
အမှုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသူ အချို့မှာ ငရုတ်သီးမှုန့်ထဲသို့ ကင်ဆာဖြစ်စေနိုင်သော ဆိုးဆေးအပြင် အခြားအမှုန့်အတုများပါ ရောနှောထုတ်လုပ် ရောင်းချလာသည်ကို စစ်ဆေးတွေ့ရှိလာရကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နေပြည်တော် ဈေးများအတွင်းရှိ ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့် အမှတ်တံဆိပ်အချို့တွင် ကင် ဆာဖြစ်စေနိုင်သော ဆိုးဆေးများအပြင် ငရုတ်သီးမှုန့်မဟုတ်သည့် အခြား အမှုန့်အတုများပါ ရောနှောပါဝင် နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Comments
အပြင်မှာ ငရုတ်အတောင့်လို က်ဝယ်တဲ့ ဈေးထက်သက်သာ အောင် အဆိုပါ ငရုတ်မှုန့် တွေဘာကြောင့် ရောင်းနိုင်လဲဆိုတာတွေကြည့် ရင်သိသာပါတယ်.. ဘယ်စီးပွါးရေးသမားမှအရှုံးခံမထု တ်ပါဘူး...
အခုတော့ နာမည်ကြီးငရုတ်မှုန့် ဈေးက ငရုတ်အတောင့်ဈေးထက် သက်သာအောင်ရောင်းနိုင်တယ်ဆို တော့.......... ငရုတ်မဟုတ်ဘဲ ဘာတွေထည့် ထားသလဲဆိုတာတော့ .. အဆိုပါစီးပွားရေးလုပ်ငန်းရှင်များသာလျှင်သိပါလိ မ့်မယ်
စားသောက်ရန်မသင့်  ဆိုတာ ဖြစ်လာမှာ သေချာတယ်...ယင်မနား
အောင် လုပ်တာက ပိုးသတ်ဆေးဖြန်း တာဘဲ....ချိုအောင် အချိုခဲ
ကရောရသေးတယ်...ပုဇွန်ခြောက် ငါးခြောက် အကုန်လုံးဆေးမပါ
တာမရှိဘူး..ဗမာ ပါးစပ်ကလဲ ဆေးပါတာ စားရလွန်းလို့...အချိုခဲ..
အချိုမှုန့် ပါမှ အစစ်လို့ထင်ကြတော့တယ်...နိုင်ငံခြားရောက်နေလို့..
နိုင်ငံခြားက ပုဇွန်ခြောက် မစားနိုင်ဘူး..ပေါ့တယ်တဲ့...ဗမာပြည်ထွက်
မှ ပိုချိုတယ်..လေးပင်တယ်တဲ့...
အတောင့်ကို ဦးလေးအမှုန့်ကြိ တ်စက်မှာ သွားအပ်တယ်...ချက်ကြည့်
လိုက်တော့ မထူးဘူး..အရောင်ပါလာတယ်...ဦးလေးစက်မှာ ရော
တယ်ဆိုပီး သွားရန်တွေ့တာ...နောက်တော့မှ သိရတယ်...အတောင့်
ရောင်းကတည်းက ဆေးပက်ရောင်းကြတာ...အတောင့်လှအောင်လို့
တောင်သူက ဆေးပက် အခြောက်လှန်း...ငြုတ်သီးမှုန့် ဆရာတွေက
အရောင်ပိုလှအောင် ထပ်ဆေးဆိုး....ကြားက အမြတ်ကျန်အောင်
မရောသင့်တဲ့အမှုန့်ကို ထပ်ရော...မြန်မာပြည်သားအားလုံး ကင်ဆာ
့ဖြစ်စေသတည်း...ဆိုတဲ့ကိန်းရောက်ကုန်ကြဘီဗျာ..