Popular Posts!

Saturday, September 27, 2014

ရန်ကုန်နှင့် မြို့ကြီးများဆီသို့ လိုင်စင်မဲ့ကားတွေ ဘယ်လိုနည်းလမ်းနဲ့ ရောက်လာကြတာလဲ!

ဘုရားဖူးယာဉ်ဟု အမည်တပ်ထားသော Express ကားကြီးများနှင့် အိမ် စီးကိုယ်ပိုင်ယာဉ်အများအပြား ကရင်ပြည် နယ်အတွင်းရှိ ကော့ကရိတ်-မြဝတီလမ်း ကြောင်းနှင့် မွန်ပြည်နယ်ဘုရားသုံးဆူလမ်း ကြောင်းတို့မှတစ်ဆင့် နယ်စပ်ဆီသို့ ဦးတည် သွားလာနေသည်ကို ထိုအရပ်ဒေသများသို့ သင် ခရီးသွားတစ်ဦးအနေဖြင့် ရောက်ရှိပါက မြင်တွေ့နိုင်မည်ဖြစ်သည်။
.
သို့သော် Express ကားကြီးများနှင့် အိမ်စီးကိုယ်ပိုင်ယာဉ်များ အား ဘုရားဖူးယာဉ်ဟုလည်းကောင်း၊ အပစ် အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ အမည်၊ အမှတ် တံဆိပ်များတပ်ဆင်၍လည်းကောင်း ယာဉ် ခေါင်းခန်း၌ အမည်အမျိုးမျိုးတပ်ကာ နယ်စပ် ဆီသို့ ဦးတည်မောင်းနှင်သွားလာနေသော ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ၏ရည် ရွယ်ချက်များကိုကား သင်သိနိုင်မည်မဟုတ်။ သို့သော် ထိုယာဉ်များအနေဖြင့် နယ်စပ်မြို့ များမှတစ်ဆင့် ပြည်တွင်းသို့ ပြန်လည်ဝင် ရောက်လာရာတွင်မူ ယခင်သွားရောက်ခဲ့စဉ်က ယာဉ်အတိုင်းမဟုတ်ဘဲ သစ်လွင်တောက်ပ နေသောယာဉ်အသစ်များသဖွယ်ဖြစ်နေသည် နှင့် အချို့သောယာဉ်များမှာ နယ်စပ်မြို့များ ဆီသို့ မောင်းနှင်သွားလာစဉ်က ယာဉ်အမျိုး အစားနှင့် ပြည်တွင်းသို့ ပြန်ဝင်ရောက်လာ သည့်ယာဉ်အမျိုးအစားတို့မှာ မတူညီသော် လည်း ယာဉ်နံပါတ်ပြားများမှာတူညီနေသည် ကို သင် အံ့အားဖွယ်ရာမြင်တွေ့ရမည်သာဖြစ် သည်။
.
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အမည်နှင့် တံဆိပ်များ၊ သာသနာ့အလံလွှင့်ထူထားသောဘုရားဖူးယာဉ် အမည်ခံယာဉ်အများစုမှာ မော်တော်ယာဉ် တစ်ခု၏ အသက်တမျှ အရေးပါသောယာဉ် လိုင်စင်နံပါတ်ပြားများ တပ်ဆင်ထားသည့် အတွက်လည်း ထိုယာဉ်များနှင့်ပတ်သက်၍လမ်းတာဝန်ကျမည်သည့် လုံခြုံရေးအဖွဲ့အ စည်းများအနေဖြင့် ထိုယာဉ်များနှင့်ပတ်သက် ၍ တားဆီး စစ်ဆေးမေးမြန်းမှုနည်းပါးသည် ကိုပါ မြင်တွေ့နိုင်မည်ဖြစ်သကဲ့သို့ ထိုယာဉ် များတွင် တပ်ဆင်ထားသောယာဉ် နံပါတ်ပြား များသည်လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပေး ထားသော ယာဉ်နံပါတ်ပြားများဟုတ်၊မဟုတ် ကိုကား အလွယ်တူသိနိုင်မည်မဟုတ်ချေ။
.
အမှန်စင်စစ် ထိုသို့သောအမည်ခံယာဉ်များ သည် နယ်စပ်မြို့များတွင် ယာဉ်အလုံးလိုက် ပြောင်းလဲတပ်ဆင်ခြင်းနှင့် လိုင်စင်မဲ့ကား များအား လိုင်စင်ရှိမော်တော်ယာဉ်များသ ဖွယ်ပုံမှားရိုက်ကာ ပြည်တွင်းသို့တင်သွင်းရန် အတွက် နယ်စပ်မြို့များဆီ ဦးတည်သွားလာ နေခြင်းသာဖြစ်သည်။
.
''ရန်ကုန်မှာကျတော့ ကားပစ္စည်းဈေး တွေကကြီးတဲ့အခါကျတော့ အများစုက နယ် စပ်မှာသွားဝယ်ပြီး အလုံးလိုက်လဲလိုက်တာ များတယ်။ နံပါတ်ကတော့ ဒီနံပါတ်ပဲ။ ဒီ လိုလဲတာကို အလွယ်တကူတော့မသိနိုင်ဘူး။နောက်ဆုံးကညနမှာ လိုင်စင်ဝင်တဲ့အခါကျ မှသာ တံဆိပ်ကိုကြည့်ပြီး သိနိုင်ပေမယ့် R.I.T တုံးထုမယ့်အခါကျတော့ ဒဏ်ကြေး ပေးရတယ်။ ဒဏ်ကြေးက အနိမ့်ဆုံး၁ဝသိန်း ကနေ ၁၅သိန်းကြားပေးရတယ်။ ဒီလိုဒဏ် ကြေးပေးပြီးသွားရင် အကောက်ခွန်ပေး ဆောင်စရာလည်း မလိုတော့ဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ကညနမှာ လိုင်စင်ဝင်တဲ့အခါ ကျရင် ကိုယ့်ရဲ့ကားက နဂိုကိုယ်လဲလိုက်တဲ့ ကားအမျိုးအစားပဲဖြစ်မှရမယ်။ တခြားကား အမျိုးအစားဆိုရင်တော့လဲ မပေးတာများ တယ်။ ဒါပေမဲ့ တချို့ကျတော့လဲ သူနည်းသူ ဟန်နဲ့ လုပ်နေတာမျိုးတွေရှိတယ်''
ဟု ထိုင်း နိုင်ငံမှ ကားများတင်သွင်း၍မြဝတီမြို့၌ကား ပြောင်းလဲဆင်ပေးသည့်ဝပ်ရှော့ပိုင်ရှင်တစ်ဦးက ဆိုသည်။
.
ထိုသို့သောလိုင်စင်မဲ့ကားများအား ယခင်က ကိုယ်တိုင်စီးနင်းလိုသူများသာ အ များဆုံးဝယ်ယူလေ့ရှိသော်လည်း ယခုအခါ ပြည်တွင်း၌ဖွင့်လှစ်ထားသော ကားအရောင်း ပြခန်းအချို့ကပါ နယ်စပ်မြို့များမှတစ်ဆင့်တင်သွင်း၍ ပြည်တွင်းဈေးကွက်အတွင်းပြန် လည်ရောင်းချမှုများရှိလာသည်ဟု ကားဝယ် ရောင်းလုပ်ကိုင်သူတစ်ဦး၏ပြောကြားချက် အရ သိရသည်။
.
ထို့အပြင် အဝေးပြေးလိုင်းအချို့တွင် ပြေးဆွဲနေသော Express ကားအချို့သည် နယ်စပ်ကဝင်လာသောလိုင်စင်မဲ့လုံးချိန်းကား များဖြစ်ပြီး ၄င်းကိုဖော်ထုတ်အရေးယူပြီး နိုင်ငံ တော်အတွက် ပေးဆောင်ရမည့်အခွန်များကို ပေးဆောင်စေသင့်ကြောင်း၊ တည်ဆဲဥပဒေ များဖြင့်လည်း ထိရောက်စွာ အရေးယူသင့် ကြောင်း၊ သို့မှသာ နိုင်ငံတော်အတွက်လည်း အခွန်ရ၊ စည်းကမ်းမဲ့၊ အခွန်မဲ့ကားတင်သွင်း မှုလည်း လျော့ကျ၊ ယာဉ်ကျပ်တည်းမှုပြဿ နာ လည်း အထိုက်အလျောက်တားဆီးနိုင်မည် ဖြစ်ကြောင်း ယင်းက ဆက်လက်ရှင်းပြသည်။
ရန်ကုန်နှင့် မြို့ကြီးများဆီသို့ လိုင်စင်မဲ့ကားတွေ ဘယ်လိုနည်းလမ်းနဲ့ ရောက်လာကြတာလဲ
===================================================
- ဟိန်းထက်အောင်

ဘုရားဖူးယာဉ်ဟု အမည်တပ်ထားသော Express ကားကြီးများနှင့် အိမ် စီးကိုယ်ပိုင်ယာဉ်အများအပြား ကရင်ပြည် နယ်အတွင်းရှိ ကော့ကရိတ်-မြဝတီလမ်း ကြောင်းနှင့် မွန်ပြည်နယ်ဘုရားသုံးဆူလမ်း ကြောင်းတို့မှတစ်ဆင့် နယ်စပ်ဆီသို့ ဦးတည် သွားလာနေသည်ကို ထိုအရပ်ဒေသများသို့ သင် ခရီးသွားတစ်ဦးအနေဖြင့် ရောက်ရှိပါက မြင်တွေ့နိုင်မည်ဖြစ်သည်။
သို့သော် Express ကားကြီးများနှင့် အိမ်စီးကိုယ်ပိုင်ယာဉ်များ အား ဘုရားဖူးယာဉ်ဟုလည်းကောင်း၊ အပစ် အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၏ အမည်၊ အမှတ် တံဆိပ်များတပ်ဆင်၍လည်းကောင်း ယာဉ် ခေါင်းခန်း၌ အမည်အမျိုးမျိုးတပ်ကာ နယ်စပ် ဆီသို့ ဦးတည်မောင်းနှင်သွားလာနေသော ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ၏ရည် ရွယ်ချက်များကိုကား သင်သိနိုင်မည်မဟုတ်။ သို့သော် ထိုယာဉ်များအနေဖြင့် နယ်စပ်မြို့ များမှတစ်ဆင့် ပြည်တွင်းသို့ ပြန်လည်ဝင် ရောက်လာရာတွင်မူ ယခင်သွားရောက်ခဲ့စဉ်က ယာဉ်အတိုင်းမဟုတ်ဘဲ သစ်လွင်တောက်ပ နေသောယာဉ်အသစ်များသဖွယ်ဖြစ်နေသည် နှင့် အချို့သောယာဉ်များမှာ နယ်စပ်မြို့များ ဆီသို့ မောင်းနှင်သွားလာစဉ်က ယာဉ်အမျိုး အစားနှင့် ပြည်တွင်းသို့ ပြန်ဝင်ရောက်လာ သည့်ယာဉ်အမျိုးအစားတို့မှာ မတူညီသော် လည်း ယာဉ်နံပါတ်ပြားများမှာတူညီနေသည် ကို သင် အံ့အားဖွယ်ရာမြင်တွေ့ရမည်သာဖြစ် သည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အမည်နှင့် တံဆိပ်များ၊ သာသနာ့အလံလွှင့်ထူထားသောဘုရားဖူးယာဉ် အမည်ခံယာဉ်အများစုမှာ မော်တော်ယာဉ် တစ်ခု၏ အသက်တမျှ အရေးပါသောယာဉ် လိုင်စင်နံပါတ်ပြားများ တပ်ဆင်ထားသည့် အတွက်လည်း ထိုယာဉ်များနှင့်ပတ်သက်၍လမ်းတာဝန်ကျမည်သည့် လုံခြုံရေးအဖွဲ့အ စည်းများအနေဖြင့် ထိုယာဉ်များနှင့်ပတ်သက် ၍ တားဆီး စစ်ဆေးမေးမြန်းမှုနည်းပါးသည် ကိုပါ မြင်တွေ့နိုင်မည်ဖြစ်သကဲ့သို့ ထိုယာဉ် များတွင် တပ်ဆင်ထားသောယာဉ် နံပါတ်ပြား များသည်လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပေး ထားသော ယာဉ်နံပါတ်ပြားများဟုတ်၊မဟုတ် ကိုကား အလွယ်တူသိနိုင်မည်မဟုတ်ချေ။
အမှန်စင်စစ် ထိုသို့သောအမည်ခံယာဉ်များ သည် နယ်စပ်မြို့များတွင် ယာဉ်အလုံးလိုက် ပြောင်းလဲတပ်ဆင်ခြင်းနှင့် လိုင်စင်မဲ့ကား များအား လိုင်စင်ရှိမော်တော်ယာဉ်များသ ဖွယ်ပုံမှားရိုက်ကာ ပြည်တွင်းသို့တင်သွင်းရန် အတွက် နယ်စပ်မြို့များဆီ ဦးတည်သွားလာ နေခြင်းသာဖြစ်သည်။
''ရန်ကုန်မှာကျတော့ ကားပစ္စည်းဈေး တွေကကြီးတဲ့အခါကျတော့ အများစုက နယ် စပ်မှာသွားဝယ်ပြီး အလုံးလိုက်လဲလိုက်တာ များတယ်။ နံပါတ်ကတော့ ဒီနံပါတ်ပဲ။ ဒီ လိုလဲတာကို အလွယ်တကူတော့မသိနိုင်ဘူး။နောက်ဆုံးကညနမှာ လိုင်စင်ဝင်တဲ့အခါကျ မှသာ တံဆိပ်ကိုကြည့်ပြီး သိနိုင်ပေမယ့် R.I.T တုံးထုမယ့်အခါကျတော့ ဒဏ်ကြေး ပေးရတယ်။ ဒဏ်ကြေးက အနိမ့်ဆုံး၁ဝသိန်း ကနေ ၁၅သိန်းကြားပေးရတယ်။ ဒီလိုဒဏ် ကြေးပေးပြီးသွားရင် အကောက်ခွန်ပေး ဆောင်စရာလည်း မလိုတော့ဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ကညနမှာ လိုင်စင်ဝင်တဲ့အခါ ကျရင် ကိုယ့်ရဲ့ကားက နဂိုကိုယ်လဲလိုက်တဲ့ ကားအမျိုးအစားပဲဖြစ်မှရမယ်။ တခြားကား အမျိုးအစားဆိုရင်တော့လဲ မပေးတာများ တယ်။ ဒါပေမဲ့ တချို့ကျတော့လဲ သူနည်းသူ ဟန်နဲ့ လုပ်နေတာမျိုးတွေရှိတယ်'' ဟု ထိုင်း နိုင်ငံမှ ကားများတင်သွင်း၍မြဝတီမြို့၌ကား ပြောင်းလဲဆင်ပေးသည့်ဝပ်ရှော့ပိုင်ရှင်တစ်ဦးက ဆိုသည်။
''အခုလက်ရှိကားတင်သွင်းနေတာတွေ ရှိတယ်။ တရားဝင်သွင်းတာရော၊ တရားမဝင် သွင်းတာရောပေါ့။ အဲဒီတော့နယ်စပ်ကကား ဝင်ရောက်မှုတွေက ကျွန်တော်တို့လို အခွန် ဆောင်ပြီး ကားသွင်းနေတဲ့ သူတွေအတွက် ကျတော့ အများကြီးထိခိုက်သလို နိုင်ငံတော် အတွက်လဲ နစ်နာရတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ လုပ်သင့်တာတွေကို ကြပ်ကြပ် မတ်မတ်လုပ်ဖို့ကလိုနေပြီ''ဟု ရောင်နီဦးကား အရောင်းပြခန်းမှ တာဝန်ရှိသူကဆိုသည်။
နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ တရား မဝင် ကားတင်သွင်းနေသည့် လမ်းကြောင်း အရေအတွက် ၄ဝရှိသည့်အနက် ကချင်ပြည် နယ်မှ လမ်းကြောင်းငါးခု၊ ကယားပြည်နယ်မှ လမ်းကြောင်းနှစ်ခု၊ ကရင်ပြည်နယ်မှ လမ်း ကြောင်း ၁၇ခု၊ တနင်္သာရီတိုင်းဒေသကြီးမှ လမ်းကြောင်း လေးခု၊ ရှမ်းပြည်နယ်မှ လမ်း ကြောင်း ၁၂ခုရှိကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၏ ပြောကြားချက်အရ သိရသည်။
မြဝတီကနေ ရန်ကုန် အရောက်ဆိုရင် မောင်းပြီး ပို့ခက ခုနစ်သိန်းယူတယ်။ ခုနစ် သိန်းယူရတယ်ဆိုတာက လမ်းမှာရှိတဲ့ လမ်း ကြောင်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေကိုပေးရ တာတွေလည်းရှိလို့ပါ။ တစ်ဂိတ်ကို အနည်း ဆုံး ငါးသောင်းနှုန်းနဲ့ သုံးဂိတ်လောက်ပေးရ တယ်။ ဒါတောင် ကျွန်တော်တို့က ငြိမ်းချမ်း ရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကားဆိုပြီး အကုန်လုပ်ထားလို့။တခြားကားတွေဆိုရင်တော့ လမ်းမှာတင်အ ဖမ်းခံရနိုင်တယ်ဟု မြဝတီနယ်စပ်မြို့မှတစ် ဆင့် ရန်ကုန်မြို့တွင်းသို့ တရားမဝင်ကားများ သွင်းယူပေးသောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကပြောသည်။
ထို့အပြင်ယခင်ကနယ်စပ်မှ တရားမဝင် တင်သွင်းလာသော လိုင်စင်မဲ့ကားများ၏ပေါက် ဈေးမှာမိုဒယ်လ်မြင့်အိမ်စီးယာဉ်တစ်စီးဆိုပါ က အနည်းဆုံးငွေ ကျပ်သိန်းသုံးဆယ် နှင့်လေး ဆယ်ကြားရှိသော်လည်း ယခုအခါ ပြည်တွင်း ၌ ကားတင်သွင်းခွင့်များအား အစိုးရမှခွင့်ပြု ပြီးနောက် ကားဈေးများကျဆင်းလာခြင်းနှင့် လိုင်စင်မဲ့ ကားစီးနင်းသူလျော့ကျလာခြင်း ကြောင့် မိုဒယ်လ်မြင့် ကားတစ်စီးလျှင် ရန်ကုန် သို့အရောက် ငွေကျပ်၂၅သိန်းပတ်ဝန်းကျင်ခန့် သာရှိတော့ကြောင်းယင်းကဆိုသည်။
ထိုသို့သောလိုင်စင်မဲ့ကားများအား ယခင်က ကိုယ်တိုင်စီးနင်းလိုသူများသာ အ များဆုံးဝယ်ယူလေ့ရှိသော်လည်း ယခုအခါ ပြည်တွင်း၌ဖွင့်လှစ်ထားသော ကားအရောင်း ပြခန်းအချို့ကပါ နယ်စပ်မြို့များမှတစ်ဆင့်တင်သွင်း၍ ပြည်တွင်းဈေးကွက်အတွင်းပြန် လည်ရောင်းချမှုများရှိလာသည်ဟု ကားဝယ် ရောင်းလုပ်ကိုင်သူတစ်ဦး၏ပြောကြားချက် အရ သိရသည်။
ကားသွင်းတဲ့နေရာမှာ သင်္ဘောကတစ် ဆင့်သွင်းတာကြတော့ အကောက်ခွန်ဆောင် ရတဲ့အပြင် ဈေးကလည်း နယ်စပ်ကသွင်းတဲ့ ဈေးထက်ပိုများသလို အစိုးရကထုတ်ပြန်ထား တဲ့စည်းကမ်းတွေကလည်း အများကြီးပဲ။ ဒါ့အပြင်ရောက်တဲ့ရက်မှာ သွားမထုတ်တာ ဘဲဖြစ်ဖြစ်၊ တိုက်ကြေကားသွင်းလာတာပဲ ဖြစ်ဖြစ် ဒဏ်ကြေးတွေပေးဆောင်ရတဲ့အခါ ကျတော့ ကားဈေးက ပြင်ပဈေးကွက်မှာပြန် မရောင်းနိုင်လောက်အောင် တက်သွားတဲ့အ နေအထားမျိုးရှိတယ်။ ဒါကြောင့်လည်း ဆိပ် ကမ်းမှာ ကားတင်သွင်းထားပြီးလာမထုတ်တဲ့ သူများတဲ့အတွက် ကားတွေပုံနေတာမှအများ ကြီးပဲ။ နယ်စပ်ကသွင်းလာတဲ့ကားကျတော့ သင်္ဘောနဲ့ သွင်းလာတဲ့ကားတွေထက် စာရင် နည်းနည်းပျော့ပေမယ့် ဒဏ်ကြေးပေးဆောင် ရတာလည်း မရှိဘူး။ ဘာအခွန်မှပေးစရာ လည်းမလိုတော့ အခုနောက်ပိုင်း show- room အချို့က နယ်စပ်က တစ်ဆင့်သွင်းကြ တာများတယ်။ ဒါမှလဲ သူတို့အနေနဲ့တွက်ချေ ကိုက်မှာ။ နောက်မို့ဆိုရင်တော့ ရပ်တည်ဖို့ က မလွယ်ဘူးဟု ယင်းကရှင်းပြသည်။
