Popular Posts!

Friday, December 12, 2014

အိမ်ခြံမြေ ရောင်းချခြင်း၊လွဲပြောင်းခြင်း၊လက်ခံခြင်းအတွက် အခွန်ပေးဆောင်ရန် အသိပေးခြင်း

မြေ၊ အိမ်၊ တိုက်ခန်း၊ အဆောက်အအုံအစရှိသည့် အခြေပစ္စည်းများ ၀ယ်ယူခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်း/လက်ခံခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများအတွက် ၀င်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်  ပေးဆောင်နိုင်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ....


၁။ ရန်ကုန်မြို့နှင့်မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များအတွင်းရှိ အခြေပစ္စည်း ဖြစ်ပါက တိုင်းဒေသကြီး ကာလတန်ဘိုးစိစစ်သတ်မှတ်ရေးအဖွဲ့ထံသို့လည်းကောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ မြို့နယ်များနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအတွင်းရှိ အခြေပစ္စည်းဖြစ်ပါက မြို့နယ်ကာလတန်ဘိုး စိစစ် သတ်မှတ်ရေး အဖွဲ့(မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ)ထံသို့ လည်းကောင်း အောက်ပါစာရွက် စာတမ်း အထောက် အထားများတင်ပြ၍ ၀ယ်ယူခြင်း၊ရောင်းချခြင်း၊ လွှဲပြောင်း/ လက်ခံခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းပြုလုပ်မည့်အခြေပစ္စည်းများအား ကာလတန်ဘိုးသတ်မှတ်ချက် ရယူ ရမည် ဖြစ်ပါသည်။ 

(က) ရောင်းဝယ်ခြင်းဖြစ်ပါက နှစ်ဦးသဘောတူအရောင်းအ၀ယ်စာချုပ်(မူကြမ်း) မူရင်းနှင့်မိတ္တူ

(ခ) တည်ဆောက်ခြင်းဖြစ်ပါက မြို့တော်/မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဆောက်လုပ်ခွင့် အမိန့် မူရင်းနှင့်မိတ္တူ၊ အဆောက်အအုံဆောက်လုပ်မည့် ပုံကြမ်းနှင့်ကုန်ကျစရိတ် အသေးစိတ် တွက်ချက်မှု မူရင်းနှင့်မိတ္တူ

(ဂ) လွှဲပြောင်းပေးခြင်းဖြစ်ပါက ပေးကမ်းခြင်းစာချုပ်(မူကြမ်း) မူရင်း၊မိတ္တူနှင့် အခြားအမွေစား အမွေခံများ ရှိပါက ၄င်းတို့၏သဘောတူချက် ကျမ်းကျိန်လွှာ မူရင်း၊မိတ္တူ

(ဃ) လွှဲပြောင်း၊ရောင်းချရန်ကိစ္စအတွက် တစ်နှစ်အတွင်းထုတ်ယူထားသည့် မြေပိုင်ဆိုင်မှု အထောက်အထား ပုံစံ ၁၀၅/၁၀၆ မူရင်းနှင့်မိတ္တူ မြေငှားဂရန်ရှိပါက ဂရန်မူရင်းနှင့်မိတ္တူ

(င) ၀ယ်ယူသူ၊တည်ဆောက်သူ၊လွှဲပြောင်းရယူမည့်သူ၏ အိမ်ထောင်စုဇယားနှင့်နိုင်ငံသားစိစစ်ရေး ကဒ်ပြားမူရင်းနှင့်မိတ္တူ အခြေပစ္စည်း၏ ရှေ့၊နောက်၊ဘေးဓါတ်ပုံ

၂။ ကာလတန်ဘိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်ပေးသည့်တန်ဘိုးအပေါ်အခွန်ဆိုင်ရာ ရှင်းလင်းခြင်း နှင့် ကျသင့်ဝင်ငွေခွန်နှင့်တံဆိပ်ခေါင်းခွန်များ ထမ်းဆောင်နိုင်ရေးအတွက် အခြေပစ္စည်းတည်ရှိရာ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးနှင့် ဆက်သွယ်၍ အောက်ပါအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။

