Pages

Wednesday, February 1, 2012

ပြည်ပခရီးသွားများ အွန်လိုင်းစနစ်ဖြင့် ဗီဇာလျှောက်ထားမှုကို ၀က်ဘ်ဆိုက် ၂ခုဖြင့် စတင် စမ်းသပ်လျက်ရှိ



ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံမှာ လာရောက်လည်ပတ်ကြတဲ့ ပြည်ပခရီးသွားတွေ အတွက် အွန်လိုင်းကနေ ဗီဇာလျှောက် ထားနိုင်အောင် Website ၂ခုကို စတင်စမ်းသပ်လျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို အွန်လိုင်းမှ တစ်ဆင့် visa လျှောက်ထားနိုင်ဖို့အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနကနေ www.myanmarevisa.gov.mm နဲ့ www.myanmarevisa.com စတဲ့ Website (၂)ခုကို စတင်စမ်းသပ် ဆောင်ရွက်လျက်ရှိ တာဖြစ်ပါတယ်။ အဆိုပါ e-visa စနစ်ကို မြန်မာနိုင်ငံမှာ အကောင်အထည်ေ ဖာ် ဆောင်ရွက် ပါက ပြည်ပခရီးသွားတွေဟာ အွန်လိုင်းမှ တစ်ဆင့် visa လျှောက်ထားမှုကို အလွယ်တကူဆောင် ရွက်နိုင်မှာ ဖြစ်ပါတယ်။



လက်ရှိမှာတော့ စမ်းသပ်နေတဲ့ Website (၂)ခုမှ အဆင်ပြေ မယ့် Websiteတစ်ခုကိုဝန်ကြီးဌာနမှ ထပ်မံကြော်ငြာပေး မှာဖြစ်ပြီ မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ပြည်ပ ခရီးသွားတွေဟာ အဆိုပါ Website မှ e-visa ကို လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Updated : 23 Jan, 2012-MRTV4

No comments:

Post a Comment