ထို့အပြင် အဝေးပြေးလိုင်းအချို့တွင် ပြေးဆွဲနေသော Express ကားအချို့သည် နယ်စပ်ကဝင်လာသောလိုင်စင်မဲ့လုံးချိန်းကား များဖြစ်ပြီး ၄င်းကိုဖော်ထုတ်အရေးယူပြီး နိုင်ငံ တော်အတွက် ပေးဆောင်ရမည့်အခွန်များကို ပေးဆောင်စေသင့်ကြောင်း၊ တည်ဆဲဥပဒေ များဖြင့်လည်း ထိရောက်စွာ အရေးယူသင့် ကြောင်း၊ သို့မှသာ နိုင်ငံတော်အတွက်လည်း အခွန်ရ၊ စည်းကမ်းမဲ့၊ အခွန်မဲ့ကားတင်သွင်း မှုလည်း လျော့ကျ၊ ယာဉ်ကျပ်တည်းမှုပြဿ နာ လည်း အထိုက်အလျောက်တားဆီးနိုင်မည် ဖြစ်ကြောင်း ယင်းက ဆက်လက်ရှင်းပြသည်။
နိုင်ငံတော်အနေဖြင့် တရားဝင်ကားတင် သွင်းခွင့်များပြုထားသော်လည်းထိုသို့တရား မဝင်ကားတင်သွင်းမှုများလာရခြင်း၏အဓိက အကြောင်းအရင်းမှာ ကားတင်သွင်းမှုနှင့်ပတ် သက်၍လုပ်ထုံးလုပ်နည်းများဆောင်ရွက်ရာ တွင် မလိုလားအပ်သော အတားအဆီးများ ကြောင့် ခက်ခဲကြန့်ကြာမှုများရှိခြင်း၊ အခွန် ပေးဆောင်ရမှုနှုန်းမြင့်မားခြင်းစသောအခြေ အနေများနှင့် ပြည်တွင်းကားဈေးကွက်အတွင်း တရားမဝင်ကားများ ဝင်ရောက်နေမှုအားထိ ရောက်စွာဟန့်တားနိုင်မှုအားနည်းခြင်း စ သောအခြေအနေများကြောင့် အမှန်တကယ် တရားဝင်ကားတင်သွင်းသူများကိုယ်တိုင် ကုန် ကျစရိတ်နည်းပါး၍ လုပ်ထုံးလုပ်နည်းသက် သာသည့် တရားမဝင်သောနည်းလမ်းများ အားအသုံးပြုကာ နယ်စပ်များမှတစ်ဆင့်ကား များ တင်သွင်းလာရခြင်းဖြစ်ကြောင်း ကားအရောင်းပြခန်းပိုင်ရှင်တစ်ဦးက သုံးသပ်သည်။
အရင်ခေတ်ကအစိုးရအနေနဲ့ကားပါမစ် တွေကို မချပေးလို့ နယ်စပ်တွေကတစ်ဆင့် လိုင်စင်မဲ့ကားတွေသွင်းတာ၊ကားအလုံးလိုက် ချိန်းတာတွေ ဖြစ်တာကို လက်ခံလို့ရပေမယ့် ဒီနေ့ခေတ်မှာကျတော့ အစိုးရကိုယ်တိုင်က တရားဝင်ကားတင်သွင်းခွင့်တွေပေးပြီး ကား တင်သွင်းခွင့်တွေပြုပေမယ့် လိုင်စင်မဲ့ကားတင် သွင်းမှုတွေက ဆက်ရှိနေဆဲဆိုတော့ ဘာကြောင့် ဒီလိုတရားမဝင် ကားတင်သွင်းမှုတွေ ရှိနေရ သေးလဲဆိုတာကို အရင်ဆုံးစဉ်းစားအဖြေရှာ ဖို့လိုနေပြီ။
ဒီလိုတရားမဝင်ကားတွေတင်သွင်း မှုကြောင့် နိုင်ငံတော်အတွက်လည်း ရသင့်ရ ထိုက်တဲ့အခွန်တွေ မရတဲ့အတွက်တိုင်းပြည် အတွက် အများကြီးနစ်နာရသလို ပြည်သူလူ ထုအနေနဲ့ကျတော့လည်း ဒီလိုလိုင်စင်မဲ့ကား တွေများလာတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှု ပြဿ နာတွေက တစ်နေ့တခြားပိုဆိုးရွားလာ တဲ့အပြင် ယာဉ်မတော်တဆမှုတွေလည်းပိုအဖြစ် များလာတယ်။ နောက်တစ်ချက်က အစိုးရကိုယ် တိုင်က တရားမဝင်လိုင်စင်မဲ့ ကားတွေကိုနယ် စပ်တွေက တစ်ဆင့် တင်သွင်းနေတာတွေနဲ့ လိုင်စင်မဲ့ ကားစီးနင်းအသုံးပြုမှုတွေကို ဖမ်းဆီး အရေးယူနေပါလျက်နဲ့ ရန်ကုန်နဲ့ အခြားမြို့ ကြီးတွေကို လိုင်စင်မဲ့ကားတွေ အဆက်မပြတ် ဝင်လာနေရတာက အစိုးရအဖွဲ့အစည်းတွေရဲ့ အောက်ခြေအဆင့်မှာ ခြစားမှုတွေများနေလို့ ဒီလိုဖြစ်နေရတာဆိုတာက ပေါ်လွင်နေတယ် ဟု စီးပွားရေးပညာရှင်တစ်ဦးကသုံးသပ်သည်။
