Popular Posts!

Saturday, November 15, 2014

သမ္မတဘားရတ်အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟောပြောပွဲ ၂၀၁၄

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားဟာ နိုဝင်ဘာလ ၁၄ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပါတယ်။ 

DVB TV - 14.11.2014

Obama criticises rules barring Aung San Suu Kyi from Myanmar presidency

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ လူငယ်များနှင့် တွေ့ဆုံ 

ဇာလီမြင့်ဦး၊ သီတာလင်း
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် နိုဝင်ဘာ ၁၄ ရက်ကပြုလုပ်သည့် အိုဘားမားနှင့်လူငယ်များ တွေ့ဆုံပွဲ မြင်ကွင်းတစ်ခု (Photo:AFP)
အာဆီယံဒေသတွင်း ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်သည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၎င်း၏နိုဝင်ဘာ ၁၄ ရက် ရန်ကုန်ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစည်းအရုံး (YSEALI) မှ လူငယ်ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့ အာဆီယံ ၁ဝ နိုင်ငံမှ လူငယ်ကိုယ်စားလှယ် ၁ဝဝဝ ဦး ဖိတ်ကြားခဲ့ကာ လူငယ်ကိုယ်စားလှယ် ၅ဝဝ ဦးခန့် တက်ရောက်ခဲ့သည်။



သမ္မတဘားရက်အိုဘားမားအနေဖြင့် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု အစီအစဉ်မှ လူငယ်ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းဖြစ်သည်။



၂ဝ၁၂ နှစ်ကုန်ပိုင်းက မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများသို့ အစည်းအဝေးတက်ရောက်ရန် မလေးရှားသို့ရောက်ရှိစဉ် အဆိုပါအစည်းအရုံးမှ လူငယ်ကိုယ်စားလှယ် ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မြန်မာနိုင်ငံမှ လူငယ်အဖွဲ့ဝင် ၁ဝ ဦး တက်ရောက်ခွင့် ရရှိခဲ့သည်။



အဆိုပါတွေ့ဆုံပွဲတွင် လူငယ်ကိုယ်စားလှယ်ခုနှစ်ဦးက မေးမြန်းခွင့်ရရှိခဲ့ကာ လူငယ်များက တိုင်းပြည်အတွင်း လူမျိုးရေး ကွဲပြားခြားနားမှုများအကြား မည်ကဲ့သို့ နေထိုင်သင့်ကြောင်း၊ အာဆီယံနိုင်ငံ အချင်းချင်းကြား ကွဲပြားခြားနားမှုများကြား ထိန်းညှိပေးနိုင်မည့် အလားအလာ ရှိ၊ မရှိ၊ ဒီမိုကရက်တစ် အပြောင်းအလဲနှင့် စိန်ခေါ်မှုများစွာရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် မည်သည့်ကဏ္ဍအား အဓိကအာရုံစိုက် လုပ်ဆောင်ရန်လိုအပ်ကြောင်း စသည့်မေးခွန်းများကို မေးမြန်းခဲ့ကြသည်။



အိုဘားမားက ပြန်လည်ဖြေကြားရာတွင် “ဒီမိုကရေစီမှာ လူတွေရဲ့လုပ်ဆောင်ချက်တွေက အမျိုးသားရေးလက္ခဏာ ဆောင်ရမယ်။ မြန်မာနိုင်ငံအတွင်းမှာ ကိုယ့်လူမျိုးကိုပဲကိုယ်ကြည့်ပြီး အမျိုးသားရေးကို မကြည့်ဘူးဆိုရင် နိုင်ငံအစိတ်စိတ်အမြွာမြွာ ကွဲသွားပါလိမ့်မယ်။ အမေရိကန်နိုင်ငံဟာ ဒီလောက်အလားအလာ ကောင်းလာတာဟာ လူမည်းအမေရိကန်တွေကို မြှင့်တင်မှုမပေးရင် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွဲပြားမှုတွေကို နားလည်ရပါမယ်” ဟု ထည့်သွင်းပြောကြားသည်။



