Popular Posts!

Friday, May 1, 2015

ရေတို ရေရှည်

Facebook က ကိုမျိုးမင်းရေးထားတာ ကောင်းလွန်းလို့ ကူးယူပြီး ပြန်တင်ပေးလိုက်တာပါ......
လူတိုင်းဖတ်ကြည့်သင့် သိထားသင့်တယ်ထင်ပါတယ်... 

အမိမြေက ဘာကြာင့် မြေဈေးတွေ ဒီလောက်တောင်ကြီးမြင့်သွာရတာလဲ?
ကိုယ့်ကျိုးရှာ လူတစု၊ တောထဲက ငွေမဲတွေကို ငွေဖြူဖော်ချင်သူတွေ နှင့် နိုင်ငံခြားသားတရုတ်တွေနိုင်ငံ   ရေး ကစားကွက်တွေထဲမှာ ဘာဆိုဘာမှမသိရှာတဲ့ ဓားစာခံပြည်သူလူထုတွေဘဲ လွန်ခဲ့တဲ့အနှစ်၄၀လောက်ကထက် ပိုဆင်းရဲဒုက္ခရောက်ရှိသွာရရှာပါပြီလေ... 

အသေချပြန်စဉ်းစားကြည့်လိုက်ရင် အမိမြေမှာ နိုင်ငံတကာကို တင်ပို့နိုင်တဲ့ ဘာထုတ်ကုန် ဘာစက်ရုံတွေ ဘာမှမဖွင့်ဖြိုးသေးဘဲနှင့် ဘာကြောင့်အိမ်ခြံမြေဈေးတွေတခုထဲဘဲ အဆပေါင်းရာ၊ထောင်ဂဏန်းနီးပါး
ထောင်တက်သွားရတာ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလို့ ထင်ပါသလဲ?   
အများပြည်သူတွေ လွန်ခဲ့တဲ့ နှစ် ၂၀-၄၀ လောက်က အခြေနေတွေထက် လက်ရှိ အိမ်ခြံမြေဈေးတွေက ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အလမ်းဝေးလွန်းလှပါတယ်၊ လက်ရှိတာဝန်ရှိသူတွေ နိုင်ငံခေါင်းဆောင်တွေရဲ့ မှန်ကန်တဲ့ မူဝါတွေက အများပြည်သူတွေ အတွက် ကောင်းမွန်စွာ ချမှတ်နိုင်မူအပေါ်အများကြီး မူတည်နေပါတယ်လို့  ပြောချင်တာပါ.....