ယင်းသို့လိုင်စင်မဲ့ကားများနယ်စပ်မှတစ် ဆင့် ပြည်တွင်းသို့ ဝင်ရောက်နေမှုများနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်ခြား စောင့်တပ်၊ ကျေးရွာအုပ်ချုပ်ရေး၊ပြည်သူ့စစ် တပ်ဖွဲ့များမှ စောင့်ကြည့်စစ်ဆေးသည့်အပြင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ထားပြီး အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ ကုန် သည်/စက်မှုအသင်းချုပ်တို့မှ တာဝန်ရှိသူများပါ ဝင်သည့် Mobile Team အဖွဲ့ဖြင့်လည်းနယ် စပ်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်တွင် တားဆီးစစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။
''လိုင်စင်မဲ့ယာဉ်တွေနဲ့ပတ်သက်ရင်ပဲဖြစ် ဖြစ်၊ ဝှီးတက်တို့၊ အုံနာဘုတ်တို့ အတုလုပ်ပေး တာပဲဖြစ်ဖြစ် တွေ့တယ်ဆိုရင် ကျွန်တော်တို့ ဆီကို အချိန်မရွေးတင်ပြတိုင်တန်းလို့ရပါ တယ်။ အကယ်၍ အဲဒီလိုအတုလုပ်ပေးတဲ့နေ ရာမှာ ကိုယ်တို့ဆီကဝန်ထမ်းတွေပါဝင်နေတယ်ဆိုရင်လည်း အဲဒီဝန်ထမ်းရဲ့အမည်၊ ရာထူးကိုဖော်ပြပြီး တိတိကျကျတိုင်ပါ။ တိုင် ကြားလာမှုတွေကို စုံစမ်းစစ်ဆေးပြီး ထိထိ ရောက်ရောက် အရေးယူသွားမယ်''ဟု ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် ယာဉ်ပိုင်ဆိုင်မှုစာအုပ်(အုံ နာဘုတ်)နှင့် ယာဉ်သက်သေခံလက်မှတ်(ဝှီး တက်) အတုပြုလုပ်ကိုင်ဆောင်ခြင်းများကို စစ်ဆေးတွေ့ရှိပါကလည်း မော်တော်ယာဉ် ဥပဒေအရ တရားစွဲအရေးယူသွားမည်ဖြစ် ကြောင်း၊ ယင်းသို့ဆောင်ရွက်ရခြင်းမှာအုံနာ ဘုတ်နှင့် ဝှီးတက်အတုပြုလုပ်ကိုင်ဆောင်မှု နှုန်းများလာခြင်းနှင့် မသိနားမလည်သူများနစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။
ကားတစ်စီးကို ဝယ်တဲ့အခါမှာ ကိုယ် ဝယ်မဲ့ကားက လိုင်စင်မဲ့တင်သွင်းလာတဲ့တရား မဝင်ကားလား၊ တကယ်တရားဝင်တင်သွင်း လာတဲ့ ကားလားဆိုတာကို သက်ဆိုင်ရာတိုင်း ဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ က.ည.န ရုံးတွေမှာ စစ်ဆေးပြီးတော့မှ ဝယ် ယူပေါင်နှံတာတွေ လုပ်သင့်တယ်။ ဒီလိုမှ မဟုတ်ဘဲ လိုင်စင်မဲ့ကားကို မသိဘဲဝယ်မိတာ မျိုးတွေကျတော့ တာဝန်ရှိသူတွေအနေနဲ့ ဖမ်းဆီးစစ်ဆေးတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ လိုင်စင်သက်တမ်းတိုးဖို့အတွက် က.ည.နရုံးတွေမှာလာအစစ်ခံတဲ့ကိစ္စတွေမှာပဲဖြစ် ဖြစ်စစ်လို့မိရင် ယာဉ်ကို နိုင်ငံပိုင်အဖြစ်အသိမ်းခံရမယ့်အပြင် ယာဉ်ပိုင်ရှင်အနေနဲ့လည်း တရားစွဲအရေးယူခံရမယ်။ ဒီလိုမျိုးတွေမဖြစ် ရအောင် မဝယ်ခင်မှာ လာစစ်ဆေးခံဖို့ လို တယ်ဟု ယင်းကထပ်မံပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့အပါအဝင်မြို့ကြီး အများစု၌ နယ်စပ်များမှ တစ်ဆင့်လိုင်စင်မဲ့ကားများ ဝင်ရောက်နေရခြင်းနှင့် ယာဉ်နံပါတ် ပြားများ ပွား၍ စီးနင်းအသုံးပြုခြင်းများလာရ ခြင်းမှာ အောက်ခြေအဆင့်ရှိ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၏အဂတိလိုက်စားမှုများကြောင့် လည်းပါဝင်ကြောင်း၊ လိုင်စင်မဲ့ကားများပြည် တွင်းသို့ မဝင်ရောက်လာစေရေးအတွက် သက် ဆိုင်ရာ ဌာနများပါဝင်သော Mobile Team အဖွဲ့များ အနေဖြင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းတစ်လျှောက် စစ်ဆေး လျက်ရှိနေသည်မှန်ပါက လိုင်စင်မဲ့ကားများ အား ရန်ကုန်အပါအဝင် မြို့ကြီးများ၌ ဝင် ရောက်မောင်းနှင်စီးနင်းနေသည်ကို တွေ့မြင် ရမည်မဟုတ်ကြောင်း၊ သို့သော် မြို့ကြီးအများ အပြား၌ လိုင်စင်မဲ့ယာဉ်များအား အသုံးပြု နေခြင်းမှာ ထိုစစ်ဆေးရေးအဖွဲ့များ၏ ပေါ့ လျော့မှုကြောင့် သို့မဟုတ် အဂတိလိုက်စား မှုများကြောင့် စစ်ဆေးရေးဂိတ်များအား ဖြတ်ကျော်၍ မြို့ကြီးများ အတွင်းဝင်ရောက် မောင်းနှင်နေခြင်းသာဖြစ်ကြောင်း၊ ယင်းအ ပြင် နယ်မြို့အချို့၌ လိုင်စင်မဲ့ယာဉ်များအား မောင်းနှင်စီးနင်းသူများနှင့် ရောင်းဝယ်ပို့ ဆောင်မှုများတွင် ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်တိုင်ပါဝင်လျက်ရှိကြောင်း၊ ဘားအံမြို့မှ ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုစောအောင် ကျော်စိုးက ပြောသည်။
ကျွန်တော်တို့နယ်ပိုင်းတွေမှာကျတော့ ဌာနဆိုင်ရာတာဝန်ရှိသူတချို့ကိုယ်တိုင်က လိုင်စင်မဲ့ကားတွေစီးနင်းအသုံးပြုနေကြတော့ ကျန်တဲ့သူတွေကလည်း လိုက်စီးတာပေါ့။အခုနောက်ပိုင်းကျတော့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကို အစိုးရကကား ပါမစ်တွေချပေးပြီးတဲ့ နောက်ပိုင်း ဒီလိုင်စင် မဲ့ ကားကိစ္စကပိုများလာတယ်။ ရန်ကုန်နဲ့ မော်လမြိုင်ဘက်ကို သွားနေတဲ့ လိုင်စင်မဲ့ ကားတော်တော်များများကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပိုင်ကားတွေ များတယ်။ ဒီကားတွေကို ဝယ်တဲ့ဝယ်လက်တွေ ကျတော့လည်း ဒီလက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်ပြီးလုပ်ကြတာ များတယ်။အကယ်၍ အဖမ်းအဆီးရှိရင်လည်း ငြိမ်းချမ်း ရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းပိုင် ကားဆိုတော့ တော်ရုံနဲ့ အဖမ်းအဆီးနည်း တယ်လေ။ ဒါကြောင့်မို့လည်း သုံးနေတာများ နေတာဟု ယင်းကဆိုသည်။
ယင်းအပြင်ယခုနှစ်ငါးလတာအတွင်းရန် ကုန်တိုင်းဒေသကြီး၌ လိုင်စင်မဲ့ကားစီးရေ ၇ဝ ကျော်အား စံချိန်တင်ဖမ်းဆီးရမိခဲ့သည့် အနက် အများစုမှာ အပစ်အခတ်ယာယီရပ်ဆဲ ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအချို့၏ မော်တော်ယာဉ်မှတ်ပုံတင် ခွင့် အတုကိုင်ဆောင်ထားသော ယာဉ်များ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပြီးခဲတဲ့ နှစ်ကလည်း လိုင်စင်မဲ့ကား အစီး ၆ဝ ကျော်ကို ရန်ကုန်တိုင်းအတွင်းမှာ ပဲ ဖမ်းဆီးနိုင်ခဲ့တယ်။ ဒီလိုဖမ်းဆီးနိုင်ခဲ့တဲ့လိုင်စင်မဲ့ကားအများစုကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တံဆိပ်ကပ်ထားတဲ့ကား တွေများတယ်။ ဟိုးအရင်နှစ်တွေကတော့ရန် ကုန်မှာ စီမံချက်တွေချပြီး လိုင်စင်မဲ့ကားပပျောက်ရေးတွေလုပ်တဲ့အတွက် လိုင်စင်မဲ့ ကားတော်တော်များများမှာ ရန်ကုန်မှာပျောက် သွားတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေကို နိုင်ငံတော်ကကား