How'd it happen and more reports?
asnkonge blog's!
Pages
(Move to ...)
Home
Music
Shop
Buddhist
TIGI & DAVINES!
English Version
ASNGROUP!
My Life Choice!
▼
Tuesday, April 17, 2012
အခြေခံလူတန်းစားများအတွက် တစ်လ ၅၀၀၀၀ သွင်းပြီး တိုက်ခန်းရနိုင်ရန် စီစဉ်နေ
တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်ရောင်းချရေးအတွက် ယခုအခါ သက်ဆိုင်ရာသို့ မြေနေရာတင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက အများပြည်သူအား တရားဝင် အသိပေးကာ ရောင်းချနိုင်မည့် အကြောင်းကို ပြောပြခဲ့သည်။ “တန်ဖိုးနည်း တိုက်ခန်းနှင့် ပတ်သက်ပြီး လာစုံစမ်းတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ ရောင်းခွင့်ပေးမယ်ဆိုတာ မသိသေးပါဘူး။ သေချာတာက ရောင်းခွင့်ကျပြီဆိုတာနဲ့ နိုင်ငံပိုင် သတင်းစာကနေ ကြော်ငြာမယ်” ဟု အရောင်းတာဝန်ခံက ပြောပြခဲ့သည်။ ယခုဆောက်လုပ်ရန် လျာထားသော တန်ဖိုးနည်း တိုက်ခန်းများမှာ အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ
လစဉ်ကြေး တစ်လကျပ် ၅၀၀၀၀
ပေးသွင်းရုံဖြင့် တိုက်ခန်းရရှိနိုင်မည်ဖြစ်သည်။
တိုက်ခန်း၏ စုစုပေါင်း ကုန်ကျငွေပမာဏမှာ ကျပ် ၃၄ သိန်းဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူမှ ကနဦးငွေကျပ် ၄ သိန်း ပေးသွင်းကာ ကျန်သိန်း ၃၀ အတွက် လစဉ်ကြေး ၅၀၀၀၀ ဖြင့် ငါးနှစ်ပေးသွင်းရမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ ယခု တန်ဖိုးနည်းတိုက်ခန်း အစီအစဉ်ကို မြောက်ဒဂုံမြို့နယ် ၄၁၊ ၄၂ တိုးချဲ့ရပ်ကွက်မှာ စီမံဆောင်ရွက်လျက်ရှိကာ
သက်ဆိုင်ရာဌာနသို့ တင်ပြထားခြင်းနှင့် ခွင့်ပြုချက် ရရှိပါက နိုင်ငံပိုင်သတင်းစာမှ တရားဝင် ကြေညာကာ ရောင်းချပေးမည်ဖြစ်သည်။
တန်ဖိုးနည်း တိုက်ခန်းတွင် ကျပ် ၃၄ သိန်း
ဖြစ်သည်နှင့်အညီ အခန်းဖွဲ့စည်းပေးခြင်း မရှိဘဲ တိုက်ခန်းဝယ်ယူခွင့် ရရှိသူမှ မိမိစိတ်ကြိုက် အခန်းဖွဲ့ခြင်း၊ အလှဆင်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment