Pages

Sunday, October 20, 2013

MAC OS အတွက် မြန်မာဖော့များပြင်နည်း

MMFontFallBack Mac App

Mac OSX 10.8 မှာ မြန်မာစာ ပါဝင်လာပြီးတော့ ဇော်ဂျီ ကောင်းစွာမပေါ်တော့လို့ သူ့မှာ ပါတဲ့ မြန်မာစာကို ဖျက်ပစ်ရတာတွေ ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော် blog ရေးတဲ့အခါမှာလည်း OS မှာ ပါဝင်တဲ့ MyanmarMN က စာလုံးတွေ မမှန်တဲ့အတွက် စာရိုက်တဲ့အခါမှာလည်း အဆင်မပြေလှပါဘူး။ ဒါကြောင့် ဒီနေ့ fallback fix လုပ်နည်းလေး စဉ်းစားမိပြီး စမ်းကြည့်တာ အောင်မြင်သွားပါတယ်။ ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ /System/Library/Frameworks/CoreText.framework/Versions/A/Resources ​အောက်က fallback plist လေး ပြင်ပေးလိုက်ရင်ရပါတယ်။ လူတိုင်း အသုံးလွယ်အောင် Mac OSX app လေး လုပ်ထားတယ်။ ကြိုက်တဲ့ font ကိုရွေးပြီးတော့ Update Fall Back လေးကို နှိပ်လိုက်ရင်ရပါပြီ။ ဒါဆိုရင် မြန်မာစာအတွက် fall back အားလုံးက ရွေးထားတဲ့ font ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ original အတိုင်း ပြန်ဖြစ်ချင်ရင်တော့ Back To Original ကို နှိပ်လိုက်ရင် ရပါတယ်။



Update: v 1.1
Download Here


zawgyi and mm3 keyboard for Linux/FreeBSD...http://code.google.com/p/zawgyi-keyboard/

Ref;satutgod blogs

No comments:

Post a Comment