(က) အခြေပစ္စည်းဝယ်ယူခြင်း(သို့)တည်ဆောက်ခြင်းဖြစ်ပါက သတ်မှတ်ကာလတန်ဘိုးအပေါ် ၀င်ငွေရလမ်း အထောက်အထားအတိအကျ တင်ပြနိုင်ပါက ယင်းအထောက်ထားများတင်ပြပြီး ၀င်ငွေစိစစ်မှု ခံယူရန် တင်ပြနိုင်ခြင်း မရှိပါက သတ်မှတ်အခွန်နှုန်းဖြင့် ကျသင့်အခွန်ကို ပေးသွင်းရန်

(ခ) ကျသင့်အခွန်နှုန်းမှာ ၂၀၁၄ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ သက်သာခွင့်များ မနှုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ် ၀င်ငွေခွန် ၃၀% ထမ်းဆောင်ရမည် ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ် ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းအတွက် တစ်ဦးလျှင်တစ်ကြိမ်သာခံစားခွင့်ရှိပြီး အသုံးပြုသည့်ဝင်ငွေမှ ၀င်ငွေရလမ်း တင်ပြနိုင်သည့် ၀င်ငွေအား နှုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်တွင် အောက်ပါအခွန်နှုန်းထားများအတိုင်း ၀င်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပါသည်။ 
ဝင်ငွေကျပ် ၀င်ငွေခွန်နှုန်း

(၁) ၁ မှ ၅၀,၀၀၀,၀၀၀ ~ ၃%
(၂) ၅၀,၀၀၀,၀၀၀ မှ ၁၅၀,၀၀၀,၀၀၀ ~ ၁၀%
(၃) ၁၅၀,၀၀၀,၀၀၀ မှ ၃၀၀,၀၀၀,၀၀၀  ~ ၂၀%
(၄) ၃၀၀,၀၀၀,၀၀၀ နှင့် အထက်  ~ ၃၀%

(ဂ) မေတ္တာဖြင့်ပေးကမ်းခြင်းဖြစ်ပါက ပေးကမ်းသည့်အထောက်အထားများတင်ပြ၍ မေတ္တာဖြင့် ပေးကမ်းခြင်းနှင့် အကျုံးဝင်ခြင်းရှိ/မရှိ စိစစ်မှုခံယူရန်၊ မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် ၀င်ငွေခွန်ပေးဆောင်ရန်မလိုပါ။

(ဃ) မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့်နှုန်းထားမှာ သတ်မှတ် တန်ဘိုး အပေါ်တွင် ၅% ထမ်းဆောင်ရမည် ဖြစ်ပါသည်။

(င) ၀င်ငွေရလမ်း စိစစ်မှုခံယူခြင်း၊ ကျသင့်ဝင်ငွေခွန်ပေးသွင်းခြင်းအစရှိသည့် အခွန်ဆိုင်ရာ စိစစ်မှုခံယူပြီးဖြစ်ပါက ချုပ်ဆိုမည့်စာချုပ်စာတမ်းအမျိုးစားအတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်းတန်ဘိုး အတိုင်း တံဆိပ်ခေါင်းများဝယ်ယူ၍ စာချုပ်တွင်ကပ်နှိပ်ခြင်းဖြင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန်နှင့် တံဆိပ်ခေါင်းခွန်နှုန်းထားမှာ ၅% ဖြစ်ပါသည်။

၃။ ချုပ်ဆိုမည့်စာချုပ်စာတမ်းအတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီးဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ပြီးသည့် စာချုပ်စာတမ်းနှင့်အတူဆိုင်ရာ မြို့တော်စည်ပင် သာယာရေး ကော်မတီ သို့မဟုတ် လွှဲပြောင်းရယူသူ၏ အမည်ပေါက် နာမည်ပြောင်းခြင်းကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၎။ တည်ဆောက်ခြင်းဖြစ်ပါက အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်ပြီးကြောင်း အထောက်အထားဖြင့် လူနေထိုင်ခွင့် ခွင့်ပြုမိန့်ရယူဆောင်ရွက်ရမည် ဖြစ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာ

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!