တွေမှာတော့ "မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး" အမည်နဲ့ ပြေ (ဆေး-၂) ဘာသာပြန် ထုတ်ဝေထားပါတယ်။ စာအုပ်တန်ဖိုးက ၄၀၀၀ိ/-ကျပ်ပါ။ ဒီစာအုပ်လေးရဲ့ မူရင်း စာရေးသူကတော့ သီပေါ စော်ဘွား စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ စဝ်သုစန္ဒီ ဖြစ်ပါတယ်။ ဦးနေဝင်း အစိုးရလက်ထက် ရက်စက်မှုများနဲ့ သီပေါစော်ဘွားတို့ရဲ့ ဘဝအခြေအနေများကို စိတ်ဝင်စားဖွယ် ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။

သြစတြီးယားတွင် မွေးဖွား၍ အမေရိကန်၌ ပညာသင်ကြားစဉ် Colorado School of Mining မှ မိုင်းတူးအင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်သူ သီပေါစော်ဘွား စ၀်ကြာဆိုင်နှင့် ဖူးစာဆုံ အိမ်ထောင်ကျခဲ့သူ Inge Sargent ကိုယ်တိုင် ရေးသားသည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် Twilight Over Burma : My life as a Shan Princess စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ သူသည် မြန်မာပြည်သို့ သီပေါစော်ဘွားနှင့်အတူ ရောက်ရှိချိန်မှသာ သူ၏ အိမ်ထောင်ဖက်သည် သီပေါစော်ဘွားဖြစ်သည်ကို တအံ့တသြ သိရှိခဲ့ရသူဖြစ်သည်။ ထို့နောက်သူသည် ရှမ်းလူမျိုး၊ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ခံယူခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာပင် ရှမ်း၊ မြန်မာလာသာစကားများကို သင်ယူတတ်မြောက်ခဲ့သည်။ ခင်ပွန်းဖြစ်သူနှင့် လက်တွဲကာ သီပေါဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို လုပ်ဆောင်ခဲ့ရာ ဒေသခံများကလည်း ရှမ်းလူမျိုး မဟာဒေ၀ီတစ်ဦးအဖြစ် လက်ခံခြင်းကို ခံခဲ့ရသည်။ သူ၏ ခင်ပွန်းသည်လည်း သီပေါပြည်နယ် လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းလိုက်သည့် အချိန်၌မူ သူ၏ခင်ပွန်းသည် အတင်းအဓမ္မ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သူမသည်လည်း အမေရိကန်ထောက်လှမ်းရေးဟုဆိုကာ သမီး ၂ ဦးနှင့်အတူ ၂ နှစ်ခန့် အကျယ်ချုပ် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ ထို့နောက်တွင် သြစတြီးယားသံအမတ်ကြီးအကူအညီဖြင့် မြန်မာပြည်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဂျာမန်ဘာသာသင် ဆရာမတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ သူသည် မြန်မာပြည်မှ ဒုက္ခသည်များအား ကူညီရန် Burma Life Line အဖွဲ့ကို ဖွဲ့စည်းကာ ထိုင်း မြန်မာနယ်စပ်တစ်လျှောက်ရှိ ရှမ်းပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များကို အကူအညီပေးခဲ့သည်။ ယခုစာအုပ်တွင် သူမ၏ သည်းထိတ်ရင်ဖို ဖြစ်ဖွယ်၊ အံ့သြအားကျဖွယ် ဘ၀ဖြစ်စဉ်ကို အသေးစိတ် ဖတ်ရှုသိရှိကြရမည်ဖြစ်သည်။ မူရင်းစာအုပ်ကို ၁၉၉၄ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် The Last Mahadevi အမည်ဖြင့် မှတ်တမ်းရုပ်ရှင်ကားအဖြစ် ရိုက်ကူးခဲ့သည်။


Once upon a time in a far away land, called the Shan state of Burma, Ella Sao Tern Moen was a princess. Now she lives in the United States. In an interview with Kaye Lin for Voice of America, Ella opens up about her life there and what happened to her family...

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!