Ref:MRTV4
Pages
▼
Wednesday, February 1, 2012
စင်္ကာပူ အလုပ်အကိုင်အတွက် ဆေးပညာ ဘွဲ့ရများ ခေါ်ယူလာ
Updated : 9 Nov, 2011
ပြည်ပ အလုပ်အကိုင် ဈေးကွက်တွင် ယခင်က အထွေထွေ လုပ်သား တွေကိုသာ ခေါ်ယူ ခဲ့ရာမှ နောက်ပိုင်းမှာ လုပ်ခလစာ မြင့်တဲ့ ပညာတတ် လုပ်သားတွေကိုပါ ခေါ်ယူလာခဲ့ရာ ဆေးပညာ ဘွဲ့ရတွေကို စင်္ကာပူ ပြည်ပ အလုပ်အကိုင်တွေက ခေါ်ယူလာတာပဲ ဖြစ်ပါသည်။ ဒီလို ခေါ်ယူရာမှာ MBBS ဘွဲ့ရပြီး လုပ်သက် (၃)နှစ် ရှိတဲ့ ဆေးပညာဘွဲ့ရ ဆရာဝန်တွေကို စင်္ကာပူနိုင်ငံရှိ ဆေးရုံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ခေါ်ယူလာတာ ဖြစ်ပါသည်။
လုပ်ခလစာ အနေနဲ့ နေစရာစရိတ် အပါအ၀င် တစ်လလျှင် စင်္ကာပူဒေါ်လာ (လေးထောင်)ကျော် ရရှိနိုင်တဲ့ အဆိုပါအလုပ် အကိုင်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့ လိုအပ်ပြီး အင်တာဗျူး ဖြေဆိုရမှာ ဖြစ်တယ်လို့ ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခုဖြစ်တဲ့ သုခစုစံက သိရပါသည်။ လက်ရှိမှာ စင်္ကာပူ အလုပ်အကိုင်တွေက အထွေထွေ လုပ်သားကို ခေါ်ယူခြင်းထက် ကျွမ်းကျင် လုပ်သားများ ၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ အပါအ၀င် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ များကိုပါ ခေါ်ယူလာခြင်း ဖြစ်ပါသည်။ ဒါ့အပြင် ခေါ်ယူလျက်ရှိတဲ့ စင်္ကာပူ အလုပ်အကိုင်တွေမှာ မူကြိုဆရာ ၊ ဆရာမ အလုပ်အကိုင် တွေလည်း ပါဝင်လျက် ရှိတယ်လို့ သတင်း ရရှိပါသည်။
Ref:MRTV4
Ref:MRTV4
No comments:
Post a Comment