
SMU
စင်ကာပူ၏ နိုင်ငံတကာကျောင်းသားများ နေထိုင်ခွင့် အီးပီအီးစီစနစ် ရုပ်သိမ်းမည်ဆိုခြင်းသည် စင်ကာပူရောက် မြန်မာကျောင်းသားများ အတွက် ကန့်သတ်ချက်များဖြစ်လာ နိုင်ဖွယ်ရှိသည်ကို စင်ကာပူ ပညာရေး ကျွမ်းကျင်သူအချို့က မှတ်ချက်ပြု ကြသည်။
“အီးပီအီးစီစနစ် ရုပ်သိမ်းမယ် ဆိုခြင်းမှာ ဒီက ၁၀ တန်းအောင်ပြီးစ ကျောင်းဆက်တက်မယ့် ကလေးတွေ မှာ ပြဿနာရှိသွားမယ်။ ဘွဲ့မရသေးခင် စင်ကာပူမှာ အလုပ်ရှာထားဖို့ကျ ပြန်တော့လည်း စင်ကာပူမှာ Fresh Degree ရတဲ့သူတွေရဲ့နေရာကကျဉ်းတယ်။ ဒီက ဘွဲ့ရမာစတာသမားတွေ သွားမှာ ပြဿနာမရှိနိုင်ပေမယ့် ၁၀ တန်းအောင်တွေ သွားမယ်ဆိုရင်တော့ နည်းနည်းခက်ခဲသွားနိုင်တယ်”ဟု Smart Resources ပညာရေး ၀န်ဆောင်မှုလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးနေလင်းဖြိုးက ပြောပြခဲ့ပါသည်။
အီးပီအီးစီ နေထိုင်ခွင့်ဆိုခြင်းတွင် မြန်မာကျောင်းသား အများစုမှာ စင်ကာပူကျောင်းပြီး တစ်နှစ်နေထိုင်ခွင့် ရကာ အလုပ်အကိုင်ရှာဖွေနိုင်သည့် နေထိုင်ခွင့်မျိုးဖြစ်ရာ ယခုကဲ့သို့ ရုပ်သိမ်းခြင်းသည် စင်ကာပူသွားမည့် မြန်မာများအတွက် ကန့်သတ်ချက်တစ်ခုပင် ဖြစ်လာနိုင်ကြောင်းကို စင်ကာပူ SMU တွင် လက်ရှိမာစတာတန်း တက်ရောက်နေသူ မြန်မာကျောင်းသူတစ်ဦးက ပြောပြခဲ့ပါသည်။
EmploymentPass Elibigility Certificate (EPEC) ကို စင်ကာပူ MOM(Ministry of Manpower) က ဒီဇင်ဘာလ၁ရက်နေ့မှ စတင်ကာ ရုပ်သိမ်းခဲ့ပြီး စင်ကာပူအစိုးရ အသိအမှတ်ပြုထားသည့် ကျောင်းများမှ ပြီးထားသူများ၊ အခြားသတ်မှတ် အရည်အချင်း ပြည့်မီသူများကိုသာ ပေးသည့် စင်ကာပူတွင် တစ်နှစ် အလုပ်ရှာနေထိုင်ခွင့်ပေးသည့် ပတ်စ်အမျိုးအစားဖြစ်ကြောင်း သိရှိရပါသည်။
အီးပီအီးစီစနစ်အစား Long Term Visit Pass (LTVP) ကို စင်ကာပူအိုင်စီအေမှ တစ်ဆင့်ကန့်သတ်ချက်များ ပြည့်မီလျှင် လျှောက်ထားနိုင်ပြီး ယေဘုယျအားဖြင့် သုံးလသက်တမ်းသာ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
Comments
Ref:news-eleven.com |
ဘွဲ့ သို့မဟုတ် ဒီပလိုမာ ရကျောင်းသားကျောင်းသူများအတွက် Long Term Social Visit Pass (LTVP) ကို ၂ မျိုးခွဲပြီး ပေးထားပါတယ်။ စင်္ကာပူအစိုးရရဲ့ University ကြီး (၃) ခုဖြစ်တဲ့
NUS, NTU, SMU နဲ့ အစိုးရအသိအမှတ်ပြု University SIM စင်္ကာပူအစိုးရရဲ့ ပေါ်လီကျောင်း (၅) ခု နဲ့ အခြားအသိအမှတ်ပြု University, Institute စတဲ့ ကျောင်း (၁၈) ကျောင်းက ပြီးတဲ့ ကျောင်းသား/သူတွေကို သတ်တမ်းတိုးလို့မရတဲ့ LTVP (၁) နှစ်အထိနေထိုင်ပြီး အလုပ်ရှာခွင့်ပေးထားပါတယ်။ အခြားသော private ကျောင်းများကပြီးတဲ့သူတွေကိုလဲ သက်တမ်းတိုး လို့မရတဲ့ LTVP နဲ့ (၃) လအထိ နေထိုင်အလုပ်ရှာ ခွင့်ပေး ပါတယ်။ လျှောက်ထားခွင့်ရတဲ့သူတွေအနေနဲ့ ICA online ကနေလျှောက်ထားရမှာဖြစ်ပြီး processing time တပါတ်ကြာ ပါ့မယ်။ ကိုယ်တင်ထားတဲ့လျှောက်ထားချက်အခြေအနေကို online ကနေပဲ စောင့်ကြည့်လို့ရပါတယ်။ ICA က လျှောက်ထား ချက်ကိုလက်ခံရင်တော့ ICA ရုံးမှာ လိုအပ်တဲ့စာရွက်စာတမ်း တွေယူပြီး ကိုယ်တိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ processing fee, Insuance fee and extension fee အဖြစ်စုစုပေါင်း S$130 ကုန်ပါမယ်။ ICA ကလိုအပ်ခဲ့ရင် လျှောက်ထားသူပေါ် မူတည် ပြီးတော့ လုံခြုံရေးအာမခံအဖြစ် ပမာဏတစ်ခုသော ငွေကို deposit တောင်းခံကောင်းတောင်းခံနိုင်ပါတယ်။
အသေးစိတ်ထပ်မံသိလိုတဲ့သူများကတော့ http://www.ica.gov.sg/services_centre_overview.aspx?pageid=396
သွားကြည့်နိုင်ပါတယ်ခင်ဗျာ။