http://blogs.wsj.com/economics/2015/02/02/the-u-s-economy-will-soon-see-its-best-years-in-a-decade-federal-forecasters-say/
၂၀၁၁ ခုနှစ်လောက်က အထူးသဖြင့် တရုတ်၊ ဗီယက်နမ်တွေနဲ့ စကားပြောဖြစ်တဲ့အခါ မြန်မာနိုင်ငံမှာ မြေ၀ယ်ထားပါလား၊ အိမ်ဝယ်ထားပါလားလို့ ပြောတတ်ကြတယ်။ သူတို့ပြောတာ နောက်ကျနေပြီ။ မြန်မာ့မြေဈေး၊ အိမ်ဈေးဟာ မိုးထိနေပြီလို့ ပြန်ပြောခဲ့တယ်။ သူတို့က မိုးထိလည်း ဆက်တက်မှာပဲ၊ ၀ယ်ထား မမှားဘူးလို့ ပြောကြတယ်။ သူတို့အတွေ့အကြုံနဲ့ ယှဉ်ပြီး အကြံပေးကြတာပါ။ 
တရုတ်၊ ဗီယက်နမ်တို့မှာ စီးပွားရေး တိုးတက်လာတာနဲ့အမျှ အိမ်မြေဈေးဟာ မကြားဖူးတဲ့ ဈေးတွေ ဖြစ်ကုန်ကြတာကိုး။ မြန်မာမှာလည်း ဖြစ်တာပဲလေ။ အခုတော့ မြန်မာမှာ မပြောတတ်။ ဒါပေမယ့် ကမ္ဘာ့ဒုတိယ စီးပွားရေး အကြီးမားဆုံး တရုတ် အိမ်မြေဈေးကွက်မှာတော့ ဇောက်ထိုးဆင်းနေပြီ။ ကြိုပွိုင့်နဲ့ ကြိုရောင်း ကြိုဝယ်ထားတာတွေ၊ အဆမတန် နင်းကန်ဆောက်နေတာတွေဟာ ၀ယ်သူမဲ့၊
 ငွေသွင်းသူမဲ့ ဖြစ်နေပြီ။ စီးပွားရေး ထွန်းသစ်စ နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်အိမ်မြေဈေးကွက် ပြိုဆင်းလာပါပြီ။ အကျိုးဆက်တွေကို
 ကြည့်ရအောင်။
ဆယ်စုနှစ် သုံးစုလောက် တောက်လျှောက်တက်ခဲ့တဲ့ တရုတ်စီးပွားရေးဟာ တစ်နှစ်၊ နှစ်နှစ်အတွင်း အတက်နှေးလာတယ်။ လူတွေရဲ့ ၀င်ငွေဟာ တန့်လာတယ်။ ငွေပိုငွေလျှံနည်းလာတယ်။ အိမ်မြေဈေးကွက်မှာ ၀ယ်နိုင်အားထက် ရောင်းလိုအားက အဆမတန် များလာတယ်။ ဒီမှာ အိမ်မြေဈေးကွက် လျောကျလာတယ်။ တရုတ်အိမ်မြေဈေးကွက် အေးသွားတာနဲ့ တရုတ်ဆောက်လုပ်ရေး လုပ်ငန်းမှာ သုံးရတဲ့ ကုန်ကြမ်းတွေကို ရောင်းချပေးနေတဲ့ နိုင်ငံတွေမှာ ကုန်ထုတ်လုပ်မှု တန့်ကုန်တယ်။ ကုန်ကြမ်းရောင်းတဲ့ နိုင်ငံအများစုဆိုတာ သယံဇာတကို အဓိက ရောင်းစားနေရတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ စီးပွားရေးက အ,ကုန်တယ်။ အလုပ်
သမားတွေ အလုပ်လက်မဲ့ ပြဿ      နာရင်ဆိုင်လာရတယ်။
