ဗြိတိန်မှာ အခြေစိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်း များ စွန့်စားရင်ဆိုင်ရမယ့် အခြေ အနေနဲ့ ချမှတ်ဆောင်ရွက်ရမယ့် မဟာဗျူဟာဆိုင်ရာ အတိုင်ပင်ခံ လုပ်ငန်းဖြစ်တဲ့ မက်ပရီခလော့ဖ်- Maplecroft ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံအနေနဲ့ ၂ဝ၁၄ ခုနှစ် အတွင်း စီးပွားရေး ပတ်ဝန်းကျင်ကို တခြားနိုင်ငံတွေထက် အကောင်းဆုံး တိုးတက်လာအောင် ပြုပြင် ဆောင်ရွက်လာနိုင်တဲ့ နိုင် ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ အတိုင်ပင်ခံလုပ်ငန်းရဲ့ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် တရားဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းအရ စီးပွားရေး စွန့်စားဆောင်ရွက်ရ မယ့် နိုင်ငံများအညွှန်းပြမြေပုံ-Legal Regulatory Environment Risk Atlas- LRERA ကို ရေးဆွဲပြီး ရှင်းလင်းဖော်ပြခဲ့ရာမှာ မြန်မာနိုင်ငံဟာ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ စည်းမျဉ်း စည်းကမ်းတွေ ပြင်ဆင်ရေးဆွဲရေး၊ ပုဂ္ဂလိကပိုင်ပစ္စည်းနဲ့ ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှုကို လေးစားလိုက်နာရေးတွေ မှာ ပြု ပြင်ပြောင်း လဲအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
LRERA စစ်တမ်းအရ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၇၃ နိုင်ငံ မှာ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ရင်း နှီးမြှုပ်နှံသူတွေအနေနဲ့ စွန့်စား ပြီး ကျော်လွှားရင်ဆိုင်ရမယ့် အချက် ၂၁ ချက်ကို နိုင်ငံတစ်နိုင်ငံချင်း လေ့လာသုံးသပ်ပြီး အဆင့်သတ်မှတ်ခဲ့ပါတယ်။ ''လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း မိမိနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ စွန့်စားပြီး ရင်ဆိုင်ရမယ့် အတားအဆီး အခက်အခဲ တွေကို ဖယ်ရှားပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် အခြေအနေကောင်းတွေ ပြုပြင်ပြောင်းလဲခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဟာ မြန်မာနိုင်ငံ ဖြစ်ပြီး LRERA အဆင့် သတ်မှတ်ချက် ဇယားမှာ ၁ဝ ရာခိုင်နှုန်း ကျော်အထိ တိုးတက်ကောင်းမွန်လာခဲ့တယ်'' လို့ ဖော်ပြထားပါတယ်။ ဒီလို တိုး တက်ကောင်းမွန် လာတဲ့အကြောင်းရင်းတွေထဲမှာ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးမယ့် ၂ဝ၁၃ ခုနှစ် မတ်လမှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အက်ဥပဒေ သစ်လည်း ပါဝင်ပါတယ်။ အဲဒီဥပ ဒေမှာ နိုင်ငံခြားကုမ္ပဏီတွေ ပိုင် ဆိုင်နိုင်တဲ့ ရာခိုင်နှုန်းအတိုင်းအ တာနဲ့ မြေယာငှားရမ်း အသုံးပြုမှု တွေကို အတိအလင်း ဖော်ပြပါရှိပါ တယ်။
မက်ပရီခလော့ဖ်လုပ်ငန်းမှ အကြီးတန်း လေ့လာဆန်းစစ်သူ ချားလစ်လောစ်က ''မြန်မာနိုင် ငံမှာ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေ ကို ခိုင်မာအောင် ကြိုးပမ်း ဆောင်ရွက်အားထုတ်နေမှုဟာ ချီးကျူးစရာ ကောင်းတယ်'' လို့ ပြောပါတယ်။ ဒီလို ဆောင်ရွက်ခဲ့ လို့ လည်း မြန်မာနိုင်ငံဟာ ၂ဝ၁၂ ခုနစ်တုန်းက အဆိုးရွားဆုံးအဆင့် ကနေ ၂ဝ၁၃ ခုနှစ်မှာ တတိယ နေရာနဲ့ ၂ဝ၁၄ ခုနှစ်မှာ ပဉ္စမနေ ရာတွေကို တိုးတက်လာတယ်လို့ ဆိုပါတယ်။ LRERA အညွှန်းအရ အဆင် ၁ အဖြစ် သတ်မှတ်ခံရရင် စွန့်စားရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ရဖို့ အဆိုးရွားဆုံးဖြစ်ပြီး အဆင့်ကိန်းဂဏန်းတွေ ကြီးလာရင် စွန့်စားရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ရဖို့ အခြေအနေ ပိုကောင်း သထက် ကောင်းလာတယ်လို့ သိရပါတယ်။
