Popular Posts!

Friday, February 13, 2015

ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံအနီးရှိ မြေဧက ၄၀၀ကျော်တွင် စက်မှုဥယျာဉ် တည်ဆောက်ရန် တင်ဒါခေါ်ယူ




ဒဂုံမြို့သစ် အရှေ့ပိုင်း ရွာသာကြီးစိတ်ကျန်းမာရေး ဆေး ရုံအနီးရှိ မြေဧက ၄၀၀ ကျော်တွင် စက်မှုဥယျာဉ် တည်ဆောက်ရန် လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။
‘‘မြေက အစိုးရပိုင်မြေပါ။ တည်ဆောက်လိုသူကို တင်ဒါခေါ် တာပါ။ ကုမ္ပဏီတစ်ခုကိုပဲ ရွေး ချယ်လုပ်ကိုင် ခွင့်ပေးမှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြိး အစိုးရအ ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ယင်းမြေဧက ၄၀၀ ကျော် တွင် တည်ဆောက်လိုသူလုပ်ငန်း ရှင်ကို တင်ဒါစနစ်ဖြင့် ရွေးချယ် ပြီးပါက စက်မှုဇုန်အတွင်း လုပ်ငန်းလည်ပတ်ရင်းနှီးမြှုပ်နှံလိုသူများအား ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း အထက်ပါအရာရှိက ပြောသည်။
စက်မှုဥယျာဉ်တည်ဆောက် ရန် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးသို့ ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးပေးပို့ရမည်ဖြစ်ပြီး လာရောက်လျှောက်ထားသည့် ကုမ္ပဏီအဖွဲ့အစည်းများအနက် အများပိုင်ကုမ္ပဏီများကို ဦးစားပေးရွေးချယ်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားသည်။


ယခုခေါ်ယူသည့် တင်ဒါပုံစံ မှာ သီလ၀ါစီးပွားရေးအထူးဇုန် တွင် တင်ဒါခေါ်ယူသည့် ပုံစံမျိုး နှင့် ဆင်တူပြီး အများပိုင်ကုမ္ပဏီ များကို ဦးစားပေးရွေးချယ်မည် ဆိုခြင်းကြောင့် ပို၍ ပွင့်လင်းမြင်သာမှုရှိလာသည့် အနေအထားမျိုးရှိကြောင်း မြင့်မိုရ်မင်းဆောက် လုပ်ရေးလုပ်ငန်းရှင်က သုံးသပ် သည်။
ယခုစီမံကိန်းမှာ ရွာသာကြီး မလစ်ကျေးရွာအနီးတွင်ရှိပြီး ယင်းနေရာ၌ နောက်ပိုင်း၌ အစိုးရက လုပ်ဆောင်မည့် စီမံကိန်းအချို့ရှိ သောကြောင့် ဖွံ့ဖြိုးလာနိုင်သည့် အနေအထားရှိကြောင်း အထက် ပါလုပ်ငန်းရှင်က သုံးသပ်သည်။
ရွာသာကြီးတွင် မြန်မာ့မီးရ ထားကလည်း ယခုနှစ်အတွင်း ကုန်တင်ကုန်ချဝန်ဆောင်မှုများ ပြုလုပ်မည့် ကုန်းတွင်းဆိပ်စီမံ ကိန်းလုပ်ဆောင်ရန် လျာထားပြီးမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှလည်း တန်ဖိုးသင့်တင့်အိမ်ရာစီမံကိန်းများ တည်ဆောက်ရန် လျာထားသည့် မြေနေရာအချို့ရှိ ကြောင်း သိရသည်။
စီမံကိန်းအကောင်အထည် ဖော်မည့်မြေနေရာများတွင် လယ် ယာမြေများစွာရှိပြီး အများစုမှာ လန(၃၉)ဖောက်ထားသည့် လယ် မြေများ၊ ပလပ်မြေများဖြစ်ပြီး အချို့မှာ အကွက်ရိုက်၍ ရောင်း စားနေသည့် မြေနေရာများဖြစ် ကြောင်း သိရသည်။

Ref:7daydaily

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!