Popular Posts!

Monday, June 15, 2015

မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ!



WHY... ....?????

မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ?
လောကကြီးမှာ အမျိုးသားတွေချည်းပဲ ဖောက်ပြန်တတ်ကြတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း အမျိုးသားတွေ နည်းတူ ဖောက်ပြန်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုပြီး        ဖောက်ပြန်ကြသလဲလို့ မေးရင် ယေဘူယျအားဖြင့် အမျိုးသားတွေ လို့ ဖြေကောင်း ဖြေနိုင်ပေမယ့် သေချာ သုတေသနလုပ်ထားတာ မရှိလို့ လွယ်လွယ် နဲ့ ကောက်ချက်ချရ ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့် သေချာတာက မိန်းကလေးတွေ ဖောက်ပြန်ပြီလို့ ကြားလိုက်တာနဲ့ လူအများရဲ့ အမြင်မှာ သစ္စာမဲ့တာ၊ တဏှာရာဂ မက်မော တာလို့ မြင်တတ် ကြပါတယ်။ ယောကျာ်းတွေ ဖောက်ပြန်တာကို မကောင်း
မြင် တတ်ကြပေမယ့် မိန်းကလေး ဖောက်ပြန်ရင် ပိုပြီး ရွံမုန်း တတ်ကြတာ ငြင်းမရပါဘူး။
တကယ်တမ်း မိန်းကလေးတွေ ဖောက်ပြန်တာဟာ တဏှာရာဂကြောင့်ပဲလား။ ကိုယ့် ခင်ပွန်း၊ ချစ်သူအပေါ် သစ္စာမဲ့လို့လား။ နောက်ကွယ်မှာ ဘာအကြောင်းပြချက်တွေ ရှိသေး လဲ။
ဒါတွေကို သိနိုင်ဖို့ မိန်းကလေးတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်း ၆ ချက်ကို ဖော်ပြလိုက်ပါတယ်။

၆။ ငွေကြေး အမှီအခိုကင်းရင် ဖောက်ပြန်ဖို့ ပိုလွယ်ကူတယ်။
ပိုက်ဆံရှာတတ်တဲ့ အမျိုးသမီးတွေအားလုံး ဖောက်ပြန်တယ်လို့ ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ပွန်းအပေါ်မှာ ငွေရေးကြေးရေးအရ မှီခိုနေရတဲ့ အမျိုးသမီးတွေ ဟာ ယောကျာ်းဖြစ်သူကို မကျေနပ်ရင် ရန်တွေ့ဖို့နဲ့ ကွာရှင်းပြတ်စဲကြဖို့ ပိုခက်ခဲပါတယ်။

ငွေကြေးမပြည့်စုံပဲ နေရမှာ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုဒဏ်ခံရမှာ၊ တစ်ယောက်တည်း အထီးကျန်နေရမယ်ဆိုတဲ့ စိုးရိမ်မှုတွေဟာ ဘယ်လောက်ဆိုးရွားတဲ့ အိမ်ထောင်ဖြစ်နေ ပါစေ သည်းခံပြီး နေတတ်ကြပါတယ်။
တစ်ဖက်မှာ ကိုယ့်ဝင်ငွေနဲ့ ကိုယ့်ဖာသာရပ်တည်နိုင်တယ်၊ အလုပ်မှာ အထိုက် အလျောက် အောင်မြင်မှုရတယ်၊ ခင်ပွန်းအပေါ်မှာ မှီခိုမနေရဘူးဆိုရင် မပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာ ဆက်နေဖို့မလိုဘူးပေါ့။
သူတို့ကိုယ်သူတို့ စွမ်းဆောင်နိုင်တယ်ဆိုတဲ့ ခံစားမှုမျိုးနဲ့ လွတ်လပ်မှုတွေဟာ မပျော်ရွှင်တဲ့ အိမ်ထောင်ရေးထက် ပိုပြီးစွဲဆောင်မှု ရှိတယ်မဟုတ်လား။ ဒီတော့ ကိုယ့်ခင်ပွန်းနဲ့ မကွာရှင်းဘူး ဆိုရင်တောင် တစ်ခြားတစ်ယောက်နဲ့ ဇာတ်လမ်းစလာတာပေါ့။
၅။ ဂလဲ့စား ချေဖို့အတွက် ဖောက်ပြန်တတ်ကြတယ်။
ယောကျာ်းက ဖောက်ပြန်တယ်လို့ ကြားလိုက်တာနဲ့ အဲဒီအမျိုးသမီးဟာ ချွှေးတွေစို၊ ဗိုက်ထဲမှာ ဟာလာဟင်းလင်းကြီးဖြစ်ပြီး၊ မျက်ရည်တွေ အလိုလိုကျလာမယ်။ သူကိုယ့်ကို လိမ်ညာသွားတယ်၊ မလိမ့်တစ်ပတ်လုပ်သွားတယ်၊ သစ္စာဖောက်ခံလိုက်ရတယ်လို့ မြင်တဲ့ အတွက် နာကျင်စွာခံစားရမယ်၊ ဒေါသထွက်မယ်၊
 ဝမ်းနည်းမယ်။

