Popular Posts!

Sunday, October 19, 2014

ဝက်စတူး ချက်နည်း

ဝက်စတူး ချက်နည်း
--------------------------

**... ဝက်စတူး ချက်ဖို့ လိုအပ်တာလေးတွေ…

1. ဝက် (pork hock) – ၁ ကီလို
2. ဆီ – 2/3 cup (160 ml)
3. အညိုရောင် သကြား (brown sugar) – ထမင်းစားဇွန်း ၂ ဇွန်းခွဲ
4. အခွံမခွါပဲ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး – ၁၅ တက်
5. နာနတ်ပွင့် (star anise) – ထမင်းစားဇွန်း ၁ ဇွန်းခန့်
6. အမည်းရောင် ဖာလာစေ့ (black cardamon pod) – ၇ ခု
7. သုံးလက်မ အရှည်ခန့် သစ်ဂျပိုး (cinnamon stick) – ၂ ချောင်း
8. ဂျင်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်း
9. chicken powder – ချင့်ချိန်ထည့်ပေးပါ။
10. ဆား – ချင့်ချိန်ထည့်ပေးပါ။
11. ဆား ကြက်ဥပြုတ် (သို့) ရိုးရိုး ကြက်ဥပြုတ် – ၃ လုံး (ဆားကြက်ဥထည့်လျှင် အဖြူသားမမာသွားပဲ ပိုပြီးစားကောင်းပါတယ်။)
12. မှို – လက်တစ်ဆုပ်ခန့်
13. ကန်ဇွန်းရွက် – လက်တစ်ဆုပ်ခန့်
14. ငရုတ်ကောင်း - အနည်းငယ်

pork hock ကို အမွှေးများပိုပြီးပြောင်စင်သွားစေရန် နှင့် အနံ့ပိုမွှေးစေရန် မီးဖြင့် အနည်းငယ်မြှိုက်ပေးပါ။ (မီးကျွမ်းထားသည့် အမဲမှုန့်များကြောင့် မခါးစေရန် ရေဆေးပေးပြီး၊ ဆီထဲထည့်ကြော်သောအခါ အရမ်းမပေါက်စေရန် တတ်နိုင်သမျှ ရေခြောက်အောင် paper towel ဖြင့် သုတ်ထားပါ။)

ဆီ နှင့် သကြားကို medium high heat ဖြင့် အပူပေးထားပါ။

သကြားများ အောက်ပုံပါအတိုင်း စပြီးပျော်လာသည်နှင့် (ဇွန်းဖြင့် မွှေလျှင် ဇွန်းမှာ ကပ်ပြီး ခဲသွားတတ်သဖြင့် မမွှေရပါ။) medium heat သို့လျှော့ပြီး ဝက်သားကိုထည့်ပါ။ (မီးအားပြင်းလျှင် သကြားတူးပြီး မည်းသွားတတ်ပါသည်။)

အသားအားလုံး နီညိုရောင် ဖြစ်လာအောင် ဟိုဖက်၊ ဒီဖက်လှန်ပြီးကြော်ပေးပါ။

အသားအားလုံး နီညိုရောင် ဖြစ်လာသည်နှင့် သကြားမတူးအောင် ချက်ချင်း ရေနွေး (အသား ၃ ပုံ ၁ ပုံခန့်မြှုပ်အောင်)ထည့်ပေးပါ။ (ဆီပူထဲ ရေနွေးထည့်ချတာဖြစ်၍ ဆီစင်တတ်သောကြောင့် သတိထား ထည့်ပေးစေချင်ပါတယ်။)

ပြီးလျှင် ကြက်သွန်ဖြူ၊ ၊ နာနတ်ပွင့်၊ ဖာလာစေ့၊ သစ်ဂျပိုး၊ ဂျင်းမှုန့်၊ chicken powder နှင့် ဆားတို့ကို ထည့်ကာ အိုးအဖုံး ဖုံးပြီး ဖြင့် ၄၅ မိနစ်ခန့် တည်ထားပါ။

ပြီးလျှင် နောက်တစ်ဖက်လှန်ပေး၍ ကြက်သွန်ဖြူ အခွံ၊ နာနတ်ပွင့်၊ ဖာလာစေ့၊ သစ်ဂျပိုးဖတ်တို့ကို ဆယ်ထုတ်ပေးပါ။ ရေနွေး အနည်းငယ် နှင့် ကြက်ဥပြုတ်ထည့်ကာ အိုးအဖုံး ဖုံးပြီး ၄၅ မိနစ်ခန့် (သို့) အသားနှင့် အရည်နေအထား မိမိစိတ်ကြိုက်ရအောင် တည်ထားပေးပါ။

မှို ၊ ကန်ဇွန်းရွက် နှင့် ငရုတ်ကောင်းထည့်ကာ အနည်းငယ်မွှေပြီး ၅ မိနစ်ခန့် တည်ပြီးလျှင် မီးဖိုမှဖယ်ပြီး အရသာရှိစွာ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

Excellent- Foods Corner မှ ဟင်းချက်ဝါသနာရှင်များအတွက် ပြန်လည်မျှဝေပါသည်။

Credit to Chaw Su's Food Friends

----------
အစားအသောက်များနှင့်ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်၊ လိုက်နာရန်နှင့် ချက်နည်း၊ ပြုတ်နည်းမျိုးစုံတို့ကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။
www.facebook.com/pages/Excellent-Foods-Corner/1492951810938014
-----------


