Popular Posts!

Tuesday, May 12, 2015

Network Engineering ရဲ့ပထမဆုံး တံခါး တစ်ချပ်ဆိုတာ...

Journey to the first door of Network Engineering (Walking with RHC)

CCNA CertCCNA Cert
Network Engineering ရဲ့ပထမဆုံး တံခါး တစ်ချပ်ဆိုတာကတော့လူတော်တော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ Cisco Certified Network Associate (CCNA) တစ်ယောက်ဖြစ်ဖို့Cisco ကစစ်တဲ့ စာမေးပွဲကိုအောင်ဖို့ပါ။ဒီ လက်မှတ်လောက်မှ မရှိရင်တော့ Network Engineering လောကထဲဝင်ဖို့ မလွယ်ပါဘူး။ CCNAလက်မှတ်ရဖို့ကအလွန်လွယ်ပါတယ်။ စာမေးပွဲမေးခွန်းအလွတ်ကျက်ဖြေရင် Cisco device ကိုမြင်ဖူးစရာမလို။ configuration command တစ်ကြောင်းရိုက်ဖူးစရာမလိုဘဲဖြေဖို့ဖြစ်နိုင်ပါတယ်။၈၂.၅% ဖြေနိုင်မှအောင်မယ့် စာမေးပွဲအတွက်မေးခွန်းထဲမှာသေချာပေါက်ပါမယ့်မေးခွန်းတွေ ၉၅%လောက်အင်တာနက်ပေါ်မှာရှိပါတယ်။တစ်ချို့ဆိုရင် Labဘယ်နှစ်ပုဒ်ပါမယ်ဘယ်အပုဒ်တွေ ပါမယ်ဆိုတာတောင်တိတိကျကျ ပြောနိုင်တဲ့အဆင့်ပါ။
ဒါဆိုဘာက ခက်တာလဲလို့ မေးကြပါလိမ့်မယ်။စာမေးပွဲ ဖြေဖို့ မခက် အောင်ဖို့မခက်ပေမယ့်။ ကိုယ်ဖြေတဲ့အဖြေ ဘာကြောင့်ဖြေရတယ် ဘယ်လိုအဖြေရတယ်ဆိုတာကို သိဖို့ကတော့ခက်ပါတယ်။ ကိုယ်တိုင် self study လုပ်ရင်ပဲဖြစ်ဖြစ် CCNA သင်တန်းသွားတက်ပြီးဖြေရင်ပဲဖြစ်ြဖစ် စာမေးပွဲအောင်ဖို့ကအလွန်ဆုံး ၃ လလောက်ပဲလိုပါတယ်။တကယ်တမ်း စာကျက်မြန်တဲ့သူဆို၁ လလောက်တောင် မကြာပါဘူး။ CCNA စာမေးပွဲအတွက်ဦးတည် လေ့ကျင့် လေ့လာနေသမျှစာမေးပွဲ ဖြေနည်းပဲ တတ်မှာဖြစ်ပါတယ်။Network Engineer တစ်ယောက်တော့ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်က CCNAဖြစ်ချင်တာမဟုတ်ပါဘူး Network Engineer ဖြစ်ချင်တာပါ။CCNA ဖြစ်ချင်ရင်လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းကကျွန်တော်ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့၁ နှစ်လောက်မှာ Network Engineer တစ်ယောက်ဖြစ်နိုင်ဖို့အခွင့်အလန်းတစ်ခုပေါ်လာပါတယ်။ RHC ဆိုတဲ့သင်တန်းတစ်ခု ရန်ကုန်မှာဖွင့်လာတာပါ။ ဒီသင်တန်းကိုစင်္ကာပူမှာ သင်နေတယ်ဆိုကတည်းကကြားဖူးထားပြီး သင်တဲ့စနစ်တစ်ချို့ကိုလည်းသိဖူးကြားဖူးထားတာကြောင့်ဒီလိုသင်တန်း မြန်မာပြည်မှာရှိရင်ကောင်းမယ်လို့တွေးနေမိတာ။ RHC ရန်ကုန်ဖွင့်ပြီဆိုတော့တက်ဖို့ အခွင့်ကို စောင့်နေတာ၊အခြေအနေ အရပ်ရပ်ကြောင့်ချက်ချင်း မတက်ဖြစ်ဘဲ Batch3 ဖွင့်မှပဲတက်ဖြစ်ပါတယ်။ ကိုယ်ကဘာအတွေ့အကြုံမှလည်းမရှိဘာအခြေခံမှလည်းမရှိဆိုတော့လိုက်နိုင်မယ် မထင်ခဲ့ဘူး။ဒါပေမယ့် ပထမဆုံး စတက်တဲ့ရက်ကတည်းကကျွန်တော် တစ်လလောက် ဖတ်နေတာနားမလည်နိုင်တဲ့ အကြောင်းတွေကိုတစ်ရက်တည်းနဲ့ နားလည်သွားအောင်ရှင်းပြလိုက်ကတည်းက ဒီသင်တန်းကိုတက်မိတာ မှန်သွားပြီဆိုတာသိလိုက်တယ်။ RHCက ဆရာတွေစာဘယ်လိုသင်တယ်ဆိုတာသင်တန်းတက်ပြီး ၁ လပြည့်တော့ရေးတဲ့ "RHCမှာ တစ်လကြာ"မှာ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ဆရာတွေ ဘယ်လိုသင်လဲဆိုတာထက်ဒီဆရာတွေရဲ့ သင်ကြားမှုကကျွန်တော့်ရဲ့ Network Engineering ခရီးအတွက်ဘယ်လောက် အထောက်အကူဖြစ်တယ်။ဘယ်လို ပံ့ပိုးပေးနိုင်တယ်ဆိုတာတွေပဲပြောချင်ပါတယ်။ တကယ်တော့ CCNA ဖြေတဲ့အချိန်မှာကျွန်တော့်ရဲ့ သင်တန်းသက်က၃ လ ဝန်းကျင်ရှိနေပါပြီ။နာရီအနေနဲ့ဆိုရင် နာရီ ၁၀၀ကျော် ၁၅၀ ဝန်းကျင်လောက် RHCရဲ့စာသင်ချိန်တွေမှာတက်ရောက်ပြီးဖြစ်ပါတယ်။ကိုယ်တိုင် အိမ်မှာ လေ့လာချိန်တွေနဲ့ပေါင်းရင် နာရီ ၂၀၀ ကျော်၃၀၀ လောက်တော့ ရှိပါပြီ။ဒီအချိန်မှာ စာမေးပွဲဖြေမယ်ဆိုပြီးစလုပ်ပါတယ်။ စလုပ်တယ်ဆိုတာကတစ်ခြားမဟုတ်ပါဘူး။ စာမေးပွဲမေးခွန်းလေ့လာတာပါ။ ဒီအချိန်ထိသင်တန်းမှာ စာမေးပွဲ မေးခွန်းကဘယ်လိုဆိုတာတို့ သီအိုရီတွေဆိုတာဘယ်လိုတို့ တစ်ခါမှ မပြောဖူးပါဘူး။သင်တန်းတက်ကတည်းက Labတွေလုပ်နေရတာပဲရှိတယ်။ Labတွေမှာတော့အဆင့်တိုင်းအတွက် တစ်ခုချင်းတစ်ဆင့်ချင်း