တရုတ်အပါအ၀င် စီးပွားရေး ထွန်းသစ်စ နိုင်ငံအများစုထဲ စီးဝင်လာတဲ့ အရင်းတွေရဲ့ ဇာစ်မြစ်ကို လိုက်ကြည့်တဲ့အခါ ၂၀၀၈ ခုနှစ် အမေရိကန် အိမ်မြေဈေးကွက် ပေါက်ထွက်မှုကို တွေ့ရတယ်။ အမေရိကန် အိမ်မြေဈေးကွက် ပေါက်ထွက်မှုနဲ့အတူ စီးပွားရေး ဆုတ်ကပ်ကို ကျော်လွှားနိုင်ဖို့ အမေရိကန် ဗဟိုဘဏ်ဟာ ငွေစက္ကူတွေကို အလွန်အကျွံ ရိုက်ထုတ်ခဲ့တယ်။ အမေရိကန် ၀ယ်လိုအား ဈေးကွက်ကို အထောက်အကူပြုဖို့ အလွန်နည်းတဲ့ အတိုးနှုန်းနဲ့ ငွေတွေကို ထုတ်ချေးခဲ့တယ်။ အခုဆိုရင် အမေရိကန် ဗဟိုဘဏ်က ထုတ်ချေးထားတဲ့ ငွေပမဏဟာ ဒေါ်လာ ခုနစ်ထလီယံ ရှိနေပြီး၊ ထိုငွေဟာ ရှန်ဟိုင်းနဲ့ တိုကျိုစကော့အိတ်ချိန်းမှာ တင်ရောင်းထားသမျှ စတော့တွေကို ၀ယ်လို့ရအောင် များပြားနေတယ်။
ဒီလောက်များတဲ့ ငွေတွေကို ဘယ်သူတွေ ချေးယူသလဲဆိုတော့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေအပြင်၊ စီးပွားရေး ထွန်းသစ်စ နိုင်ငံတွေက အထူးသဖြင့် စီးပွားရေးသမားတွေ ချေးယူတယ်ဆိုတာ တွေ့ရတယ်။ ဘာဖြစ်လို့ ချေးယူသလဲဆိုတော့ အမေရိကန် ဗဟိုဘဏ်ကို ပေးရတဲ့ အတိုးနှုန်းဟာ ပြည်တွင်းဘဏ်တွေကို ပေးရတဲ့ အတိုးနှုန်းထက် အလွန် အဖိုးချိုနေတယ်။ ဒီတော့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ သူတို့လုပ်ငန်းအတွက် လိုအပ်တဲ့ ငွေကို အမေရိကန် ဗဟိုဘဏ်ကနေ ဒေါ်လာနဲ့ ချေးယူတယ်။ ပြီးတော့ ပြည်တွင်းငွေ ပြောင်းပြီး လုပ်ငန်းတွေထဲ ထည့်ကြတယ်။ အတိုးနှုန်းနည်းနည်းနဲ့ ငွေတွေ ရကြတယ်ပေါ့။ အချို့ဆိုရင် အမေရိကန် ဗဟိုဘဏ်တိုးနှုန်းနဲ့ ပြည်တွင်းဘဏ်တိုးနှုန်းကြား ကွာဟချက်တွေကို ကစားကြသေးတယ်။
စီးပွားရေး လောကမှာ စကားတစ်ခွန်း ရှိပါတယ်။ အလကား ဘာမှမရ။
ထိုစဉ် အမေရိကန် ဒေါ်လာဟာ ပြည်တွင်းငွေနဲ့ လဲလှယ်ရာမှာ တည်ငြိမ်တယ်။ တစ်နည်း ပြည်တွင်းငွေတွေ ခိုင်မာတယ်။ အမေရိ
ကန် ဗဟိုဘဏ်ရဲ့ ဘဏ်တိုးနှုန်းဟာ နည်းတယ်။ ပြည်ပက အမေရိကန် ဒေါ်လာကို ချေးယူတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို ဒေါ်လာနဲ့လည်း ရောင်းချတာမို့၊ ဒေါ်လာကြွေးကို ပြန်ဆပ်ဖို့ရာ အခက်အခဲ မရှိဘူး။
ဒါပေမယ့် ယနေ့မှာတော့ ဇာတ်လမ်းတွေက ပြောင်းကုန်တယ်။ 

