Popular Posts!

Thursday, October 2, 2014

ပြည်တွင်းရောက်နေပြီဖြစ်သည့် MLM ဆင့်ပွားလူလိမ်ဂိုဏ်းများ

ပြည်တွင်းရောက်နေပြီဖြစ်သည့် ဆင့်ပွားလူလိမ်ဂိုဏ်းများ

29 september 2014
Muti level marking ကိုစိတ်ဝင်စားသမားများ ဒါကိုဖတ်ကြည့်ပြီးမှာ ၀င်လုပ်ကျပါလို့ သတိပေးလိုက်ပါတယ်.... လောဘမကြီးကျပါနှင့်.....ဂျပိုးကို လိပ်ဖြစ်အောင်ပြောတတ်တဲ့ MLM စနစ်လေးးပါ...
Min Burma added 3 new photos.
ဒီရက်အတွင်းဖတ်မိနေပါသည်...ဆင့်ပွားလိမ်နည်း..ဟူ၍...

ထို့ကြောင့် မိတ်ဆွေများအတွက် စိုးရိမ်မိပါ သည် .... multi level marketing ဟု အမည်တတ်၍ အဆင့်မြင့် လူသုံးကုန်ပစ္စည်း တွေပြကာ ကြောငြာပွဲတွင် အဖွဲ့ ဝင်အဖြစ်လက်ခံပြီး တဆင့်ဖြန်ဖြူး အဖွဲ့ 
ဝင်သစ်ရှာရသော ကိုယ်စားလှယ် သစ်အဖြစ်ရာထူးတန်းပေး၍ လိမ်နည်းဖြစ်ပါသည်...

ထိုင်းနှင့် မလေးရှားတွင် ခေတ်စားနေပြီး ထိုင်းနိုင်ငံမှာ မဲဆောက်လို နယ်စပ်ဒေသများတွင် အဆိုပါဂိုဏ်းများတရားဝင် လုပ်စားနေကြပါသည်။အထူသဖြင့် ရိုးသားသည့် ကရင်တိုင်းသားများ အားစည်းရုံး၍ ဟော်တည်ခန်းမတခုတွင် တွေဆုံပွဲလုပ်၍ခါ လိမ်နေသည်ကို ကိုယ်တိုင် တွေ့ ခဲ့ရဘူးသည်။

ဥပမာ...ပြောရလျှင်...
ပစ္စည်းတခု၃သောင်းခန့်တန်သည်အား ၁သိန်းပေး၍အရင်ဝယ်ယူရပြီး... အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရသော နည်းဖြစ်ပါသည်..။ ထို့ကြောင့်ဇာတ်လမ်းစလျှင်စခြင်းပင် ၇သောင်း ရှုံးပါ သည်.။
ကိုကနောက်လူနှစ်ရောက်ထပ်စည်းရုံးနိုင်လျှင် လစဉ်မိမိဝင်ငွေ ကျပ် ၅၀,၀၀၀ တိုးမည်စသဖြင့် ဇရားများ ပုံစံများချကာ စည်းရုံးပါလိမ်မည်။
အလုပ်မရှိဖြစ်နေသည့်လူဂုဏ်တမ်းများ၊မှအစအလယ်လတ်တမ်းးများပါအလိမ်ကြောများမျောသွားနိုင်၏၊ အဘယ်ကြောင့်ဆိုသော် ငွေတသိန်းထည့်ခိုင်၍ သင်ကိုယ်စာလှယ်ရာထူးကို တန်းခန့်နိုင် သည်။

ထိုမျှနှင့်မပြီးသေးအဖွဲ့ဝင်ဖြစ်သွားသည့်အလျှောက်အလုပ်တခုပါလက်ခံလိုက်ရပြန်ပါသည်...ထိုအဖွဲ့အစည်း အတွက် လူသစ်ထပ်မံရှာဖွေပေးရေးအလုပ်ဖြစ်ပါသည်...။

သင်ကြေကြေနပ်နပ် လုပ်ဖြစ်ပါလိမ့်မည်...