မြင်အောင်ပြထားပြီးသားပါ။ ဒါတွေကစာမေးပွဲမေးခွန်းကိုပထမဆုံးဖတ်ဖူးတဲ့အချိန်မှာပဲအကျိုးပေးပါတယ်။ အပုဒ် ၃၀၀ကျော်ရှိတဲ့ မေးခွန်းတွေရဲ့၈၀ ရာခိုင်နှုန်း အဖြေတွေကိုဘာကြောင့် ဘယ်လို ဖြေရမယ်ဆိုတာထိရှင်းရှင်းလင်းလင်းသိပြီးသားဖြစ်နေပြီး။မဖြေနိုင်သေးတဲ့ကျန်တဲ့ ၂၀ရာခိုင်နှုန်းဟာလည်းအင်္ဂလိပ်လိုရေးထားတာကိုနားမလည်တာနဲ့ ကိုယ်တိုင်လေ့ကျင့်မှုမှာလိုအပ်ချက်တွေရှိနေသေးတာကြောင့်ဆိုတာသိလိုက်ပါတယ်။ဒီထဲမှာ Lab မေးခွန်းပုံစံတွေကတော့ကျွန်တော့်အတွက် ကလေးကလားမေးခွန်းတွေလို့ပဲ မြင်နေမိတယ်။ဒီလောက်မေးခွန်းလေးတွေနဲ့CCNA လက်မှတ်ကတန်တောင် မတန်ဘူးလို့ ထင်မိတယ်။၃ လ နာရီပေါင်း ၃၀၀ လောက်လေ့လာထားတာရဲ့ ၃ ပုံ တစ်ပုံလောက်သိရင်ပဲ CCNAကောင်းကောင်းဖြေလို့ရနေပြီ။ကျွန်တော့် တစ်သက်မှာကိုယ်ဖြေရမယ့် အကြောင်းအရာထက်၃ ဆလောက် ပိုသိနေပြီးမှဖြေရတဲ့ စာမေးပွဲဆိုလို့ဒီတစ်ခုပဲ ရှိဖူးတယ်။ တကယ်တမ်းစာမေးပွဲ ဖြေဖို့စာလုပ်တာကမဖြေခင် တစ်ရက်ပဲလုပ်တာပါ။အဲဒီတစ်ရက်မှာ တစ်နေကုန်အပုဒ် ၃၀၀ ကျော်ကို ထိုင်ကြည့်။ညမအိပ်ခင်မှာ Labမေးခွန်းတွေကိုဖြေဖို့ မေးခွန်းဖတ်နည်းလေးကိုသေချာလေ့လာပြီး နောက်တစ်နေ့သွားဖြေတာပါပဲ။ စာမေးပွဲမှာစုစုပေါင်း ၅၁ ပုဒ် မေးပြီး၃ ပုဒ်က Labဖြစ်ပါတယ်။ကျွန်တော့်မှာ စာမေးပွဲဖြေရင်တစ်လွဲလုပ်တတ်တဲ့ အကျင့်တစ်ခုရှိပါတယ်။ဥပမာ အပိုင်ရထားပြီး ဖြေကိုဖြေရမယ့် မေးခွန်းကိုဖြေစရာမလိုဘူးထင်ပြီးမဖြေဘဲထားခဲ့တာမျိုးပါ။ ၁၀တန်းတုန်းက တစ်နှစ်လုံးဒီတစ်ပုဒ်ပဲ အပြန်အလှန်အချိန်ရသမျှလေ့ကျင့်ထားတဲ့ ဓါတုဗေဒပုဒ်စာတစ်ပုဒ် ၁၂ မှတ်တန်ကို တစ်ခြား တစ်ပုဒ်ဖြေပြီးသားမို့ဖြေစရာမလိုဘူးထင်ပြီချန်ထားခဲ့လို့ ဂုဏ်ထူးမထွက်တာမျိုးပေါ့။ ခုလည်းဒီလိုပဲ labတစ်ပုဒ်ကိုဖြေပြီး သေချာ testingတွေလုပ်အဖြေတွေကို ကြေနပ်တဲ့အထိထိုင်ကြည့်ပြီးမှ saveလုပ်ဖို့မလိုဘူးထင်ပြီးဒီတိုင်းထားခဲ့လို့ တစ်ပုဒ်လုံးအမှတ်မရဖြစ်ခဲ့ရတယ်။ ဒါကတော့ထုံးစံ မပျက်တာပဲ ဆိုပါတော့။
