Popular Posts!

Thursday, May 14, 2015

ကမ္ဘာ့အကောင်းဆုံးပတ္တမြား လက်ဝတ်ရတနာလေလံပွဲ ၁၀ ခုတွင် မြန်မာက ၈ ခုပါဝင်


ကမ္ဘာ့အကောင်းဆုံးပတ္တမြား လက်ဝတ်ရတနာလေလံပွဲ ၁၀ ခုတွင် မြန်မာက ၈ ခုပါဝင်

3 copy
မြန်မာ့ ပတ္တမြား အရည်အသွေးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးစာရင်းထဲမှာ ပါဝင်နေပါတယ်။ နောက်ပိုင်းနှစ်တွေမှာ လေလံတင် ရောင်းချခဲ့တဲ့ အကောင်းဆုံးနဲ့ သိသာထင်ရှားဆုံး ပတ္တမြား လက်ဝတ်ရတနာ ၁၀ ခု လေလံရောင်းချပွဲမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပတ္တမြားနဲ့ ပြုလုပ်ထားတဲ့ လတ်ဝတ်ရတနာက ၈ ခု ပါဝင်နေပါတယ်။
အက်စ်ထရာရဲ့ မြန်မာ ပတ္တမြားနဲ့ စိန် လည်ဆွဲ
1 copyလေလံတင်ပွဲတွေထဲမှာ ဈေးနှုန်းအမြင့်ဆုံး ရောင်းချရတဲ့ အက်စ်ထရာရဲ့ မြန်မာ့ ပတ္တမြားနဲ့ စိန်လည်ဆွဲ ဖြစ်ပါတယ်။ စုစုပေါင်း အလေးချိန် ၈၇.၈ ကာရတ်ရှိတဲ့ အက်စ်ထရာက ဒီဇိုင်းလုပ်ထားတဲ့ မြန်မာ့ပတ္တမြားကို ဒေါ်လာ ၆.၄ သန်းနဲ့ ၂၀၁၃ နိုဝင်ဘာ ၂၆ ရက် ဟောင်ကောင်မှာ ရောင်းချခဲ့ပါတယ်။
ရစ်ချက် ဘာတွန် ပတ္တမြားနှင့် စိန်လက်စွပ်
2 copyရစ်ချက်ဘာတွန် ပတ္တမြား စိန်လက်စွပ်ကတော့ အလေးချိန် ကာရတ် ၈.၂၄ ရှိပြီး ရစ်ချက် ဘာတွန်က အဲလီဇဘက်တေလာ အတွက် ၁၉၆၈ ခုနှစ်က လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလက်စွပ်ကို ဒေါ်လာ ၄ သန်းကျော်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဘဲဥပုံ မြန်မာ ပတ္တမြား လက်စွပ်
3 copyဘဲဥပုံ မြန်မာပတ္တမြားလက်စွပ်က အလေးချိန် ကာရတ် ၁၃.၂၁ ရှိပြီး ဒေါ်လာ ၆ သန်းနဲ့ ၂၀၁၃ နိုဝင်ဘာ ၂၆ ရက် ဟောင်ကောင်မှာ ရောင်းချခဲ့ပါတယ်။
ကားမင်း လူစီယာ ပတ္တမြား
4 copyအလေးချိန် ကာရတ် ၂၃. ၁ ရှိတဲ့ မြန်မာ ပတ္တမြားကို ပလက်တီနမ်နဲ့ စိန်တွေနဲ့ စီခြယ်ထားတာ ဖြစ်ပြီး ပရဟိတ သမား ပီတာ ဘတ်ကာက ဇနီး ကာမင် လူစီယာအတွက် အမှတ်တရ ပစ္စည်းတခု ဖြစ်ပါတယ်။ ဒီပတ္တမြားကို ၁၉၃၀ နောက်ပိုင်းမှာ မိုးကုတ် ဒေသကနေ တူးဖော်ခဲ့တာလို့ ဆိုပါတယ်။
မျှော်လင့်ခြင်း ပတ္တမြား
5 copyမေ ၂၀၁၂ ခုနှစ်မှာတော့ ဘရာဇီး ပရဟိတ သမား လီလီ ဆာဖရာ ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာ လေလံပွဲကို ခရစ္စတင်း ဂျီနီဗာက ပြုလုပ်ခဲ့ပါတယ်။ လေလံတင်တဲ့ လက်ဝတ်ရတနာ အားလုံး ရောင်းချခဲ့သလို လက်ဝတ်ရတနာ ၂ ခုကတော့ ကမ္ဘာစံချိန်တင် ဈေးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒီအထဲမှာ အလေးချိန် ၃၂.၀၈ ကာရတ်ရှိတဲ့ ကူရှင်ပုံ မျှော်လင့်ခြင်း ပတ္တမြားလို့ အမည်ပေးထားတဲ့ မြန်မာပတ္တမြား စိန်လက်စွပ်လည်း အပါအ၀င် ဖြစ်ပါတယ်။ ဒီလက်စွပ်ကို ဒေါ်လာ ၆ သန်းကျော်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ကာတီယာရဲ့ ပတ္တမြား စိန်လက်စွပ်