အဘယ့်ကြောင့်ဆိုသော် သင့်အား၎င်းတို့မှ ယုံကြည်လောက်အောင်စည်းရုံးပြီး ဖြစ်နေသောကြောင့်ဖြစ် ပါသည်...
သင်အဘယ့်ကြောင်ယုံကြည်လွယ်ရသလည်းဟု ပြန်ဆန်းစစ်ကြည့်ပါက...သင်၏လောဘ ကြောင့်ပင်ဖြစ် ပါသည်...တသိန်းရင်းရ်ျ လူသစ်များများရှာနိုင်သော် လစဉ် ပုံမှန်မည်ရွေ့ မည်မျှဝင်ငွေရှိကြောင်း၊ 
အဖွဲ့ ဝင်သစ်များများရလေ အမှတ်ပေးစနစ်အရ လစာတိုးမြငိ့ ရမည် စသည်ဖြင့် သင့်အား အထောက် အထားများ..ငွေစာရင်များ ..ဘဏ်စာအုပ်များ ပြပါလိမ့်မည်...။
၎င်း၏လက်အောက်တွင်အဖွဲ့ဝင်အသစ်မည်မျှရှိရ်ျနေ့စဉ်ဝင်ငွေမည်မျှဝင်နေသည်ကိုပြပါလိမ့်မည်...လူတိုင်း
 လောဘ ရှိပါသည်....လောဘပိုကြီးသောသူများသည် ပိုရ်ျယုံလွှယ်တတ်ကြပါသည်...
ထိုက်သင့်သည့်ကျိုးစား အားထုပ်မူ့မရှိဘဲ သူတပါးထံမှ အလွယ်ရမည့် ငွေကို တပ်မက်သူများများစွာ ခံရသောလိမ်နည်းဖြစ်ပါသည်....။

လွန်ခဲ့သည့် ၁၀နှစ်၁၅နှစ်ခန့်က မလေးရှားတွင် တွင်ကျယ်ခဲ့ပြီးသော လိမ်နည်းများ ယ္ခု မြန်မာပြည်တွင် ခြေချ လာခြင်းဖြစ်ပါသည်....ထိုစဉ်က မလေးနိုင်ငံ သား အများအပြား အလိမ်ခံခဲ့ရပါသည်....
တရားစွဲရ်ျမရပါ... ရဲတိုင်၍မရပါ...အဖွဲ့ဝင်အဖြစ်ဖြည့်စွက်ရသည့် လျှောက်လွှာမှာတွင်ပင် ၄င်းတို့ဖက်မှ ဥပဒေကြောင်းအရအရေးယူ၍ မရအောင်ကြိုတင် ကာကွယ် ကြံစည် ထားပြီးဖြစ်ပါသည်...
ထိုအဖွဲ့ အစည်းများသည် ခိုင်မာတောင့်တင်းစွာ သိုင်းကြီးဝိုင်းကြီးဖွဲ့စည်းထားကြပါသည်..နာမည်ကြီး များ၏ အကူအညီများ၊အမည်များ ကိုလည်း အသုံးချတတ်ပါ သည်...။
ဝတ်စားဆင်ယင်မူ့ အလွန် စမတ်ကျ ကြပါသည်... ဝင်းဝင်းပြောင်ပြောင်..ရွှေတွဲလဲ ...ငွေတွဲလဲများဖြင့် ဆွဲဆောင်ကြပါသည်...နက်တိုင်နှင့်ကုတ်ဝတ်ခါအတွင်းမူးမလှလှလေးများပါလာလိမ့်မည်၊
အတန်းပညာမတတ်သူကိုပင် ညွှန်ချုပ် ဖြစ်နိုင် သည်ဟု ပြောတတ်ကြပါသည်...
သင်သည် ၄င်းတို့နှင့် ပါတ်သက်မိပြီ ဆိုပါက နောက်ဆုတ်ရန်ခက်သွားပါလိမ့်မည်...
ဆက်တိုးဖို့ရန် သာ၎င်းတို့မှပြောဆိုစည်းရုံးပြီး အဖွဲ့ဝင် အဆင့်တက်ရေးအတွက်ငွေထပ်မံထည့်ဝင်ခြင်း.... လူသစ်များအသဲအသန်ရှာဖွေဖြင်းများသံသရာတွင်လည်ပါတော့သည်...
နောက်ဆုံးနယ်တွင်နေထိုင်သောမိရင်းဖရင်းကိုပင်အဖွဲ့ဝင်ဖြစ်ရန်စည်းရုံးရသည်အထိဖြစ်လာပါလိမ့်မည်...သင်ကိုယ်တိုင် အလိမ်ခံရပြီဟုသတိထားမိချိန်တွင် နောက်ကျနေပြီဖြစ် သည့်အတွက် သင့်ထွက်ပေါက် ရရှိရေး အတွက် သူတပါးအားလိမ်ရန် အားထုပ်ရပါတော့သည်..။

