Popular Posts!

Friday, April 17, 2015

မြန်မာလူမျိုးတွေ စေတနာကောင်းတယ် ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ?


မြန်မာလူမျိုးတွေ စေတနာကောင်းတယ် ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ?

 ကောင်းလိုက်တဲ့ မေးခွန်း..

ဒါကို လူတစ်ယောက်က ဒီလိုဖြေသွားပါတယ်.....

"အစိုးရကို အပြစ်မပုံချဘဲ လူတွေရဲ့ စိတ်ဓာတ်ကိုပဲ ဝေဖန်ရမယ်ဆိုရင်ပေါ့ ၊ မြန်မာအများစုက ( TEAM WORK )အားနည်းတယ်...မညီညွတ်ဘူး"...

ဘေးကနေ သွေးခွဲရလွယ်တယ် ၊ မနာလိုစိတ်များတယ်.. .အချင်းချင်းထဲ ကိုယ့်ကိုသာသွားမှာ မလိုလားဘူး..

မုဒိတာ မပွားနိုင်ဘူး ၊ ကြိုးစားရမယ့်နေရာ အချောင်ခိုချင်တယ် ၊ ပိုက်ဆံရရင် အဖြုန်းများတယ် ၊ စီးပွားရေးလုပ်ရမှာ ကြောက်တယ်...

သေချာပုံမှန်ရတဲ့ ငွေကို ပိုမက်တယ်...ဝန်ထမ်းပိုလုပ်ချင်တယ် ၊ အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်..

မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး ၊ ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးအားနည်းတယ်..

ဝေဖန်တာကောင်းပြီး ဆောင်ရွက်မှုအားနည်းတယ် ၊ အကြုံပြုတာကောင်းပြီး စီမံမှုညံ့တယ် ၊ ပုတ်ခတ်တာကို မတရားကြိုက်တယ်..

ကိုယ်ကျရှုံးတိုင်း သူများလည်းကျရှုံးမယ်ဆိုတဲ့ အမြင်ရှိတယ်.. ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်...မအောင်မြင်ရင် ကံကို ပုံချတယ်..

ကိုယ့်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုထဲနဲ့ အရာတော်တော်များကို တစ်ဖက်သတ်သုံးသပ်တယ် ၊ ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရားရှုံ့ချတယ် ၊ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ် ၊ ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်..

ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုစိတ်ဝင်စားတယ်...

လေကန်ပြီး အချိန်ဖြုန်းတာများတယ် ၊ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့ တိုးပွားအောင်လုပ်ဖို့ စိတ်ကူးနည်းတယ်..

ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်.. အကျိုးရှိအောင် မရင်းနှီးတတ်ဘူး ၊ ဘဝမှာ ပိုက်ဆံတစ်ခုပဲရှိအောင်လုပ်တယ် ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး ဒါတွေက ဆင်းရဲစေတာပါပဲ..."

" ကဲ....မှန်နေသလားလို့ "

Ref: Website: www.alodawpyei.org // Email.contact@alodawpyei.org




No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!