အမေရိကန်နိုင်ငံမှ အရှေ့တောင်အာရှရှိ လူငယ်များအတွက် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ သမ္မတအိုဘားမားက “အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီလူငယ်တွေကို ကျွန်တော်တို့မိတ်ဆွေတစ်ယောက်အနေနဲ့ ကူညီချင်ပါတယ်။ ခင်ဗျားတို့ရဲ့ အနာဂတ်အတွက် ဆောင်ရွက်ပေးချင်ပါတယ်။ ဒါတွေကို အသုံးချပြီးတော့ ဒီကမ္ဘာကြီးကို အပြောင်းအလဲဖြစ်အောင် ဆောင်ရွက်စေချင်ပါတယ်။ ကျွန်တော်တို့ ဒါကိုလုပ်ဖို့ တစ်လမ်းရှိပါတယ်။ အရှေ့တောင်အာရှမှာရှိတဲ့ ဒီလူငယ်တွေရဲ့ ခေါင်းဆောင်မှုကဏ္ဍပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီအရှေ့တောင်အာရှက လူငယ်ခေါင်းဆောင် ၅ဝဝ ကို ကျွန်တော်တို့ခေါ်ပြီးတော့ ကျွန်တော်တို့ ကူညီသင်ကြားပေးပါမယ်။ နည်းလမ်းတွေ ပြပါမယ်။ ခေါင်းဆောင်မှုပညာတွေ သင်ပေးပါမယ်။ အတွေးအခေါ်တွေ၊ ပညာရပ်တွေ လေ့လာပြီးတော့ သူတို့တိုင်းပြည်တွေကို ပြန်လာပြီး ဒါတွေကို အသုံးချပြီးတော့ ဆောင်ရွက်တဲ့အခါမှာ ကမ္ဘာကြီးကို ပြောင်းလဲအောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။



အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစည်းရုံးကို (YSEALI) ကို အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ အစီအစဉ်ဖြင့် ၂ဝ၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။



အဆိုပါ အစီအစဉ်အရ အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အပြင် ပညာရေးနှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ကောင်းမွန်စွာ ကိုင်တွယ်နိုင်သော ဆန်းသစ်သည့်အတွေးအခေါ်များ ရှိကြသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား ထက်မြက်သည့် လူငယ်ခေါင်းဆောင်များ ပါဝင်ခွင့်ပြုခဲ့ကာ အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့အား လေ့ကျင့်သင်ကြားမှုများ လိုအပ်သောအထောက်အပံ့များပေး၍ လူမှုအဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်များ၊ စီးပွားရေးစွမ်းဆောင်ရှင်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။



အိုဘားမားသည် နိုဝင်ဘာ ၁၄ ရက် ရန်ကုန်ခရီးစဉ်အတွင်း နံနက်ပိုင်းတွင် ဝန်ကြီးများရုံးဟောင်းသို့ သွားရောက်လေ့လာခဲ့ပြီး ထိုမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် အမေရိကန်သံရုံးတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။


ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော လူငယ်များနှင့် တွေ့ဆုံပွဲတွင် သမ္မတအိုဘားမား မေးမြန်းမှုများကို ပြန်လည်ဖြေကြားနေစဉ်


အမေရိကန်သမ္မတ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များအစည်းအရုံး (YSEALI) မှ လူငယ်ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် အမေးအဖြေအချို့


မေး။ ကျွန်တော့်အနေနဲ့ ရခိုင်မှာရှိတဲ့ လူငယ်တွေ မတူညီတဲ့ မျိုးနွယ်စုများကြားက အစွန်းရောက်မှုတွေကို ဘယ်လိုဖယ်ရှားရမလဲ။

ဖြေ။ မည်သည့်နိုင်ငံတွေမှာမဆို အရေးအကြီးဆုံး အခြေခံမူဝါဒများကတော့ လူတိုင်းလေးစားဖို့ ထိုက်ပါတယ်။ လူတိုင်းက တရားဥပဒေအောက်မှာ သာတူညီမျှ နေထိုင်ခွင့်ရှိပါတယ်။ လူတိုင်းဟာ သာတူညီမျှရှိတယ်ဆိုတဲ့ အခြေခံအချက်အပေါ်မှာ ရှိပြီးတော့ အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားချစ်ကြည်ပြီးတော့ အားလုံးသူတို့တိုင်းပြည်အတွက် ပါဝင်နိုင်စွမ်းရှိပြီးတော့ နိုင်ငံရဲ့ဖြစ်စဉ်တိုင်းမှာ လူတိုင်းပါဝင်နိုင်ခွင့်ရှိတယ်။ လူတိုင်းက မိမိရဲ့ထင်မြင်ယူဆချက်ကို ဖိနှိပ်မှာကိုမကြောက်ဘဲ ထုတ်ဖော်ခွင့်ရှိတယ်။ ဒီသဘောတရားများက တစ်ယောက်ချင်းစီကနေ စတင်ရမှာ ဖြစ်ပါတယ်။



မေး။ အာဆီယံမှာ မတူညီသော နိုင်ငံရေးစနစ်များနဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ရှိတယ်။ ဒီမတူညီချက်တွေက အာဆီယံပေါင်းစည်းမှုအတွက် စိန်ခေါ်မှုများ ဖြစ်လာမယ်လို့ ထင်ပါသလား။ ဒီအချိန်က အာဆီယံပေါင်းစည်းမှုအတွက် တိုက်တွန်းသင့်တဲ့အချိန်လို့ ထင်ပါသလား။