မဟုတ်တာကိုအဟုတ်ထင်အောင်ပြောရပါတော့သည်...မမှန်တာကိုအမှန်ထင်အောင်ပြောရပါတော့သည်..စပါးကြီးမြွေ လိမ်ထားသည်ထက် အဖြည် ခက်ပါလိမ့်မည်...
၎င်းတို့သည် ရဟန်းရှင်လူ မရွှေးစည်းရုံးကြပါလိမ့်မည်...ကျောင်းသားလူငယ် များအားလည်းပစ်မှတ် ထားပါ လိမ့်မည်... ရုံးဝန်ထမ်းများအားလည်းပစ်မှတ်ထားကြပါလိမ့်မည်...
တချိန်ကမလေးရှားနိုင်ငံသားများလူရည်လည်လာချိန်လိမ်လည်ရ်ျမရတော့သောအခါတွင်ပြည်ပမှလာရောက်လုပ်ကိုင်နေကြသောကျွန်တော်တို့လိုအောက်ခြေလုပ်သားနိုင်ငံခြားသားများအားပင်ပစ်မှတ်ထားခဲ့ကြပါသည်....ကျွန်တော်မိတ်ဆွေ အမျိုးသမီးတဦးဆိုလျှင်...
မလေးတွင် မြန်မာဆိုင်ဖွင့်၍ အဆင်ပြေလျှက်ရှိရာမှ...စုဆောင်းထားသမျှလေးတွေကုန်တဲ့အပြင် မြန်မာပြည်က အိမ်ပါရောင်းလိုက်ရတဲ့အဖြစ်ကြုံရပါသည်....။

ပြည်တွင်းရောက်နေပေပြီ...
ဆက်လက်မျှဝေရင်း..
မိတ်ဆွေညီကိုမောင်နှမနှင့်လုပ်ဖေါ်ကိုင်ဖက်များ၏အကျိုးစီပွား မပျက်စီးရာမပျက်စီးကြောင်း ကူညီ စောင့်ရှောက် နိုင်ကြပါစေ.....။


    နိုင်ငံတကာမှာ ဘယ်လောက်ဘဲ ဈေးကြီးတဲ့နာမည်ကြီးတံဆိပ် Bands တွေဘဲဖြစ်ဖြစ် နှစ်ကုန်ခါနီးမှာ စာရင်းရှင်း ပေးရမှာဖြစ်လို့ နှင့် ဒီဇိုင်းအသစ်ထွက်ရင် ဒီဇိုင်းအဟောင်းတွေကို နှစ်တိုင်း ၅၀ % သို့ ၇၀ % တ၀က်ဈေးသို့ ၃ချိုး၁ချိုးဈေးနှင့် ဈေးချရောင်း လေ့ရှိပါတတ်ပါတယ်...
ဒါကိုကြည့်ပြီး စဉ်းစားတာကြည့်တော့  တကယ်နာမည်ကြီးတံဆိပ် ကောင်းတွေနော်...
MLM လို ဘယ်တုန်းကမှာ မတွေ့ဖူးတဲ့အမည်မှန်းမသိရတဲ့ တံဆိပ်လေးတွေမဟုတ် ဘူး!...
အားလုံးမြင်နေတာက နိုင်ငံခြားကိုထွက်လည်ရတာကိုဘဲမြင်ကျရတာပါ..
ဒီမှာက ကုမ္မဏီအလုပ်သမားတွေကို နှစ်တိုင်းနိုင်ငံတကာဘုရာဖူးတာ စရိတ်နည်း ခရီးစဉ်တွေနှင့် နှစ်သိပ်သလိုပေါ့ဗျ...


MLM သမား ဟောင်း နောက်တစ်ယောက် ရဲ့ရင်ဖွင့်သံနားစွင့်ကြည့်လိုက်ပါအုံး..