You may also like: ယောကျာ်းတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ
ဒီတော့ အမျိုးသမီးတွေဟာ သူတို့ခင်ပွန်း ဖောက်ပြန်နေရင် လုံးဝ မခံစားနိုင်ပဲ တကယ်ဖောက်ပြန်လိုစိတ် မရှိပဲနဲ့ လက်စားချေဖို့ ရည်ရွယ်ချက် နဲ့ ဖောက်ပြန်တတ်ကြ ပါတယ်။ ဒါဟာ ဖောက်ပြန်တတ် တဲ့ ယောကျာ်းတွေ ကို ဖောက်ပြန်ရင် ဘယ်လောက် နာကြင်တယ်ဆိုတာ သိစေချင်တဲ့ စိတ်နဲ့ ဖောက်ပြန် ကြတာ    ဖြစ်ပါတယ်။
ဒါဟာ တကယ်အလုပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ယောကျာ်းတွေဟာ စိတ်ခံစားမှုနဲ့ တည်ဆောက်ထားတဲ့ လူသားတွေပဲ မဟုတ်လား။ နောက်ပြီး ဖောက်ပြန်တဲ့ ယောကျာ်းကို ခွင့်လွတ်ဖို့ဆိုတာ အင်မတန်မ   လွယ်တာမို့ ဂလဲ့စားချေတာက ပိုပြီးလွယ်ကူ တဲ့ ဖြတ်လမ်း နည်း ဖြစ်လာတာပေါ့။
ဒါပေမယ့် ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်မှာ မဟုတ်ပါဘူးဆိုတာ သတိချပ်သင့်ပါတယ်။ ကောင်းမွန်စွာ ပြောဆိုဆွေးနွေးတာ၊ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ဂရုစိုက်တာ၊ အလေးထားတာ၊ ချစ်ခြင်းမေတ္တာပြသ တာတွေကသာ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေမှာပါ
၎။ ဂရုစိုက်မခံရရင်၊ ရင်းနှီးမှုတွေ နည်းလာရင် ဖောက်ပြန်တတ်ကြတယ်။
သင့်ချစ်သူက သင့်ကို ဂရုမစိုက်ပဲနေနေတာကို တစ်ခြား တစ်ယောက်လို့ မစဉ်းစားပဲ သင်ဘယ်လောက်
ကြာကြာ နေနိုင်မလဲ။ တစ်ချို့က ရက်ပိုင်းပဲ နေနိုင်ပြီး တစ်ချို့က နှစ်ချီပြီးနေနိုင်ကြပါတယ်။