စာမေးပွဲဖြေတာက ဒီလောက်အရေးမကြီးပါဘူး။စာမေးပွဲထက် စာကို ဘယ်လိုလေ့လာခဲ့ရသလဲ။ဘယ်လို သင်ခဲ့ရပြီး ဘယ်လောက်တတ်ခဲ့သလဲက အရေးကြီးတာပါ။ RHC ကဘယ် ဆရာမှ CCNA စာမေးပွဲဖြေရင်ဘယ်လိုဖြေလို့ မပြောဖူးပါဘူး။သူတို့ပြောတာက Network Engineering ရဲ့fundamental တွေဆိုတာကလက်တွေ့မှာ ဘယ်လိုဆိုတာမြင်အောင်ပြတယ်။ Conceptက ဘယ်လိုဆိုတာမြင်အောင်ပြတယ်။ ဒါတွေကိုမျက်စိနဲ့မြင်ဖူးထားတော့စာကျက်သလို ကြာရင် မေ့သွားတာမျိုးမဖြစ်တော့ဘူး။ theory ကို ပါးစပ်ကရွတ်ပြ။ စာအုပ်မှာ ရေးမှတ်ပြန်ကျက်ဆိုတဲ့ စနစ်နဲ့ သာသင်ခဲ့ရင် ကျွန်တော့်လို့စာကျက်ပျင်းတဲ့ လူတစ်ယောက်အတွက် CCNA ဆိုတာ၁ နှစ်လည်းရမှာမဟုတ်ဘူး ၂နှစ်လည်း ရမှာမဟုတ်ဘူး။ခုတော့ တကယ်တမ်းပြောရရင်နာရီ ၁၀၀ လောက်နဲ့တောင်အေးအေးဆေးဆေး ဖြေနိုင်တဲ့အနေအထား။ တွေ့ဖူးတဲ့ CCNAတွေထဲမှာလူအမျိုးမျိုးရှိတယ်။ပထမတစ်မျိုးက CCNA တော့ရထားတယ်။မေးရင် မဖြေတတ်ဘူး။ ခိုင်းရင်မလုပ်တတ်ဘူး။ နောက်တစ်မျိုးကသီအိုရီတွေ မေးရင် ပါးစပ်ကရွတ်ပြဖို့တော့ အချိန်မရွေးရတယ်။သေချာလို့လား လက်တွေ့ပြပါလို့မေးရင် အင်း အဲ ဖြစ်ကုန်ကြတယ်။ RHC ကသင်တန်းသားတွေကတော့ အဲဒီစာရင်းထဲမပါဘူး။ ဘာမဆိုလက်တွေ့ပြမယ် ဆိုတာချည်းပဲ။RHC မှာစည်းမျဉ်းတစ်ခုရှိတယ်။"ကိုယ့်မျက်စိနဲ့မြင်ဖူးထားတာမဟုတ်ရင်တကယ်မတတ်သေးဘူး"ဆိုတဲ့စည်းမျဉ်းပဲ။ အဲဒါကအမှန်ပဲ။online မှာရှာဖတ်ထားလို့ပဲဖြစ်ဖြစ်တစ်ခြား documentation တစ်ခုခုဖတ်ထားလို့ဖြစ်ဖြစ်သိထားတဲ့ အသိတစ်ခုက ၁ လလောက်ကြာရင်မေ့သွားပေမယ့်။ ကိုယ်တိုင်လက်တွေ့ တကယ်လုပ်ကြည့်ပြီးဒါက ဒီလိုပါလားလို့မြင်ထားတာတစ်ခုကတော့ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ RHC ရဲ့အဓိက teaching method တစ်ခုကမြန်မာပြည်က ကျောင်းသားအများစု မမျှော်မှန်းထားတဲ့စနစ်ပါ။ RHC ကဘယ်တုန်းကမှ How to do? ကိုမသင်ပါဘူး။ ကျွဲကူး ရေပါဆိုသလို