Aim Star မှာ ဝင်ငွေကောင်းတဲ့သူတွေ ရှိတယ်။ သူတို့က တည်ချိုးဗျ။ ချိုးဖမ်းတယ် ဆိုတာ ချိုးတစ်ကောင်ပြပြီး ဖမ်းတာ။ Aim Star ရဲ့ အသုံးချခံရတဲ့ သူတွေဖြစ်သွားပြီ။ တစ်ချို့က ထောင်ချောက်ကို မြင်ပေမယ့်လည်း ကိုယ်ရမယ့် အကျိုးအမြတ် အတွက် အတ္တကို ရှေ့တန်းတင်လိုက်ကြပြီ။ အသင်းဝင် အားလုံးက ထောင်ချောက်ကို မမြင်တော့ဝင် ။ ဝင်တော့မိခဲ့ကြပြီိ။ ငါးစာသာမြင် ငါးမျှားချိတ် မမြင်သလိုပေါ့။ ထောင်ချောက်ဆိုတာ အလွယ်တကူ နဲ့တော့ ဘယ်သိနိုင်ပါ့မလဲ။ တစ်ချို့ အကူအညီကလည်း ကူညီတဲ့နည်း မှားခဲ့ရင် ဆင်းရဲစေဖို့ ထောင်ချောက်ပါပဲ။ တစ်ချို့ လူတွေများ ကိုယ့်ကိုယ်ကို အားမကိုးတော့ဘဲ အချောင်သမား စိတ်ဓာတ်တွေ ဖြစ်ကုန်ရော။

ကျနော်လည်း Aim Star ထဲ ဝင်ခဲ့တာက ထောင်ချောက်ကို မမြင်ခဲ့လို့။ တကယ် ထဲထဲဝင်ဝင် လေ့လာမှ တိုင်းပြည်ကို ဆင်းရဲတွင်းမှာ နစ်သထက်နစ်အောင် နှစ်မယ့် ထောင်ချောက် ဆိုတာကို သိခဲ့ပါတယ်။
တိုင်းပြည်ကို ဆင်းရဲတွင်းမှာ နစ်သထက်နစ်အောင် နှစ်မယ့် ထောင်ချောက် (သို့) Aim Star
မင်္ဂလာပါ ကျနော် ဟန်မင်းထွေး ပါ။ Aim Star ထောင်ချောက် မှာ မိခဲ့တဲ့ အသင်းဝင်ဟောင်း တစ်ဦးပါ။ ဖော်ကောင်ဆိုလည်း မမှားပါဘူး။ ဒါကြောင့်လည်း ဒီထောင်ချောက်ရဲ့ ကလိမ်ကကျစ် ဥာဏ်နဲ့ အပီအပြင် ဆင်ထားတဲ့ အကွက်တွေကို ပြောပြသွားပါမယ်။

Aim Star ဆိုတာက အလှကုန်l လူသုံးကုန်နဲ့ ဆေးဝါးတစ်ချို့ ဖြန့်ချီတဲ့ ကုမ္ပဏီပါ။ ရုံးချုပ်ကတော့ ထိုင်း နိုင်ငံမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ၇ နိုင်ငံ ဖြန့်ချီပါတယ်။ အမေရိကန်lဂျပန်lထိုင်းlမလေးရှားl မြန်မာl လာအို နဲ့ ကမ္ဘောဒီးယား တို့ဖြစ်ပါတယ်။ လျှောက်လွှာ တစ်ရွက်ကို ၉၀၀၀ ကျပ် ပေးဝယ်ပြီး Member ဝင်ရပါတယ်။ ဒါ့အပြင် pv1000 (သို့) ၉၅၀၀၀ ကျပ် ဖိုး ပစ္စည်းဝယ်ယူ ရပါတယ်။ အသင်းသားက နောက်ထပ် အသင်းဝင် အသစ် ထပ်ရှာရပါတယ်။ ဆင့်ကာဆင့်ကာ ပွားရပါတယ်။ ၁-၂-၄-၈-၁၆-၃၂ အဲလို ဆင့်ပွားရပါတယ်။ အသင်းဝင် အသစ်ရှာနိုင်လျှင် Aim Star က အသင်းသားကို လစာပေးပါတယ်။ လစာ ထုတ်ချင်သူက လစဉ် pv300 (သို့) ၃၀၀၀၀ဖိုး ခန့် ပစ္စည်း ဝယ်ယူရပါတယ်။ မဝယ်ရင် လစာ ထုတ်မရပါ။ ၂ယောက် ရှာနိုင်လျင် ၂သောင်း l၄ယောက်-၃သောင်းl ၈ယောက်-၆သောင်းl ၁၆ယောက်-၁သိန်း ၂သောင်း l အစရှိသဖြင့် ၄၀၀၀ယောက်- သိန်း ၃၀၀ ကျပ် ရရှိမှာပါတဲ့။ ကမ္ဘာ့အဆင့်မီ စီးပွားရေးတဲ့။ ဒါက အလုပ်သဘော အကြမ်း။


