Popular Posts!

Wednesday, November 12, 2014

မြန်မာ့အိမ်ခြံမြေ အန္တရယ်ရှိ စိုးရိမ်ရတဲ့အချိန်ရောက်နေပြီလား?


How to Navigate Myanmar’s Real-Estate Bubble
www.ustream.tv
Strong demand for real estate, coupled with the fact that the government tightlycontrols the property sector, is creating a bubble in Myanmar. Goodwin Gaw of Gaw Capital discusses his strategies for investing in realestate in the country.


WSJ Live brings you original programming from The Wall Street Journal. With live programming everyday, you can stay on top of thelatest in news, elections, markets, tech, opinion, lifestyle and more from 2,000 reporters across the globe.



မြန်မာ့အိမ်ခြံမြေဈေး ကျရိပ်သန်းနေပြီဟု နိုင်ငံခြားပညာရှင်သုံးသပ်


   မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးနှုန်း ကျရိပ်သန်းနေပြီလို့ နိုင်ငံခြားအိမ်ခြံမြေကဏ္ဍ လုပ်ကိုင်တဲ့ ကုမ္ပဏီတွေက သုံးသပ်ပြောကြားပါတယ်။

သည်လ ၂၃ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ် UMFCCI မှာ ပြုလုပ်တဲ့ အဆင့်မြင့်အိမ်ရာတည်ဆောက်ရေး၊ ဈေးကွက်နှင့် ဥပဒေဆိုင်ရာ မျက်မှောက်အခြေအနေများ ဆွေးနွေးပွဲမှာ အင်္ဂလန်နိုင်ငံအခြေစိုက်
 Savills ကုမ္ပဏီရဲ့ Country Manager Richard Emerson (ရစ်ချက်အီမာဆင်)က ပြောတာပါ။


    ရစ်ချက်အီမာဆင်က “မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးနှုန်းတွေက လာမယ့်ကာလတွေမှာ ရောင်းလိုအားများပြီး ၀ယ်လိုအားနည်းလာမှာ ဖြစ်လို့ ဈေးနှုန်းကျမှာဖြစ်တယ်”လို့ ပြောပါတယ်။

ဟိုတယ်နှင့် ရုံးခန်းငှားခပါ ကျမည်

ရုံးခန်းငှားခတွေလည်း လာမယ့်ကာလတွေမှာ ကျသွားမယ်လို့ ခန့်မှန်းပါတယ်။ အခုဆိုရင် ရုံးခန်းတည်ဆောက်တာတွေ များလာတဲ့အတွက်ကြောင့် ရောင်းလိုအားများပြီး ၀ယ်လိုအားနည်းလာတာကြောင့် ရုံးခန်းငှားခတွေ ကျမှာဖြစ်ပါတယ်။

ဟိုတယ်ငှားခတွေက လက်ရှိဒေသအတွင်းမှာ ဈေးနှုန်းများနေပါတယ်။ ဟိုတယ်တည်ဆောက်မှု သည်ဘက်နှစ်ပိုင်းမှာ များလာတဲ့အတွက်ကြောင့် ငှားရမ်းခနှုန်းထားတွေလည်း ကျသွားမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ပိုင်းလူတိုင်းတတ်နိုင်တဲ့အထိ ကျသွားမှာဖြစ်ပါတယ်။

လူနေအိမ်တွေ ကွန်ဒိုတွေနဲ့ ပတ်သက်ပြီး တွေ့ရတာက ၀ယ်တဲ့သူတွေပေးတဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ပေါက်ဈေးပေါ် မူတည်ပြီး sensitive ဖြစ်လာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ခြောက်လမှာတွေ့ရတာက ဈေးနှုန်းအရင်လောက်မမာဘဲနဲ့ လျော့နည်းသွားတယ်လို့ တွေ့ရပါတယ်။ ၀ယ်ယူတဲ့ နှုန်းလည်း အနည်းငယ်ကျသွားတယ်လို့ သိရပါတယ်။

ဈေးကွက်သုံးသပ်ချက်တွေကို  သုံးနှစ်ခန့်အချိန်ယူပြီး မြေပိုင်ရှင်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို မေးမြန်းပြီး စဉ်ဆက်မပျက်စာရင်းပြုစုပြီး ဈေးကွက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဈေးနှုန်းကွာဟချက်

အိမ်ခြံမြေဈေးနှုန်း တန်ဖိုးတွက်ချက်တဲ့ အခါမှာ ဈေးကွက်ထဲမှာရှိတဲ့ ပါးစပ်ပြောဈေးပေါ်မှာ ပြောဆိုနေကြတာဖြစ်ပါတယ်။ နိုင်ငံတော်အမြင်နဲ့ သိပ္ပံနည်းကျ တွက်ချက်တဲ့ဈေးနှုန်းတွေက အမြဲကွာခြားမှု  ကြီးမားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

REF : The Kumudra

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!