ယေဘူယျအားဖြင့် အမျိုးသမီးတွေဟာ ဂရုစိုက်မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့တွေနဲ့ စိတ်ပိုင်းဆိုင်ရာ အလေးပေးမှုတွေကို လိုချင်တတ်ကြပါတယ်။ ဒါတွေကို သူတို့ရဲ့ ခင်ပွန်းဆီက မရဘူးဆိုရင် သူတို့ကို ဂရုစိုက်မှု ပေးနိုင်တဲ့သူဆီက ရယူဖို့ ကြိုးစားကြပါတယ်။
အဲဒါက ဂရုစိုက်တတ်တဲ့ သူငယ်ချင်းယောကျာ်းလေးဆီက၊ အမြဲတမ်း အားပေးနှ စ်သိမ့်တတ်တဲ့ လုပ်ဖောက်ကိုင်ဖက် ယောကျာ်းလေးတွေပေါ့။ ဒီလို ယောကျာ်းလေးတွေနဲ့ အိပ်ရာပေါ်အတူ ရောက်သွားမယ်လို့ 
မဆိုလိုပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေ ရှိတတ်ပါတယ်။
၃။ တန်ဖိုးထား မခံရဘူးလို့ ခံစားနေရရင် ဖောက်ပြန်တတ်ကြတယ်။
အမျိုးသမီးတွေဟာ သူတို့ တန်ဖိုးထားပြီး ချစ်တဲ့ အမျိုးသား၊ ခင်ပွန်းတွေကို စိတ်ကျေနပ်အောင် လုပ်ပေးချင်
ကြတယ်။ ဥပမာ – အစားကောင်းကောင်း ချက်ကျွှေးတာ၊ စိတ်ကြွစေတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ၊ ကောင်းကောင်းနားထောင်ပေးတာ၊ အကူအညီလိုတိုင်း အမြဲရှိနေတာမျိုးနဲ့ ချစ်ခြင်းမေတ္တာကို ပြသတတ်
ကြပါတယ်။

ဒါပေမယ့် တစ်ဖက်လူက ‘ကျေးဇူးတင်ပါတယ်’ ‘သိပ်ချစ်ဖို့ကောင်းတာပဲ’ ‘ကျေးဇူးပြုပြီး ဒါလေး……’ ဆိုပြီး မပြောတတ်ဘူးဆိုရင် စိတ်ပျက်တတ်တယ်။ မင်္ဂလာေ ဆာင် နှစ်ပတ်လည်နေ့တို့ မွေးနေ့တွေ ကို သတိမရဘူးဆိုရင် စိတ်ဓာတ် ကျလာတတ်တယ်။
ဒီလိုဖြစ်လာရင် အမျိုးသမီးတွေဟာ သူတို့ကို အမြဲချီးမွမ်းတတ်ပြီး သူတို့ လုပ်လိုက်တဲ့ အသေးအမွှား လေးတွေကအစ လက်ခံပေးတတ်တဲ့ သူကို ရှာဖွေတတ်ကြတာ သဘာဝပါ။၎
၂။ ပျင်းစရာ ကောင်းရင် ဖောက်ပြန်တတ်ကြတယ်။
အမျိုးသားက အမျိုးသမီးကြိုက်တတ်တဲ့ ရေမွှေးမစွတ်တာ ကြာပြီ။ သူ့အဝတ်အစားေ တွက နှစ်ချီပြီး ဟောင်းနွမ်းနေပြီ။ နေ့တိုင်း အလုပ်ကပြန်လာတာနဲ့ ‘မိန်းမရေ ညစာဘာလဲ’ ဆိုပြီး ထမင်းစား၊ တီဗွီကြည့်၊     အိပ်ရာဝင်တယ်။