ပါမစ်တွေချပေးပြီးတဲ့နောက်မှာ လိုင်စင်မဲ့ ကားပြဿ နာကပြန်ခေါင်းထောင်လာတာပဲ။ကျွန်တော်တို့အနေနဲ့ကတော့ တွေ့တာနဲ့ ဖမ်း မှာပါပဲဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေအရ ကားဈေးကွက် မှာအဆမတန်ကျဆင်းနေခြင်းနှင့် ထပ်မံကျ ဆင်းရန်အလားအလာများရှိနေခြင်းတို့ကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးအများစုတွင် လိုင် စင်မဲ့ကားများ တင်သွင်းစီးနင်းမှုအား စိတ် ဝင်စားမှုလျော့နည်းလာသကဲ့သို့ လိုင်စင်မဲ့ ယာဉ်များအား ပြည်တွင်းသို့တင်သွင်းမှုမှာ လည်း တွက်ချေကိုက်မှု နည်းပါးလာသည့်အ တွက် လိုင်စင်မဲ့ ကားများပြည်တွင်းဈေးကွက် အတွင်းသို့ ဝင်ရောက်မှုမှာ နည်းပါးလာကြောင်း၊ သို့ရာတွင် ပြည်တွင်းဈေးကွက်အတွင်း တန် ဖိုးကြီးသော မိုဒယ်မြင့်ကားများမှာမူ နယ် စပ်များဆီမှ တရားမဝင် လိုင်စင်မဲ့အနေ အထားဖြင့် ဝင်ရောက်မှုများရှိနေဆဲဖြစ်သော် လည်း ပမာဏမှာ နည်းပါးကြောင်း၊ လိုင်စင် မဲ့ကားများဝင်ရောက်မှုအားလုံးဝပျောက်ကွယ် စေရေးအတွက် အစိုးရမှ ကားတင်သွင်းခွင့် များခွင့်ပြုပေးရရုံဖြင့်မလုံလောက်ဘဲ လိုင်စင် မဲ့ကားများ မဝင်ရောက်လာစေရေးအတွက် လည်း တားဆီးမှုများအား ထိရောက်စွာဆောင် ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတော် အတွက် ထိုက်သင့်သော အခွန်အခများရရှိ ရုံမျှမက တရားဝင်ကား တင်သွင်းခွင့်ရှိသော သူများ အနေဖြင့်လည်း နစ်နာဆုံးရှုံးမှုများမကြုံ တွေ့စေမှာဖြစ်ကြောင်း နေပြည်တော်၊ ဘောဂ သီရိကားဝင်းအနီး ကားအရောင်းစင်တာ ဖွင့် လှစ်ထားသည့် ကိုမင်းမင်းက ဆိုသည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်အနေ ဖြင့် မြန်မာနိုင်ငံ၌ ယခင်ကအဆမတန်မြင့်တက် နေသော ကားဈေးနှုန်းများ ကျဆင်းစေရေး အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအားနိုင်ငံ ခြားမှ ကားတင်သွင်းခွင့်များ ခွင့်ပြုခဲ့ခြင်း ကြောင့် နိုင်ငံတော်အနေဖြင့်လည်း အခွန်ငွေ များ တိုးတက်စွာရရှိလာသည့်အပြင် တရား မဝင်လိုင်စင်မဲ့ကား တင်သွင်းမှု အနေအထား မှာလည်း ရပ်တန့်လုနီးဖြစ်ခဲ့ရသည်။ ယင်းသို့ နိုင်ငံတော်အနေဖြင့် တရားဝင်ကားတင်သွင်း ခွင့်များပြုထားသော်လည်း လိုင်စင်မဲ့ကားများ မှာနယ်စပ်များမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်နေဆဲဖြစ်နေခြင်းကြောင့် တရားဝင် တင်သွင်းခွင့် ရရှိသူများနစ်နာမှုမရှိစေရေးနှင့် နိုင်ငံတော်အနေဖြင့် အခွန်ငွေများပိုမိုရရှိစေရေးအတွက် လိုင်စင်မဲ့ကားများပြည်တွင်းသို့ မဝင်ရောက်လာစေရေးအတွက် ပိုမိုတင်းကျပ် စွာစိစစ်မှုများပြုလုပ်ရန် လိုအပ်သကဲ့သို့ လိုင် စင်မဲ့ ကားများတင်သွင်းရာတွင် ပူးပေါင်းပါဝင် လျက်ရှိသော ဌာနဆိုင်ရာအဖွဲ့အစည်းအသီး သီးမှ အကျင့်ပျက်ဌာနဆိုင်ရာ ဝန်ထမ်းများ အား ထိရောက်စွာစုံစမ်းဖော်ထုတ်အရေးယူ နိုင်မှသာ နယ်စပ်များမှတစ်ဆင့်ပြည်တွင်းသို့ လိုင်စင်မဲ့ကားများ ဝင်ရောက်လာမှုမှာလျော့ နည်းပျောက်ကွယ်သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!