**... ဝက်စတူး ချက်ဖို့ လိုအပ်တာလေးတွေ…
1. ဝက် (pork hock) – ၁ ကီလို
2. ဆီ – 2/3 cup (160 ml)
3. အညိုရောင် သကြား (brown sugar) – ထမင်းစားဇွန်း ၂ ဇွန်းခွဲ
4. အခွံမခွါပဲ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး – ၁၅ တက်
5. နာနတ်ပွင့် (star anise) – ထမင်းစားဇွန်း ၁ ဇွန်းခန့်
6. အမည်းရောင် ဖာလာစေ့ (black cardamon pod) – ၇ ခု
7. သုံးလက်မ အရှည်ခန့် သစ်ဂျပိုး (cinnamon stick) – ၂ ချောင်း
8. ဂျင်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်း
9. chicken powder – ချင့်ချိန်ထည့်ပေးပါ။
10. ဆား – ချင့်ချိန်ထည့်ပေးပါ။
11. ဆား ကြက်ဥပြုတ် (သို့) ရိုးရိုး ကြက်ဥပြုတ် – ၃ လုံး (ဆားကြက်ဥထည့်လျှင် အဖြူသားမမာသွားပဲ ပိုပြီးစားကောင်းပါတယ်။)
12. မှို – လက်တစ်ဆုပ်ခန့်
13. ကန်ဇွန်းရွက် – လက်တစ်ဆုပ်ခန့်
14. ငရုတ်ကောင်း - အနည်းငယ်

pork hock ကို အမွှေးများပိုပြီးပြောင်စင်သွားစေရန် နှင့် အနံ့ပိုမွှေးစေရန် မီးဖြင့် အနည်းငယ်မြှိုက်ပေးပါ။ (မီးကျွမ်းထားသည့် အမဲမှုန့်များကြောင့် မခါးစေရန် ရေဆေးပေးပြီး၊ ဆီထဲထည့်ကြော်သောအခါ အရမ်းမပေါက်စေရန် တတ်နိုင်သမျှ ရေခြောက်အောင် paper towel ဖြင့် သုတ်ထားပါ။)
ဆီ နှင့် သကြားကို medium high heat ဖြင့် အပူပေးထားပါ။
သကြားများ အောက်ပုံပါအတိုင်း စပြီးပျော်လာသည်နှင့် (ဇွန်းဖြင့် မွှေလျှင် ဇွန်းမှာ ကပ်ပြီး ခဲသွားတတ်သဖြင့် မမွှေရပါ။) medium heat သို့လျှော့ပြီး ဝက်သားကိုထည့်ပါ။ (မီးအားပြင်းလျှင် သကြားတူးပြီး မည်းသွားတတ်ပါသည်။)
အသားအားလုံး နီညိုရောင် ဖြစ်လာအောင် ဟိုဖက်၊ ဒီဖက်လှန်ပြီးကြော်ပေးပါ။
အသားအားလုံး နီညိုရောင် ဖြစ်လာသည်နှင့် သကြားမတူးအောင် ချက်ချင်း ရေနွေး (အသား ၃ ပုံ ၁ ပုံခန့်မြှုပ်အောင်)ထည့်ပေးပါ။ (ဆီပူထဲ ရေနွေးထည့်ချတာဖြစ်၍ ဆီစင်တတ်သောကြောင့် သတိထား ထည့်ပေးစေချင်ပါတယ်။)
ပြီးလျှင် ကြက်သွန်ဖြူ၊ ၊ နာနတ်ပွင့်၊ ဖာလာစေ့၊ သစ်ဂျပိုး၊ ဂျင်းမှုန့်၊ chicken powder နှင့် ဆားတို့ကို ထည့်ကာ အိုးအဖုံး ဖုံးပြီး ဖြင့် ၄၅ မိနစ်ခန့် တည်ထားပါ။
ပြီးလျှင် နောက်တစ်ဖက်လှန်ပေး၍ ကြက်သွန်ဖြူ အခွံ၊ နာနတ်ပွင့်၊ ဖာလာစေ့၊ သစ်ဂျပိုးဖတ်တို့ကို ဆယ်ထုတ်ပေးပါ။ ရေနွေး အနည်းငယ် နှင့် ကြက်ဥပြုတ်ထည့်ကာ အိုးအဖုံး ဖုံးပြီး ၄၅ မိနစ်ခန့် (သို့) အသားနှင့် အရည်နေအထား မိမိစိတ်ကြိုက်ရအောင် တည်ထားပေးပါ။
မှို ၊ ကန်ဇွန်းရွက် နှင့် ငရုတ်ကောင်းထည့်ကာ အနည်းငယ်မွှေပြီး ၅ မိနစ်ခန့် တည်ပြီးလျှင် မီးဖိုမှဖယ်ပြီး အရသာရှိစွာ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
Excellent- Foods Corner မှ ဟင်းချက်ဝါသနာရှင်များအတွက် ပြန်လည်မျှဝေပါသည်။
Credit to Chaw Su's Food Friends

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!