Tuesday, 28 June 2011 00:57 မောက္ခ နိုင်ငံတကာသတင်း
ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှု တိုက်ဖျက်ရေးအဖွဲ့က ကမ္ဘာအနှံမှ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သုံးစွဲနေသော နိုင်ငံများ စာရင်းကို နှစ်စဉ် နိုင်ငံတကာ မူးယစ်ဆေးဝါးနေ့တွင်ထုတ်ပြန် လေ့ ရှိသည်။
ယခုနှစ် အစီရင်ခံစာတွင် အံဩစရာကောင်းသည်မှာ ဥရောပနိုင်ငံများရဲ့ မူးယစ်ဆေး သုံးစွဲမှု များပြားလာခြင်း ဖြစ်သည်။ အစိုးရများက မူးယစ်ဆေးတိုက်ဖျက်ဖို့ ကြိုးစားနေသော်လည်း၊ ဥရောပတွင် ကိုကင်း လမ်းကြားဈေးမှာ ဆယ်စုနှစ်နှစ်ခု ဆက်တိုက် ထိုးကျလျက် ရှိသည်။ မူးယစ်ဆေး ဈေးကျခြင်းမှာ ကောင်းတဲ့ ရလဒ်မဟုတ်ပါ။ ဥရောပ ကိုကင်းဈေးကွက်က အမေရိကန် ပြည်ထောင်စု နှင့်အပြိုင် ကြီးမားလာနေသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။
အထက်ဖော်ပြပါ ဇယားတွင် ချမ်းသာသော နိုင်ငံကြီးများမှ ကိုကင်း ၁ ဂရမ် ပေါက်ဈေးနှင့် အသက် ၁၅ နှင့် ၆၄ နှစ်ကြား တစ်ဦးချင်း သုံးစွဲမှု နှုန်းကို ဖော်ပြထားပါသည်။
အောက်တွင် မြန်မာနိုင်ငံရဲ့ ဘိန်းစိုက် ဧရိယာ ဟက်တာအရေအတွက် ( ၁ ဟက်တာ=၂.၄၇၁ ဧက)နှင့် ထုတ်လုပ်သည့် ဘိန်း မထရစ်တန်ချိန်ကို အာဖဂန်နစ္စတန်၊ လာအိုတို့နှင့် ယှဉ်ပြီး ခုနှစ်အလိုက် ဖော်ပြထားပါသည်။
ဘိန်းစိုက်ခင်း ဟက်တာ စုစုပေါင်း
ခုနှစ်
|
၁၉၉၆
|
၂၀၀၀
|
၂၀၀၅
|
၂၀၀၈
|
၂၀၀၉
|
၂၀၁၀
|
အာဖဂန်နစ္စတန်
|
၅၆,၈၂၄
|
၈၂,၁၇၁
|
၁၀၄,၀၀၀
|
၁၅၇,၀၀၀
|
၁၂၃,၀၀၀
|
၁၂၃,၀၀၀
|
မြန်မာ
|
၁၆၃,၀၀၀
|
၁၀၈,၇၀၀
|
၃၂,၈၀၀
|
၂၈,၅၀၀
|
၃၁,၇၀၀
|
၃၈,၁၀၀
|
လာအို
|
၂၁,၆၀၁
|
၁၉,၀၅၂
|
၁,၈၀၀
|
၁၆,၀၀၀
|
၁,၉၀၀
|
၃,၀၀၀
|
ထုတ်လုပ်သည့် ဘိန်း (oven-dry opium) မထရစ်တန်ချိန်
ခုနှစ်
|
၁၉၉၆
|
၂၀၀၀
|
၂၀၀၅
|
၂၀၀၈
|
၂၀၀၉
|
၂၀၁၀
|
အာဖဂန်နစ္စတန်
|
၂,၂၄၈
|
၃,၂၇၆
|
၎,၁၀၀
|
၇,၇၀၀
|
၆,၉၀၀
|
၃,၆၀၀
|
မြန်မာ
|
၁,၇၆၀
|
၁,၀၈၇
|
၃၁၂
|
၄၁၀
|
၃၃၀
|
၅၈၀
|
လာအို
|
၁၄၀
|
၁၆၇
|
၁၄
|
၁၀
|
၁၁
|
၁၈
|
Source: World Drug Report 2011
No comments:
Post a Comment