စနေ၊ တနင်္ဂနွေဆိုရင် အိမ်မှာပဲ အလုပ်နားရက်ဆိုပြီး အိပ်နေမယ်။ သူ့သူငယ်ချင်းတွေနဲ့ အရက်တမြမြ   သောက်လာမယ်။ ဒီလိုပုံစံတွေ ဖြစ်လာရင် အမျိုးသမီးတွေဟာ သူတို့ရဲ့ အမျိုးသားတွေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ဝေးကွာလာပြီး ထပ်တူမကျနိုင်တော့ဘူး။
ဒီအိမ်ထောင်ရေးဟာ ခေါက်ရိုးကျိုးနေပြီး စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူး။ ဒီတော့ နောက်တစ်ယောက်နဲ့များ အတူနေရရင် ဘယ်လိုနေမလဲဆိုတာကို စပြီး စဉ်းစားလာပါတော့တယ်။ ဒီလို စဉ်းစားမိတာကို   ရင်ခုန်နေမိမယ်။ နောက်ဆုံးတော့ တိတ်တဆိတ် အငယ်အနှောင်းလေးတွေနဲ့ ပျော်စရာ ရှာသွားပါတော့တယ်။
နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ အိမ်ထောင်ရေးကို စိတ်လှုပ်ရှားစရာ ကောင်းအောင် လုပ်နိုင်တဲ့ နည်း   လမ်းတွေ ရှိပါတယ်။ ဒီလိုလုပ်နိုင်ဖို့ နှစ်ဦးနှစ်ဖက် ကြိုးစားအားထုတ်ဖို့ လိုသလို၊ ပြောဆိုဆွေးနွေးဖို့ အရေး   ကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘာကြိုက်တတ်တယ်ဆိုတာ သိထားရင် ဒီလိုလုပ်ဖို့ မခက်ခဲ့   တော့ပါဘူး။
၁။ ဟုတ်ကဲ့၊ တစ်ခါတစ်လေ ကာမ ကြောင့် ဖောက်ပြန်တတ်ကြပါတယ်။
အချိန်အကြာကြီး လက်တွဲခဲ့ပြီးဖြစ်တဲ့ စုံတွဲတွေဟာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနယ်မှုတွေ လျော့   နည်းလာတတ်ကြပါတယ်။ နှစ်တွေကြာလာတဲ့ အထိ သမရိုး ကျပုံစံအတိုင်းပဲဖြစ်နေရင် စိတ်လှုပ်ရှားစရာ မကောင်းတော့ပဲ ပျင်းစရာ ကောင်းလာတော့တာပေါ့။
            ဒီတော့ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းပြီး စိတ်ကျေနပ်မှု ပေးနိုင်တဲ့အပြင် အသစ် အသစ်သော   ချစ်တင်းနှီးနှောမှုမျိုးကို ရရှိလိုတဲ့အတွက် ဖောက်ပြန်တတ်ကြပါတယ်။ အသက်ငယ်တဲ့ ဇနီးတွေဟာ         ချစ်တင်းနှီးနှောမှုကို ယောကျာ်းတွေနည်းတူ လိုချင် တတ်ကြပြီး၊ လိုချင်တဲ့ အတိုင်းဖြည့်ဆည်းမှု မပေးနိုင်ရင် နောက်တစ်ယောက်ဆိုတာကို စဉ်းစားတတ်ကြပါတယ်။

ဒါကြောင့် ချစ်တင်းနှီးနှောရာမှာ အသစ်အသစ်တွေကို နှစ်ဦးသဘောတူ စမ်းကြည့်ဖို့ လိုအပ်တယ်ဆိုတာ မမေ့သင့်ပါဘူး။
အိမ်ထောင်ရေး ဖောက်ပြန်တာကို မြန်မာလူမှုအသိုင်းအဝိုင်းက ဒီနေ့အချိန်အထိ လုံးဝ လက်မခံနိုင်သေးပေမယ့် နေ့တိုင်းလိုလို ဖြစ်နေဆဲပါ။ ဒီတော့ အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို သိရှိခြင်းအားဖြင့်     တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ပိုရှိလာပြီး သစ္စာရှိရှိ လက်တွဲသွားနိုင်မယ်ဖို့ ရည်ရွယ်ပါတယ်။
နိုင်ငံတကာသတင်း-မြန်မာမှကူးယူဖော်ပြပါသည်။

Ref:https://www.facebook.com/Lin Latt Waiphyo

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!