6 copyအလေးချိန် ၂၉.၆၂ ကာရတ်ရှိတဲ့ ဘဲဥပုံပတ္တမြားကို ဗဟိုမှာထားပြီး စိန်တွေနဲ့ စီခြယ်ထားပါတယ်။ ဒီလက်စွပ်ကို ယူရို ၇ သန်းကျော်နဲ့ ရောင်းချခဲ့ပါတယ်။
ထိပ်တန်းကျ မြန်မာ့ ပတ္တမြားနှင့် စိန်လက်စွပ်
7 copyလက်ဝတ်ရတနာ စုဆောင်းသူ တဦးက ပိုင်ဆိုင်တဲ့ ထိပ်တန်းကျ မြန်မာ့ ပတ္တမြားနဲ့ စိန်လက်စွပ်ကတော့ အလေးချိန် ၄.၇၉ ကာရတ်ရှိပါတယ်။ ၂၀၁၄ နိုဝင်ဘာမှာ ဟောင်ကောင် ဒေါ်လာ ၃ သန်းကျော်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ရောစ်ဘာ ပတ္တမြားများ
8 copyထင်ရှားတဲ့ လက်ဝတ်ရတနာ စုဆောင်းသူ တဦးပိုင် ဖြစ်ပါတယ်။ ၁၉ ရာစုနောက်ပိုင်း က ဖြစ်ပြီး ရောစ်ဘာ ပတ္တမြားလို့ အမည်ပေးထားတဲ့ အလေးချိန် ကာရတ် ၆.၈၀နဲ့ ၆.၇၀ ရှိတဲ့ စိန်နဲ့ စီခြယ်ထားတဲ့ နားကပ်တွေ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် အောက်တိုဘာမှာ ဟောင်ကောင် ဒေါ်လာ ၂၃ သန်းကျော်နဲ့ ဟောင်ကောင်မှာ ရောင်းချခဲ့ပါတယ်။
ရှားပါး ပတ္တမြား
9 copyကူရှင်ပုံသဏ္ဌာန် မြန်မာ့ ပတ္တမြားက  ရှားပါးတဲ့ ခိုးသွေး ရောင်ရှိနေပြီး ထူးခြားတောက်ပ ကောင်းမွန်တဲ့ ပတ္တမြားလို့ ဆွစ် ကျောက်သံပတ္တမြား အင်စတီကျူက ပြောပါတယ်။ အသည်းခိုက်စရာကောင်းသလို ထူးခြားအရေးပါတဲ့ မြန်မာ့ပတ္တမြား စိန်လက်စွပ် ဖြစ်တဲ့အကြောင်း ဒီလက်ဝတ်ရတနာက ဖော်ပြနေတယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာ ဂျီနီဗာမှာ ကမ္ဘာစံချိန်လေလံတင်ဈေး ယူရို ၈ သန်းကျော်နဲ့ ရောင်းချခဲ့ပါတယ်။
ကတ်တီယာရဲ့ နေထွက် ပတ္တမြား
10 copy၂၅.၅၉ ကာရတ် အလေးချိန်ရှိတဲ့ မြန်မာ့ ပတ္တမြားကို ကမ္ဘာစံချိန်တင်ဈေး ဒေါ်လာ ၃၀.၄၂ သန်းနဲ့ ဂျီနီဗာမှာ ရောင်းချလိုက်ပါတယ်။ ခိုသွေးရောင် ရှိတဲ့ ပတ္တမြားကို လေလံပစ်သူ ၂ ဦး တယ်လီဖုန်းနဲ့ ဈေးအပြိုင်ပေးခဲ့သလို ဒီဈေးဟာ ပတ္တမြားအတွက် စံချိန်တင် ဈေးဖြစ်ပြီး စိန်မဟုတ်တဲ့ ကျောက်သံပတ္တမြားအတွက် အမြင့်ဆုံးဈေးဖြစ်တယ်။
Ref:http://burmese.dvb.no/archives/92933

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!