Pages

Thursday, December 19, 2013

အိပ်ပျော်နေစဉ် ဟောက်တတ်ခြင်းက ရေတိမ် ဖြစ်စေနိုင်

အိပ်နေချိန်မှာ ခဏခဏ


ဟောက်တတ်တာ ရေတိမ်ဖြစ်စေပြီး မျက်စိ ကွယ်နိုင်တယ် ဆိုတာကို ထိုင်ဝမ် သုတေသီတွေရဲ့ ငါးနှစ်တာ လေ့လာမှု တွေအရ သိရပါတယ်။ အိပ်ပျော်နေတဲ့ အခါ လည်ပင်း အနောက် ဘက်မှာရှိတဲ့ အသားပျော့ လေးက အသက်ရှူလမ်း ကြောင်းပေါ်ကို ဖြေလျော့ကျ နေတဲ့အ တွက် ပုံမှန်အသက်ရှူ တာကို ထိခိုက် ပြီးဟောက်သံ ထွက်လာတာ ဖြစ်ပါတယ်။ အသက်ရှူ လမ်းကြောင်းဟာ ဖိထားတာခံ ရတဲ့အခါမှာ သွေးတွင်း အောက်စီဂျင် ရရှိတဲ့ ပမာဏ လျော့သွားတဲ့ အတွက် အမြင်အာရုံနဲ့ ဆိုင်တဲ့ နပ်ဗ့်ကြောတွေဟာ ဖျက်ဆီးတာ ခံရတတ် ပါတယ်။ ဒါကြောင့် သင်ဟာ အိပ်နေတဲ့ အခါ ဟောက်တတ်သူ တစ်ဦးဖြစ်ပါက အ သက်လေးဆယ် မတိုင်ခင် ရေတိမ်ရှိ၊ မရှိ စစ်ဆေးသင့် တယ်လို့ မျက်စိ ပါရဂူတွေ က အကြံပေးထား ပါတယ်။ မျက်မှန်အ ထူကြီး တတ်ရတဲ့ သူတွေနဲ့ ရေတိမ်မျိုးရိုး ရှိသူတွေကတော့ အသက် နှစ်ဆယ် လောက်ကတည်းက စစ်ဆေးမှု ခံယူသင့် ပါတယ်။ ဒါ့အပြင် ပုံမှန် ကိုယ်အလေးချိန် ဖြစ်အောင် ထိန်းတာ၊ ဆေးလိပ်ဖြတ်တာ နဲ့ လေ့ကျင့်ခန်း မှန်မှန် လုပ်တာဟာ အိပ်နေတဲ့အခါ ဟောက်တာ သက်သာစေ မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
Ref:Good health

Credit @ Ko Nge

No comments:

Post a Comment