အခု Aim Star ရဲ့ အပြောနဲ့အလုပ် မညီတာကို ပြောပြမယ်။ ဒီလုပ်ငန်းက လွတ်လပ်တယ် ပြောတယ်။Freedomတဲ့။ လက်တွေ့မှာတော့ ပတ်ချုပ်ထားတယ်။ လျှောက်လွှာတစ်ရွက် ၉၀၀၀ကျပ်တဲ့။ စက္ကူဈေး အဲလောက်မှ မကြီးတာ။ နောက် တစ်နှစ်ပြည့်ရင် သက်တမ်းတိုးရသတဲ့။ အဲဒါ က ၄၅၀၀ ပေးရပါတယ်။ သက်တမ်း ကုန်စရာလား။ မှတ်ပုံတင်ဆိုတာ ၁၈နှစ်(သို့)၃၀ ပြည့်ရင်လဲရမယ်။ ဒါက ရုပ်ပြောင်းလို့လေ။ အခုက သက်သက် အမြတ်ထုတ်တာ။ စဝင်ဝင်ချင်း ၉သောင်းခွဲဖိုးဝယ်ရသလို လစဉ် ၃သောင်းဖိုး အနည်းဆုံးဝယ်ရမယ်။ အမှန်တကယ် Freedom ဖြစ်ရင် ၁၀၀၀ ကျပ်ဖိုး ဝယ်လည်း ဖြစ်ရမှာပေါ့။ အခုတော့ ဘယ်မှာ Freedom ဖြစ်လို့လဲ။ အဲဒီ Freedom ဆိုတဲ့ စကားလုံးနဲ့ လှည့်တယ်။ ဆွဲဆောင်တယ်။

နောက် အသင်းသားတွေကို လစာပေးတာက ဒီလိုပြောတယ်။ ကျနော်တို့ ၁၀၀ ပေးဝယ်ရတဲ့ ပစ္စည်းက ထုတ်လုပ်မှု ကုန်ကျစရိတ် ၄၀% ကုန်ကျတယ်။ ၃၀%က ကြော်ငြာခ l ၂၀% က ပို့ဆောင်ခနဲ့ ၁၀% က စတိုးဆိုင်က အမြတ်တင်ရောင်းလို့သာ ဖြစ်ပါသတဲ့။ Aim Star က အဲဒီ ၆၀ % ကို အသင်းသားတွေ အတွက် လစာပေးပါသတဲ့။ အဲဒါ ညာတာပဲ။ အဲဒါ လှည့်ကွက်ပဲ။ ၆၀၀ တန် ပစ္စည်းကို ၆၈၀၀ ရောင်းတယ်။ ဆယ်ဆကျော် ဈေးကြီးတယ်။ ပြန်ပေးတာက နည်းနည်းရယ်။ ကုတ်သွေးစုပ် အမြတ်ထုတ် နားလှည့်ပါးချတာက အဆိုးဆုံးပဲ။ (အခုကိစ္စက ဈေသည် စကားလို ဖြစ်နေပြီ။ ခင်ဗျားမလို့ ဒီဈေးနဲ့ ပေးတာ ။ လူရင်းတွေမို့။ ဒါမျိုးပေါ့။ ) ဥသျှစ်သီးကို ပါးစပ်ထဲ ငုံပြောသလို။ စကားလုံးတွေက ပါးစပ်နဲ့ မဆန့်ဘူး။ အဲလို လှည့်ကွက်တွေ နဲ့ ညာတာ။


နောက် Aim Star က အရည်အသွေးကြောင်း ပြောရင် အမေရိကန် lဂျပန်မှာ သုံးတာ ဒီလိုပဲ ပြောတယ်။ ဒါနဲ့ ကိုင်ပေါက်တယ်။ ဒါနဲ့ ပိတ်ပြောတယ်။ISO လက်မှတ် မပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ဘယ်အဖွဲ့ မှ လိုက်စစ်မှာ မဟုတ်။ အရည်အသွေးမီတယ် ထားပါဦးတော့ အမေရိကန်lဂျပန် သုံးတဲ့ ပစ္စည်းကို မြန်မာက သုံးစရာလား။ သူ့အိုးနဲ့ သူ့ဆန် တန်ရုံပေါ့။