ပါသွားတာတွေတော့ရှိကောင်းရှိပါလိမ့်မယ်။ RHC က How to learn? ကိုသင်နေတာဖြစ်ပါတယ်။ ဥပမာပြောရရင်မိုးကုတ်စက်ဝိုင်းအထိမြင်နေရတဲ့ နေရာတစ်ခုမှာလူ ၂ ယောက်ထိုင်နေတယ်။ တစ်ယောက်ကတစ်နေရာကို လက်ညိုးထိုးပြပြီးဟိုမှာကြည့်စမ်း ငှက်ကလေးတွေလို့ပြောရင် နောက်တစ်ယောက်ကလှမ်းကြည့်ပြီးအော် အေး ငှက်ကလေးတွေ ဆိုတာနဲ့ပြီးသွားမယ်။ အဲလိုမဟုတ်ဘဲမင်းရဲ့ညာဘက်ကို ကြည့်စမ်းဘာတွေ့လဲလို့ မေးရင်တော့။အမေးခံရသူက အာရုံစိုက်ပြီးရှာရပြီ။ငှက်ကိုတွေ့နိုင်သလိုတိမ်ကိုလည်းတွေ့နိုင်တယ်။ ငှက်ဘယ်နှစ်ကောင်လဲဆိုတာကိုပါတွေ့နိုင်တယ်။ အမေးခံရသူအတွက်သူမြင်ရတဲ့ scope က ပထမဟိုမှာကြည့်စမ်း ငှက်ကလေးတွေလို့အပြောခံရတဲ့သူထက် အများကြီးကျယ်သွားပြီး အများကြီးအသေးစိတ် မြင်တတ်သွားတယ်။ RHC ကသင်တာဟာ ဒီလိုနည်းနဲ့သင်တာဖြစ်ပါတယ်။ RHC မှာ cisco device တွေသုံးပြီးသင်တာဟာ ခုနကပြောသလို ကျွဲကူး ရေပါ သဘောမျိုးလောက်သာဖြစ်ပါတယ်။ networking ကို networking လို့မြင်အောင်သင်ထားတဲ့အတွက် vendor တွေကိုစိတ်ကူးထဲထည့်စရာမလိုတော့ပါဘူး။ CCNA ပြီးသွားတော့ CCNP လည်းဆက်လုပ်ပါမယ်။ တကယ်တော့ခုချိန် မေးခွန်းဖတ်ပြီးသွားဖြေရင် CCNP လည်းဖြေလို့ရနေပါပြီ။ စာမေးပွဲကြေးတတ်နိုင်လို့ကတော့ NP,IE, Juniper ကြိုက်တာဖြေလို့ရပါတယ်။
RHC မှာ တက်တဲ့အခါအခုပြောခဲ့သလို သင်ကြားရေးဆိုင်ရာ ကောင်းမွန်တဲ့အချက်တွေအပြင်ကျွန်တော် proud ဖြစ်မိတဲ့အချက်တစ်ခုရှိပါတယ်။ သင်တန်းက ရငွေတွေအားလုံးကို ကျော်သူရဲ့ နာကူ။ ဆွေဇင်ထိုက်ရဲ့MyME ။ဒေါ်စုရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွေကို လှူ ပေးနေတယ်ဆိုတဲ့ အချက်ပါ။ ကျွန်တော်တို့ဟာ နိုင်ငံတစ်ကာ အဆင့်ပညာရပ်တစ်ခုကို လေ့လာရင်းပရဟိတ လုပ်ငန်းတွေကိုလှူဒါန်းပြီးသားဖြစ်နေပါတယ်။

Ref:  RHC Technologies ..https://www.facebook.com/notes/1000552269971245/

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!