Popular Posts!

Saturday, September 20, 2014

iOS 8 မှာ Third-Party Keyboard ထည့်သွင်းနည်း!

iOS 8 မှာစတင်ပါဝင်လာတဲ့ Third-Party Keyboards တွေထည့်သွင်းလို့ရတဲ့ Feature ဟာကျနော်တို့ ပန်းသီးတွေအတွက် ၀မ်းသာစရာသတင်းကောင်းတစ်ခုပါ ဒါကြောင့်လည်း အခုဆိုရင် iDevice တွေမှာ Jailbreak လုပ်စရာမလိုဘဲ Myanmar Font နဲ့ Keyboard ထည့်သွင်းအသုံးပြုနိုင်တော့မှာမို့ Myanmar Font နဲ့  Third-Party Keyboard ထည့်သွင်းနည်းလေ့လာကြည့်ရအောင်ဗျာ
Myanmar Font အတွက်ကတော့ iOS 7 တုန်းကလို Mobileconfig File (Font Profile) တွေ Install လုပ်ပေးရမှာပါ (Safari ကနေ အောက်ပါ Link တွေထဲဝင်ပြီး Install လုပ်ပေးရမှာပါ Developer ကိုထိန်းလင်းရွှေဖန်တီးထားတာပါ)
(မိမိအသုံးပြုလိုသော Font ကိုပဲ Install လုပ်ပေးပါရန်)
Myanmar Third-Party Keyboard တွေအနေနဲ့အခုလောလောဆယ် SarYay နဲ့ ttKeyboard ဆိုပြီး Keyboard နှစ်မျိုးရှိပါတယ် သိပ်မကြာခင် App Store ပေါ်ရောက်ရှိတော့မှာပါ မိမိနှစ်သက်ရာ Keyboard ကိုရွေးချယ်အသုံးပြုနိုင်ပါတယ် SarYay ကို Developer ကိုထိန်လင်းရွှေမှ ရေးသားထားခြင်းဖြစ်ပြီး ttKeyboard ကို Developer ကိုသန့်သက်မှ ရေးသားထားပါတယ်
အခြား Multilanguage Third-Party Keyboard တွေအနေနဲ့ Fleksy တို့ SwiftKey တို့ကိုအသုံးပြုနိုင်ပါတယ် App Store ပေါ်မှာ နာမည်ကြီးနေတဲ့ Third-Party Keyboard တွေပါ
iOS 8 မှာ Third-Party Keyboard ထည့်သွင်းနည်း
===================================

အဆင့် (၁) App Store ကနေမိမိအသုံးပြုလိုသော Third-Party Keyboard တစ်ခုကိုရှာပြီး Download (Install) လုပ်ပါ
အဆင့် (၂) Download (Install) လုပ်ပြီးတာနဲ့ Settings > General > Keyboard ထဲကိုသွားပါ
အဆင့် (၃) Keyboards ကိုနှိပ်ပါ Add New Keyboard ကိုဆက်နှိပ်ပါ
အဆင့် (၄) THIRD-PARTY KEYBOARDS ခေါင်းစဉ်အောက်မှာ မိမိ Download (Install) လုပ်ထားတဲ့ Keyboard ကိုတွေ့ရပါလိမ့်မယ် ၄င်း Keyboard ကိုနှိပ်ပြီး ရွေးပေးလိုက်ပါ
အဆင့် (၅) ကဲဒါဆိုရင်တော့ စာရိုက်တဲ့အခါ Space Bar ဘေးက ကမ္ဘာလုံးပုံကို နှိပ်ပြီး မိမိ Install လုပ်ထားတဲ့ Third-Party Keyboard ကိုရွေးချယ်အသုံးပြုနိုင်ပါပြီ 


Ref: Redmondpie
Ref:facebook thethmu swe

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!