
ယခု တလော ကုန်သည်လုပ်ငန်းရှင်တွေ အသိုင်းအ၀ိုင်း မှာ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသ(AFTA)ကို စိုးရိမ် ပူပန်မှုတွေ၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI)ကြောင့် မိမိ တို့လုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်ပူပန်မှုတွေ၊ တရားမ၀င် မှောင်ခို ကူးသန်းရောင်းဝယ်မှုတွေနဲ့ တရားဝင်တင်သွင်းမှု ဖြစ်သော်လည်းဈေးကွက် ပေါက်ဈေးအမှန်ထက် လျှော့ပြတင်သွင်းမှုတွေကြောင့်ကော င်းရောင်းကောင်းဝယ် လုပ်ကိုင်နေကြတဲ့ ကုန်သည်လုပ်ငန်းရှင်တွေအဖို့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ပူပန်မှု တွေကို ပြောဆိုနေတာ ကြားသိရပါတယ်။ အချို့ကလည်း အကြီးအကဲများထံကို မိမိတို့ရှုထောင့်၊ အမြင် မျိုးစုံကိုတင်ပြနေကြေ ကြာင်း ကြားသိရပါတယ်။ ဒီအခြေအနေ ကို သိလိုတဲ့အတွက် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်အသင်းသို့ မေးမြန်း စုံစမ်းကြည့်တဲ့အခါ ယင်းအသင်းအနေနဲ့ ပုဂ္ဂလိက စက်မှုကဏ္ဍ အလိုက် အာဆီယံစီးပွားရေး အသိုက်အ၀န်းရဲ့ လွတ်လပ်သော ကုန် သွယ်မှု သဘောတူညီချက်အရ မိမိတို့လုပ်ငန်းတွေအပေါ် ဘယ်လို သက်ရောက်နိုင်မလဲဆိုတာကို ၂၀၁၂ ခုနှစ် နှစ်စပိုင်းက စစ်တမ်း ကောက်ယူ သုတေသနပြုခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment