Pages

Sunday, September 15, 2013

Nokia မိုဘိုင်းဖုန်းကုမ္မဏီကို Microsoft ပိုင်ပြီ


nokiaNokia ရဲ့ မိုင်ဘိုင်းဖုန်း ကုမ္မဏီနဲ့ ဝန်ဆောင်မှု လုပ်ငန်းကို အမေရိကန် Microsoft မှ အမေရိကန်ဒေါ်လာ ၇ ဘီလျံ ကျော်နဲ့ ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။
အားလုံးကို ဝယ်လိုက်တာ မဟုတ်ပါဘူး။ Nokia ရဲ့  မိုဘိုင်းဖုန်းမဟုတ်တဲ့ အခြားသာ လုပ်ငန်းများကတော့ Nokia တို့မှာ ဆက်ရှိနေအုံးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် မိုဘိုင်းဖုန်းနဲ့ အဓိက ရပ်တည်တဲ့  ကုမ္မဏီတစ်ခု အတွက် ကတော့ ကြီးမားတဲ့ ဆုံးရှံးမှုကြီးပါ။ Nokia ဟာ Android နဲ့ iOS စပေါ်ကတည်းက ၎င်းတို့ Java ဖုန်း များ အရောင်းကျ ယနေ့အထိပဲ ဖြစ်ပါတယ်။ ဒီတော့ ဖြေရှင်းရန် နည်းလမ်းအနေနဲ့ Microsoft ရဲ့  Windows Phone platform ကိုရွေးချယ်လို့ ဖုန်းဆက်ထုတ်ခဲ့ပါတယ်။ အောင်မြင်ဖို့ အရိပ်အယောင်မြင်လာချိန် မှာတော့ Microsoft ကို ရောင်းလိုက်ပါပြီ။ ဆက်လက် ရပ်တည်ဖို့အတွက် အင်အားမရှိတော့လို့ ဖြစ်ပါတယ်။
အချိန်ကာလာ ကြာမြင့်စွာ ပါတနာ လုပ်လာတဲ့ ကုမ္မဏီများ ဖြစ်တဲ့အတွက် ဈေးနှုန်းညှိနှိုင်းမှု အဆင်ပြေ သွားပြီး မိုဘိုင်းဖုန်း လုပ်ငန်းကို အပြီးတိုင် ရောင်းချဖို့ Nokia တို့ ဝန်မလေးတော့ပါဘူး။ Microsoft အနေနဲ့ Nokia ကို ၎င်းတို့ လက်ထဲမှာ အအောင်မြင်ဆုံး စမတ်ဖုန်း ကုမ္မဏီတစ်ခု ဖြစ်လာအောင် ဖန်တီး ကြိုးစား မယ်လို့ ဆိုပါတယ်။ လက်ရှိချိန်မှာတော့ Nokia ရဲ့  စတော့ရှယ်ယာ ဈေးဟာ ကျဆင်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Ref:yoyalay

No comments:

Post a Comment