ဖြေ။ ကျွန်တော့်အမြင်မှာတော့ ပိုမိုပေါင်းစည်းလာမယ်ဆိုတာဟာ သေချာပါတယ်။ ပေါင်းစည်းမှုကို အားပေးတိုက်တွန်းခြင်းအားဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလို ကိစ္စတွေမှာ ပိုပြီးအားသာတဲ့ နိုင်ငံတွေက ဒီလိုကောင်းမွန်တဲ့ မှတ်တမ်းတွေမရှိတဲ့ နိုင်ငံတွေအပေါ်မှာ ကောင်းစွာသက်ရောက်မှုတွေ ရှိလာစေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။



မေး။ မစ္စတာအိုဘားမားသာ မြန်မာနိုင်ငံရဲ့သမ္မတဖြစ်မယ်ဆိုရင် မည်သည့်ကဏ္ဍကို အရင်ဆုံးအာရုံစိုက်ပြီး ကျွန်တော်တို့နိုင်ငံကိုတိုးတက်အောင် ဘယ်လိုလုပ်ပေးမလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ကျွန်တော့်အမြင်မှာတော့ အဓိကအရေးအကြီးဆုံး စိန်ခေါ်မှုကတော့ ဒီမိုကရေစီလမ်းကြောင်းကို ဆုံးခန်းတိုင်လျှောက်လှမ်းနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်ပထမဆုံး အာရုံစိုက်မှာကတော့ အခုလည်း လူတွေအများကြီးက ပြောနေကြပါတယ်။ နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပရမယ်။ နှောင့်နှေးမှု မရှိသင့်ပါဘူး။ အချိန်ကြာလာသည်နှင့်အမျှပြီး ပြည့်စုံသည့် အရပ်သားအစိုးရဖြစ်ဖို့ကို သေချာစွာလုပ်ဆောင်ပေးနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရပါမယ်။ လွတ်လပ်စွာ သတင်းရေးသားခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းနိုင်ခွင့်တို့ကို ကာကွယ်ဖို့ တရားဥပဒေတွေ ချမှတ်ထားရပါမယ်။ အကယ်၍ ဒီအဆင့်တွေသာ တစ်သမတ်တည်း ဖြစ်မယ်ဆိုရင် တခြားစိန်ခေါ်မှုတွေကို ကိုင်တွယ်လာနိုင်မှာ ဖြစ်ပါတယ်။



မေး။ အမေရိကန်နိုင်ငံဟာ အိုင်တီနယ်ပယ်မှာ တိုးတက်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ မြန်မာနိုင်ငံအတွက် နည်းပညာတိုးတက်လာအောင် ဘယ်လိုဆောင်ရွက်နိုင်မလဲ။ ဒီကဏ္ဍကနေ လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုဖန်တီးပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ အိုင်တီကဏ္ဍနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်တာကို မြှင့်တင်ဖို့ အခွင့်အလမ်းတွေကို ကျွန်တော်တို့အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြီးတော့ ရှာဖွေဖို့လိုတယ်။ နောက်ထပ် အရေးကြီးတာကတော့ လူငယ်တွေကို လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့က အိုင်တီပိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုက ပုဂ္ဂလိကပိုင်းက လုပ်တာချည်းသာ ဖြစ်ပါတယ်။ အစိုးရကတော့ သုတေသနအတွက်ပဲ ငွေရင်းနှီးမြှုပ်နှံပါတယ်။ အဲဒီတော့ အစိုးရရဲ့ငွေကြေးနဲ့ တိုးတက်အောင်လုပ်တာ မှန်ပေမယ့် တကယ့် တခြားလူမှုမီဒီယာ အပါအ၀င် တခြားဆက်စပ်တဲ့ လုပ်ငန်းတွေအကုန်လုံးက ပုဂ္ဂလိက,က လုပ်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီကို ဒီမှာတည်ဆောက်ပြီးပြီ ဆိုရင်တော့ ဒီအတွက်လိုအပ်တဲ့ ဥပဒေတွေ၊ နောက်ဒီကဏ္ဍကို တိုးတက်မှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို ဆက်ပြီးလုပ်ရပါမယ်။ အားကောင်းတဲ့ အိုင်တီနဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ ယဉ်ကျေးမှုတွေ ရှိဖို့ဆိုရင် မြန်မာနိုင်ငံနဲ့ အခြားအာဆီယံဒေသတွင်း နိုင်ငံတွေမှာ ပုံမှန်အခြေခံအဆောက်အအုံများနဲ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်တွေကို အကာအကွယ်ပေးနိုင်မှုတို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။



မေး။ အမျိုးသားရေးလက္ခဏာကို ဘယ်လိုပုံဖော်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး မစ္စတာအိုဘားမားရဲ့အမြင်ကို ပြောပြစေချင်ပါတယ်။

