Pages

Wednesday, February 1, 2012

မြန်မာနိုင်ငံမှာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ Celadon “ဆယ်လဒွန်” စဥ့်ထုတ်လုပ်မှုနည်းပညာ

 Updated : 11 May, 2011


စဥ့်ထုတ်လုပ်မှု နည်းပညာတွေထဲက ရုက်္ခမူချော်ကထုတ်လုပ်တဲ့ Celadon နည်းပညာဟာ အခုအခါမှာ မြန်မာနိုင်ငံမှာ တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီလို့ သိရပါတယ်။ အဆိုပါ Celadon နည်းပညာဟာ ကျန်ခဲ့တဲ့ (၁၅) ရာစု နှစ်လောက်ကတည်းက မြန်မာနိုင်ငံက စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်ဘက်မှာ ရှိတဲ့ မိုင်းကိုင်ဟိုနား ကျေးရွာအုပ်စု တစ်ခုတည်းမှာသာ လုပ်ကိုင်လျက်ရှိ တော့တယ်လို့ မြန်မာနိုင်ငံစဥ့်အသင်းက သိရပါတယ်။

အဆိုပါ နည်းပညာကို ဆက်ပြီး ထိန်းသိမ်းမှုမရှိတော့ရင် နောက်ရာစု တစ်ခုလောက်မှာပဲ မြန်မာပြည်မှာ Celadon နည်းပညာ ပျောက်ကွယ်သွားနိုင်တဲ့အတွက် စဥ့်အသင်းအနေနဲ့ တွံတေးနယ်တ၀ိုက်မှာ Celadon စဥ့်ထည် ထုတ်လုပ်မှုတွေ စမ်းသပ် လုပ်ကိုင်ခဲ့ပေမယ့် အောင်မြင်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။
သာမန်စဥ့်ထည် ထုတ်လုပ်မှုတွေဟာ ခဲချော်ကနေထုတ်လုပ်ရလို့ အလွယ်တကူ ပြုလုပ် နိုင်ပေမယ့် စိမ်းဖြူစဥ့်ထည်ကို အဓိကထုတ်လုပ်တဲ့ Celadon နည်းပညာကတော့ သစ်ပင်ပြာကရတဲ့ ရက္ခမူချော်ကနေ ထုတ်လုပ်ရလို့ ပိုမိုခက်ခဲပြီး၊ နည်းစနစ်မကျရင် အပျက်အစီး ပိုများတယ်လို့ သိရပါတယ်။
       ခဲချော်က ထုတ်လုပ်တဲ့ စဥ့်ထည်တွေက အစားအသောက်နဲ့ ပတ်သက်တဲ့ အသုံးပြုမှုတွေမှာ ရေရှည်သုံးရင် အန္တရာယ်ရှိလာနိုင်ပေမယ့် ရုက္ခမူချော်က ပြုလုပ်တဲ့ စဥ့်ထည်တွေကတော့ အန္တရာယ်မရှိဘဲ စိတ်ချစွာ သုံးစွဲနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာပြည်မှာ ကျန်ရှိနေသေးတဲ့ ဟိုနားကျေးရွာအုပ်စုက Celadon နည်းပညာ စဥ့်ထည် ထုတ်လုပ်မှုကလည်း အစားအသောက်သုံး ပစ်္စည်းတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်တာမဟုတ်ဘဲ တနိုင်တပိုင် အနည်းငယ်သာ ထုတ်တာဖြစ်လို့ နည်းပညာ မပျောက်အောင် ထိန်းသိမ်းဖို့အရမ်းကို လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
     မြန်မာပြည်မှာ လွန်ခဲ့တဲ့(၁၅)ရာစုက စတင်ပေါ်ပေါက်ခဲ့တဲ့ အဆိုပါ နည်းပညာဟာ အခုအခါမှာ တိမ်မြုပ် ပျောက်ကွယ်လုနီးပါးဖြစ်နေပေမယ့် ထိုင်းနိုင်ငံမှာတော့ အဆိုပါ နည်းပညာစဥ့်ထည်တွေ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်မှာ ထိုးဖောက်ရောင်းချနေတာ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာလည်း ဂျပန်နိုင်ငံကနေ အစားအသောက်နဲ့ ပတ်သက်တဲ့ စဥ့်ထည် အော်ဒါမှာယူမှု ရှိပေမယ့် Celadon နည်းပညာ ပြန်လည်စမ်းသပ်ရာမှာ အောင်မြင်မှု မရသေးတဲ့အတွက် ပို့ကုန်အမှာစာအတွက် လက်မခံနိုင်သေးဘူးလို့ မြန်မာနိုင်ငံ စဥ့်အသင်းက သတင်းရရှိပါတယ်။
Ref:MRTV4

No comments:

Post a Comment