အမေရိကန် စီးပွားရေးဟာ အတက်ဘက်ကို ပြန်ရောက်နေပြီ။ ဒီအချိန်မှာ ထွန်းသစ်စ စီးပွားရေး ဈေးကွက်တွေ အပါအ၀င် ကျန်ကမ္ဘာရဲ့ စီးပွားရေးဟာ အကျဘက်ကို ဦးတည်နေတယ်။ ဒီတော့ အမေရိကန် ဒေါ်လာဟာ မာသထက် မာလာတယ်။
 ပြည်တွင်းငွေကြေးတွေနဲ့ လဲလှယ်ရာမှာ ဈေးမြင့်သထက် မြင့်လာတယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က စီးပွားရေး ထွန်းသစ်စ နိုင်ငံတွေ မှီခိုနေရတာက သယံဇာတ ဥပမာ ရေနံ၊ သဘာဝဓာတ်ငွေ့ ရောင်းချရမှုတွေ။ အခု ထိုကုန်ပစ္စည်းတွေရဲ့ ပေါက်ဈေးဟာ
 လွန်ခဲ့သော ခုနစ်နှစ်လောက်ကထက် တစ်ဝက်လောက်ပဲ ရှိတော့တယ်။ ဒီတော့ ၀င်ငွေပိုင်းမှာလည်း ကျဆင်းသွားတယ်။
အကျိုးဆက်က ထွန်းသစ်စ စီးပွားရေး ဈေးကွက်တွေထဲက အရင်းအနှီးတွေဟာ ပြည်ပကို အလျင်အမြန် စီးထွက်ကုန်တယ်။ လုပ်အားခ ပိုသက်သာတဲ့ နိုင်ငံတွေဆီ ရင်းနှီးမြှပ်နှံမှုတွေ ရောက်ကုန်တာကြောင့်လည်း ပြည်တွင်းမှာ ပိုလျှံလာတဲ့ အလုပ်လက်မဲ့တွေ အရေး ဘယ်လိုရှင်းမရလဲ မသိ ဖြစ်လာတယ်။ အမေရိကန် ဒေါ်လာကို ချေးယူပြီး စီးပွားရေး ချဲ့ထွင်သူတွေ ကြွေးလည်ပင်းခိုက်လာတယ်။ ကြွေးပြန်ဆပ်ရမယ့်အချိန်မှာ မပေးနိုင်ရင် ရှိတာထုတ်ရောင်း ဆပ်ရမှာမို့ လုပ်ငန်းတွေ ပိုပိတ်ပစ်ရကာ၊ အလုပ်လက်မဲ့တွေ ပိုထွက်လာမယ်။
တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို အခုလို အမေရိကန် ဒေါ်လာ ဈေးတက်လာတာဟာ ဗဟိုဘဏ်ရဲ့ စနက် ဘာမှ မပါသေးဘူး။ အမေရိကန် စီးပွားရေး တက်လာလို့သာ ဒေါ်လာက မာလာတာ။ အမေရိကန် စီးပွားရေး တည်ငြိမ်လာတာနဲ့အမျှ ဗဟိုဘဏ်ဟာ သူအဆမတန် ရိုက်ထုတ်ထားတဲ့ ငွေတွေကို ပြန်သိမ်းရတော့မယ်။ ပြန်သိမ်းပုံ သိမ်းနည်းက ဘဏ်တိုးနှုန်းကို ဆွဲတင်တဲ့နည်းပဲ။ အခုဆိုရင် ဗဟိုဘဏ်ဟာ သူ့ရဲ့ ဘဏ်တိုးနှုန်းကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ဆွဲတင်ဖို့ စဉ်းစားနေပါပြီ။ ထိုအခါ ဒေါ်လာဈေးဟာ အခုထက် ပိုတက်လာနိုင်ပါတယ်။ ဒီတော့ အမေရိကန် ဒေါ်လာကြွေးကို ယူထားသူတွေအဖို့ ပိုပြီး ကြွေးနစ်ဖို့ပဲ ရှိပါတော့တယ်။
ထွန်းသစ်စ စီးပွားရေး ဈေးကွက်တွေဟာ တိုင်းပြည်စီးပွားရေး တက်ချိန်မှာ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို မတည်ဆောက်ဘဲ ရလာတဲ့ ငွေတွေကို လူကြိုက်များတဲ့၊ မဲရနိုင်တဲ့ လူမှုဖူလုံရေးတွေမှာပဲ သုံးခဲ့ကြတယ်။ ဓာတ်ဆီဈေး လျော့ရောင်းမယ်၊ ရေခ    လျော့ပေးမယ်၊ အခွန်လျော့ပေးမယ် စတဲ့ ရေတို လူကြိုက်များမယ့် နေရာတွေမှာ တိုင်းပြည်ရဲ့ ပိုငွေတွေကို သုံးစွဲခဲ့ကြတယ်။ ရေတိုမှာ ရွေးကောက်ပွဲတော့ နိုင်ပါရဲ့။ ရေရှည်လိုအပ်ချက်တွေကို မဖြည့်တင်းခဲ့တော့ကာ အခုဆိုရင် ယာယီအကျိုးအမြတ်၊ သက်သာမှုကို သာယာခဲ့ကြတဲ့ ပြည်သူအများစုဟာ ဒုက္ခပင်လယ် ဝေနေရပြီ။
ကျနော်တို့ဟာ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေ လာချင်အောင် ဆွဲဆောင်ရမယ်။ ထိုသူတွေ တိုင်းပြည်တွင်းမှာ
 ကြာကြာနေချင်၊ နေနိုင်မယ့် စီးပွားရေး ပေါ်လစီတွေ ချမှတ်ရမယ်။ တစ်ချိန်ထဲမှာပဲ ထိုသူတွေ ထွက်သွားတဲ့အခါ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နိုင်အောင် လိုအပ်သော စီးပွားရေး အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှပ်နှံရမယ်။ ဒါမှသာ နိုင်ငံတစ်ခုရဲ့ စီးပွားရေးဟာ ရေရှည်တည်မြဲနိုင်မယ်။ ဒီလိုမဟုတ်ဘဲ စီးပွားရေး ထွက်သစ်စ နိုင်ငံတွေ မှားခဲ့သလို၊ ၀င်လာတဲ့ ငွေတွေကို တိုင်းပြည်ရေရှည် အကျိုးရှိမယ့် နေရာတွေမှာ မသုံးဘဲ၊ ရေတို မဲအတွက် သုံးမယ်ဆိုရင် ထိုနိုင်ငံတွေ ခံစားနေရတဲ့ စီးပွားရေး ကျဆင်းမှုဒဏ်ကို ခံရလိမ့်မယ်။
ထိုနိုင်ငံက ပြည်သူတွေဟာ ရေတိုသက်သာတဲ့ အရာတွေအတွက် ထိုအရာတွေကို ဖန်တီးပေးခဲ့တဲ့ နိုင်ငံရေးသမားတွေကို မဲပေးခဲ့တယ်။ ဒါပေမယ့် အခုလို စီးပွားရေး ကျဆင်းလာ၊ အလုပ်လက်မဲ့များလာ၊ လူနေမှု အဆင့်အတန်း ကျဆင်းလာတဲ့အခါ ကိုယ်ပဲ ဒီအကျိုးဆက်တွေကို ခံရတာပဲလေ။ တစ်ခါတလေ ရေရှည်အကျိုးအတွက် ရေတိုသက်သာမှုတွေကို စွန့်လွှတ်တန် စွန့်လွှတ်ကြရပါတယ်။ သို့သော် ဒါက အပြောလွယ်သလောက် အလုပ်မလွယ်တာတော့ အမှန်ပဲ။
Myo Min 

Ref:https://www.facebook.com/permalink.php?story_fbid=810243789064670&id=327152140707173


ဘာမှမဖွင့်ဖြိုးသေးဘဲနှင့် ဘာကြောင့်အိမ်ခြံမြေဈေးတွေတခုထဲဘဲ အဆပေါင်းရာ၊ထောင်ဂဏန်းနီးပါး

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!