ဖြေ။ ဒီမိုကရေစီမှာ လူတွေရဲ့လုပ်ဆောင်ချက်တွေက အမျိုးသားရေးလက္ခဏာဆောင်ရမယ်။ မြန်မာနိုင်ငံအတွင်းမှာ ကိုယ့်လူမျိုးကိုပဲ ကိုယ်ကြည့်ပြီး အမျိုးသားရေးကို မကြည့်ဘူးဆိုရင် နိုင်ငံအစိတ်စိတ်အမြွှာမြွှာ ကွဲသွားပါလိမ့်မယ်။ အမေရိကန်နိုင်ငံဟာ ဒီလောက်အလားအလာ ကောင်းလာတာဟာ လူမည်းအမေရိကန်တွေကို မြှင့်တင်မှုမပေးရင် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွဲပြားမှုတွေကို နားလည်ရပါမယ်။



မေး။ မြန်မာနိုင်ငံမှာ အဆင့်မြင့်ပညာရေးစနစ် စတင်နိုင်ပြီလို့ သုံးသပ်လို့ရပါသလား။

ဖြေ။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စိန်ခေါ်မှုများထဲက တစ်ခုကတော့ ပညာရေးစနစ်ကို ပြန်လည်မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ပညာရေးမြှင့်တင်မှုကို ငယ်ရွယ်စဉ်ကနေစပြီး စတင်သင်ကြားနိုင်အောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်တွေမှာဆိုရင် ပြုပြင်ပြောင်းလဲမှု တစ်ခုအနေနဲ့ တက္ကသိုလ်များနဲ့ ကျောင်းသားများဟာ သင်ရိုးညွှန်းတမ်းကို ပုံဖော်နိုင်ခွင့်ရှိရမယ်။ ကမ္ဘာအနှံ့က သတင်းအချက်အလက်တွေကို ရရှိနိုင်ခွင့်ရှိရမယ်။ အဆင့်မြင့်ပညာရေး အစဉ်အလာမရှိတဲ့ နိုင်ငံတွေမှာဆိုရင်တော့ သင်ကြားမှုတွေကို လွတ်လပ်စွာတွေးခေါ်ခွင့်အစား ကျဉ်းမြောင်းတဲ့ဘောင်အတွင်းမှာပဲထားဖို့ ကြိုးစားတတ်ကြပါတယ်။



မေး။ မကြာခင်မှာ အမေရိကန်နဲ့အာဆီယံ ပူးပေါင်းပြီးတော့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြေညာချက်တစ်ခု ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ ရှင်းပြပေးနိုင်မလား။ ကျိုတိုသဘောတူညီချက်နဲ့ တခြားသော ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်များနဲ့ ဘယ်လိုကွာခြားမှုတွေ ရှိမလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ပတ်သက်လို့ လူငယ်တွေက ဘယ်လိုဦးဆောင်နိုင်သလဲလို့မေးရင် ဒီပြဿနာတွေကိုရှင်းဖို့ဟာ ဒီကလူငယ်တွေအားလုံးမှာ တာဝန်ရှိပါတယ်။ ရှေ့ကလူကြီးတွေ လုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်လို့ မရဘူး။ ဒီထက်ပိုကောင်းတဲ့ဟာ ပိုကောင်းတဲ့နည်းလမ်းတွေ ရှိပေမယ်လို့ ဘာလို့ဒီလို ဆက်လုပ်ရမယ်။ ဒီလိုလုပ်ရင်တော့ မကောင်းဘူးလားဆိုတဲ့ အတွေးရယ်၊ ဆန္ဒရယ်၊ နောက်ပြီးတော့ စိန်ခေါ်မှုတွေကိုလက်ခံတဲ့ သဘောထားတွေ၊ နည်းသစ်တွေနဲ့ လုပ်မယ့်ဟာတွေနဲ့ အတိတ်က အရိုးစွဲနေတဲ့ နည်းလမ်းတွေကို လက်မခံဘဲနဲ့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။



Ref;eleven news



USA president Obama speech at Yangon university on 14th November 2014 ! 

Please understand it for not clearing because it is only a copy from Myanmar Skynet TV channel with Burmese language!

USA president Obama speech at Yangon university on 14th November 2014 ! (Part 1)

USA president Obama speech at Yangon university on 14th November 2014 ! (Part 2)


USA president Obama speech at Yangon university on 14th November 2014 ! (Part 3)



.....................................................................................................................................

ဒါက ၂၀၁၂ခုနှစ်တုန်းက အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တွေဆုံတန်းက ဘာတွေပြောခဲ့လဲ  ယှဉ်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်..................

President Obama's Trip to Burma (Myanmar): Aung San Suu Kyi, University of Yangon (2012)


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!