Popular Posts!

Sunday, October 19, 2014

အမေရိကန်ကုမ္ပဏီများ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေ

သေဖို့ကောင်းတယ်.... နားမလည်တာလား ....ရှုးချင်ယောင်ဆောင်နေလားတော့ မသိဘူး....

စီးပွားရေးတခုမှာ သတင်းအချက်အမှားတွေရရင် ရှုံးပြီးပေါ့ဗျ....ရှက်ဘူးလားဗျ....မြတ်ချင်လို့စီးပွားရေး လုပ်ပါတယ်ဆို... အလှူခိုင်းနေတာကျနေတာဘဲ....

ရှင်းရှင်းပြောရင် မယုံကြည်သေးဘူးပေါ့....စောင့်ကြည့်အုံးမယ်ဆိုတာဘဲ...

နောက်ဆုံးတော့ ရှင်းရှင်းဘဲပြောပါ မယှဉ်ရဲဘူးလို့... စီးပွားရေးဆိုတာ နားမလည်သေးလို့ မတတ်သေးလို့ ၀န်ခံလိုက်ပါ.....တရားမျှ တတဲ့ ယှဉ်ပြိုင်ချင်းဆိုတာ ဘာမှာသွားထားလဲမသိဘူး.... ဘာမှမတတ်ဘဲ အခွင့်ထူးရထား သူတွေ အခုမှ ကြောက်ချေးပန်းနေတာလေ...


အမေရိကန်ကုမ္ပဏီများ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေ

Byသိမ့်သိမ့်စိုး၊ ပြည်သိမ်း

 မြန်မာလုပ်ငန်းရှင်များ အမေရိကန်နိုင်ငံသို့ ပထမဆုံး အကြိမ်သွားရောက်၍ ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်သော်လည်း အမေ ရိကန်စီးပွားရေးလုပ်ငန်းရှင်များ က ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ လာရောက်လိုသူများနေကြောင်း သတင်းရရှိသည်။
‘‘အဓိက,က အမေရိကန်ကုမ္ပဏီ တွေက ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတယ်’’ ဟု မြန်မာ-အမေရိကန်ကုန်သည် အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ-အမေရိကန် ဆက် ဆံရေး တိုးမြင့်စေရန်နှင့် မြန်မာ နိုင်ငံသို့ အမေရိကန်ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်မှုတိုးလာစေရန် မြန်မာနိုင်ငံမှ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပူးပေါင်း၍ အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဆွေးနွေး မည့် Myanmar Investment Outreach Forum အမည်ဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ပထမဆုံးအကြိမ် ပြုလုပ်သော အစည်းအဝေးသို့ မြန်မာအစိုးရအရာရှိများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် စုစုပေါင်း ၇၃ ဦး တက်ရောက်ရာ အမေရိကန်မှ လုပ်ငန်းရှင် ၂၅၀ ဦး တက်ရောက် ဆွေးနွေးခဲ့သည်။
 အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုဥပဒေနှင့် ဘဏ်စနစ်များ ကို အဓိကထားမေးမြန်းမှုပြုလုပ် ကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ လွဲမှားနေသည့် သတင်းအချက် အလက်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖိုရမ်သို့ ကမ္ဘောဇ ဘဏ်၊ Delco Mining, Shwe Taung Group, IBTC, Loi Hein, Lat War Group, City Mark Holding, MAPC, PARAMI Energy တို့ ပါဝင်တက်ရောက်ခဲ့သည်။ အစိုးရအဖွဲ့မှ  သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးနှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအပါအဝင် မြန်မာနိုင်ငံဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးတို့ တက်ရောက် မည်ဖြစ်ပြီး အမေရိကန်ဘဏ်မှ လည်း ရင်းနှီးမြှုပ်နှံမည့်သူများ အပါအဝင် အစိုးရဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။
အဆိုပါဖိုရမ်မှာ ယခင်က မြန်မာ့ရင်းနှီးမြှုပ်နှံမှုများ တိုးလာ စေရန်ဖိတ်ခေါ်သော အစိုးရအဖွဲ့ အစည်းတစ်ခုတည်းက ဆွေးနွေး တင်ပြခြင်းမဟုတ်ဘဲ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်ပါ ပူးပေါင်း၍ ပထမဆုံးအကြိမ် သွားရောက် ပူးပေါင်းဆွေးနွေးမည့်ပွဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အမေရိကန် ၏ လက်ရှိရင်းနှီးမြှုပ်နှံမှုဝင်ရောက်သည့်ပမာဏသည် ကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိပြီး ယင်းပမာဏမှာ အာဆီယံနိုင်ငံများသို့ ဝင်ရောက်သော ပမာဏ၏ ၀ ဒသမ ၈ ရာခိုင်နှုန်းသာရှိနေသည်။ အာဆီယံတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု တတိယအနည်းဆုံး နိုင်ငံမှာ မြန်မာဖြစ်ပြီး ဘရူနိုင်းနှင့် လာအိုမှာ ဒုတိယနှင့် ပထမ အနည်းဆုံးနိုင်ငံများဖြစ်သည်။

Ref7daydaily





No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!