Popular Posts!

Monday, April 20, 2015

လျှပ်စစ် မီတာခ တိုးမြှင့်ကောက်ခံရေး မတ်လ ၁၉ ရက်နေ့တွင် အတည်ပြုမည်


လျှပ်စစ် မီတာခ တိုးမြှင့်ကောက်ခံရေး မတ်လ ၁၉ ရက်နေ့တွင် အတည်ပြုမည်လျှပ်စစ် မီတာခများ တိုးမြှင့် ကောက်ခံရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တင်ပြချက်ကို အတည်ပြုပေးရန် မတ်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ယင်းတင်ပြချက်ကို မတ်လ ၁၉ ရက်နေ့တွင် မဲခွဲ အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောကြားသည်။
အဆိုပါ လျှပ်စစ် မီတာခများ တိုးမြင့် ကောက်ခံရန် နိုင်ငံတော်သမ္မတက မတ်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့ခြင်း ဖြစ်ပြီး ယင်းတင်ပြချက်ကို မတ်လ ၁၉ ရက်နေ့တွင် အတည်ပြုရန် လွှတ်တော် ကိုယ်စားလှယ် အများစု ထောက်ခံခဲ့ကြသည်။
ယင်းသို့ တိုးမြင့်ကောက်ခံရန် နိုင်ငံတော်သမ္မတက နိုဝင်ဘာလအတွင်း စီစဉ်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် အစမှသာ ပြန်လည် သုံးသပ် ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ လျှပ်စစ် မီတာခများ တိုးမြှင့် ကောက်ခံရန် နိုင်ငံတော် သမ္မတ၏ အကြောင်းကြား တင်ပြချက်ကို လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး နှစ်ဦးက ပြန်လည် စဉ်းစား သုံးသပ်သင့်ကြောင်း ပြောဆိုခဲ့သည်။
အိမ်သုံးလျှပ်စစ် မီတာခများကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ ကောက်ခံနေသော တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့်သာ ဆက်လက် ကောက်ခံမည် ဖြစ်သော်လည်း ယူနစ် ၁၀၁ မှ ယူနစ် ၂၀၀ ထိ သုံးစွဲလျှင် ၄၀ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်ကို ပေးပို့ထားသော သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ ယူနစ် ၂၀၀ ကျော် သုံးစွဲသည့် အိမ်သုံးလျှပ်စစ် မီတာများကိုမူ တစ်ယူနစ်လျှင် ၅၀ ကျပ် ကောက်ခံသွားမည် ဖြစ် ကြောင်း အဆိုပါ သဝဏ်လွှာအရ သိရှိရသည်။
ယခုကဲ့သို့ မီတာခများ တိုးမြှင့် ကောက်ခံလိုက်ခြင်းကြောင့် လျှပ်စစ် ဝန်ကြီးဌာန၏ နှစ်စဉ် အရှုံးပြနေသော ကျပ် ၂၈၄ ဘီလီယံခန့်မှ ၁၂ ဘီလီယံခန့် အထိ လျော့နည်းသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
ထို့အပြင် နိုင်ငံအတွင်း လျှပ်စစ်မီး မရှိသေးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နေရာဒေသများသို့ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း ၎င်းက ကတိပြု ပြောဆိုသော်လည်း လုပ်ဆောင်ပေးမည့် အချိန်နှင့် နေရာဒေသများကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။ သတ်မှတ်ထားသည့် ကောက်ခံမှု နှုန်းများတွင် ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များ၊ သတင်းစာတိုက်များနှင့် အစိုးရမှ လုပ်ကိုင်သည့် အဆိုပါ လုပ်ငန်းများတွင် ကောက်ခံသည့်နှုန်း ကွာခြားချက်များ ရှိနေသည့် အပြင် အစိုးရနှင့် ဖက်စပ် လုပ်ကိုင်သူများ အတွက် ကောက်ခံမည့် နှုန်းများကိုပါ ထည့်တွက် ဆုံးဖြတ်ရန် လိုအပ်ကြောင်း ကိုယ်စားလှယ် အချို့က ပြောဆိုသည်။ လျှပ်စစ် မီတာခများကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံမှ သိရှိရသည်။
ယင်းသို့ လျှပ်စစ် မီတာခ တိုးမြင့် ကောက်ခံပြီး လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရန် ပြုလုပ်ပေးမည်ဟု ဆိုသော်လည်း ယခုနှစ် နွေရာသီတွင် ရန်ကုန်မြို့၊ မန္တလေးမြို့များ အပါအဝင် အခြား မြို့များတွင်လည်း လျှပ်စစ် လုံလောက်စွာ မရှိမှုနှင့် လျှပ်စစ် ပြတ်တောက် မှုများ တွေ့ကြုံ နေရသေးသည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အခြေချရန် အခက်အခဲများတွင် လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုမှာ အဓိက ကျနေသေးကြောင်း နိုင်ငံတကာ ဖွံ့ဖြိုးရေး ပညာရှင် အချို့က သုံးသပ်ထား ကြသည်။ 

Ref;the voice

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!