၁+၂+၄+၈+၁၆=၃၁ ယောက်ဆိုတော့ အများပေါင်းတွက်ရင် ၃၁ သိန်းကုန်ပါတယ်။ အရာရာတိုင်းဟာ ဖြစ်ပြီးရင် ပျက်ရမှာပါ။ ဖြစ် တည် ပျက် ပေါ့ဗျာ။ ဟုတ်ပြီနော်။ ဒီ၁၆ ယောက် အဆင့်ကို ရပ်သွားပြီလို့ တွက်မယ်ဆိုရင် အားလုံးပေါင်း အနေနဲ့ လစာစုစုပေါင်း ၈သိန်း ခန့်သာ ပြန်ရပါတယ်။ကုန်တာက ၃၁ သိန်းပါ။ ၉ သောင်းခွဲဖိုးက အပြင်မှာ ဝယ်ရင် ၂သောင်းခွဲ နဲ့ ၃သောင်းကြား ရှိပါလိမ့်မယ်။ အရည်အသွေးက Aim Star ပစ္စည်းထက် ပိုကောင်းပါလိမ့်မယ်။ ဒါကြောင့်မို့ ၃၁ယောက်မှာ ၁၅ သိန်းခန့် ရှုံးပါတယ်။ လူ၁၀၀ မှာ သိန်း ၅၀ပဲ ထားပါဦးတော့ လူ ၁၀၀၀ မှာ သိန်း ၅၀၀ l လူ၁၀၀၀၀ မှာ သိန်း ၅၀၀၀ ရှုံးမှာ ဖြစ်ပါတယ်။ အခု လောလောဆယ် မြန်မာပြည်မှာ အသင်းဝင် ၃ သိန်းခွဲ ကျော်သွားပြီလို့ ကြားတယ်။ အဲလိုဆိုတော့ ကျပ်သိန်းပေါင်း ၁၇၅၀၀၀ လောက် ရှုံးခဲ့ပါပြီ။ 

စာရေးဆရာမဂျူး က ပြောတယ်။ ကမ္ဘာမှာ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံက ဆင်းရဲတာ များသတဲ့။ သယံဇာတ ပေါကြွယ်ဝတယ်ဆိုတာ ဆင်းရဲမွဲတေဖို့ ထောင်ချောက်ပဲတဲ့။ Aim Star မှာ ဝင်ငွေကောင်းတဲ့သူတွေ ရှိတယ်။ သူတို့က တည်ချိုးဗျ။ ချိုးဖမ်းတယ် ဆိုတာ ချိုးတစ်ကောင်ပြပြီး ဖမ်းတာ။ Aim Star ရဲ့ အသုံးချခံရတဲ့ သူတွေဖြစ်သွားပြီ။ တစ်ချို့က ထောင်ချောက်ကို မြင်ပေမယ့်လည်း ကိုယ်ရမယ့် အကျိုးအမြတ် အတွက် အတ္တကို ရှေ့တန်းတင်လိုက်ကြပြီ။ အသင်းဝင် အားလုံးက ထောင်ချောက်ကို မမြင်တော့ဝင် ။ ဝင်တော့မိခဲ့ကြပြီိ။ ငါးစာသာမြင် ငါးမျှားချိတ် မမြင်သလိုပေါ့။ ထောင်ချောက်ဆိုတာ အလွယ်တကူ နဲ့တော့ ဘယ်သိနိုင်ပါ့မလဲ။ တစ်ချို့ အကူအညီကလည်း ကူညီတဲ့နည်း မှားခဲ့ရင် ဆင်းရဲစေဖို့ ထောင်ချောက်ပါပဲ။ တစ်ချို့ လူတွေများ ကိုယ့်ကိုယ်ကို အားမကိုးတော့ဘဲ အချောင်သမား စိတ်ဓာတ်တွေ ဖြစ်ကုန်ရော။

ကျနော်လည်း Aim Star ထဲ ဝင်ခဲ့တာက ထောင်ချောက်ကို မမြင်ခဲ့လို့။ တကယ် ထဲထဲဝင်ဝင် လေ့လာမှ တိုင်းပြည်ကို ဆင်းရဲတွင်းမှာ နစ်သထက်နစ်အောင် နှစ်မယ့် ထောင်ချောက် ဆိုတာကို သိခဲ့ပါတယ်။ ဒီလုပ်ငန်းရဲ့ website က www.aimstarnetwork.com ပါ။ ။

Aim Star ထောင်ချောက်ရဲ့ ကျော့ကွင်းမှ ရှောင်ကွင်းနိုင်ပါစေ
ဟန်မင်းထွေး
(အသင်းဝင်ဟောင်းတစ်ဦး)
ph.no 09 256209990 
Ref;Han Min Htew  facebook 

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!