ဥပမာ ၂ဝ၁၄ ခုနှစ် LRERA အညွှန်းအရ ရင်းနှီးမြှုပ်နှံသူတွေ စွန့်စားပြီး လုပ်ကိုင်ရဖို့ အဆိုးရွားဆုံး နိုင်ငံ ၁ဝ နိုင်ငံတွေကတော့ (၁) ဆိုမာလီ (၂) မြောက်ကိုရီးယား (၃) တာ့ခ်မင်နစ္စတန် (၄) ဒီမိုက ရက်တစ်ကွန်ဂို (၅) မြန်မာ (၆) ဆီးရီးယား (၇) စီ.အေ.အာ (၈) တောင်ဆူဒန် (၉) အီလစ်ထလီယားနဲ့ (၁ဝ) အာဖဂန်နစ္စတန်နိုင်ငံတို့ ဖြစ်ကြပါ တယ်။ ဒါ့အပြင် ပဋိပက္ခတွေ ဖြစ်ပွားနေပြီး တည် ငြိမ်တဲ့ အုပ်ချုပ်ရေးစနစ်ကို မ ဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေဖြစ်ကြ တဲ့ ဆီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ မာလီ၊ အာဂျင်တီးနားနဲ့ ဘာလိန်းနိုင်ငံတွေဆိုရင် စွန့်စားရင်းနှီးမှုအဆင့်တွေ များစွာထိုးကျသွား တာ တွေ့ ရပါတယ်။ ဆီးရီးယားက အဆင့် ၂၉ မှ ၆ သို့၊ ဘင်္ဂလားဒေ့ရှ် က အဆင့် ၅၂ မှ ၂၉ သို့၊ အီဂျစ် က အဆင့် ၇၃ မှ ၃၂ သို့၊ မာလီ က အဆင့် ၈၃ မှ ၃၉ သို့၊ အာဂျင် တီးနားက အဆင့် ၇၈ မှ ၅၈ သို့၊ ဘာလိန်းက အဆင့် ၁၃၃ မှ ၁၂၂ သို့ ကျဆင်းသွားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အဆင့်တိုးတက်မှုနှုန်း နှေးကွေးသေးပေမယ့် ပြုပြင်ပြောင်းလဲမှုတွေက မြန်ဆန်သွက်လက်တဲ့အတွက် စီး ပွားရေးလုပ်ငန်းတွေဟာ သိသိသာသာ ကောင်းမွန်လာပြီး မက်ပရီခလော့ဖ်ရဲ့ အစီရင်ခံစာအရ ''လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံ ဟာ ရင်းနှီးမြှုပ်နှံသူတွေ စွန့်စားပြီး လုပ်ကိုင်ရဖို့ အဆိုးရွားဆုံး ၁ဝ နိုင် ငံဇုန်ကနေ ကျော်လွှားလွတ် မြောက်လာနိုင်စရာရှိတယ်'' လို့သိရပါတယ်။
ဒါပေမယ့် မက်ပရီခလော့ဖ်လုပ်ငန်းရဲ့ အစီရင်ခံစာမှာပဲ မြန်မာနိုင်ငံအနေနဲ့ ရေတိုမှာ သတိထား ဆောင်ရွက်သင့်တဲ့ အပြုသဘော အကြံပြုချက်တွေကိုလည်း ဖော်ပြထားပါတယ်။ လက်ရှိ အခြေအနေအတိုင်း အကျင့်ပျက် ခြစားနေရင်၊ ဥပဒေစိုးမိုးမှု လျော့ နည်းနေရင်၊သြဇာအာဏာ ကြီးမားတဲ့ အဖွဲ့အစည်းတွေက ဝင်ရောက် စွက်ဖက်လုပ်ကိုင်နေရင်တော့ နိုင် ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခွင့်အရေး မမျှတတဲ့ ကစားပွဲမှာ ယှဉ်ပြိုင်နေရသလို ကြုံတွေ့လာ နိုင်တယ်လို့ ထောက်ပြထားပါ တယ်။
ဥပမာအနေနဲ့ ၂ဝ၁၃ ခု နှစ် သြဂုတ်လအတွင်းက Myanmar Brewery Ltd ရဲ့ ပိုင်ဆိုင်မှု အပေါ် မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ စင်ကာပူနိုင် ငံမှ Fraser & Neave ကုမ္ပဏီတို့ အငြင်းပွားခဲ့မှုမျိုးဟာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ကျဆင်းစေနိုင်တယ် လို့ ဖော်ပြ ထားပါ တယ်။ မက်ပရီခလော့ဖ်လုပ်ငန်းရဲ့ အကြီးတန်း လေ့လာဆန်း စစ်သူ ချားလစ်လောစ်ကတော့ ''လက်ရှိ အုပ်ချုပ်မှုယန္တရား ထိရောက်မှုမရှိသေးတဲ့ အချက်က နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အင်အားဖြည့် လုပ်ဆောင်ဖို့ လိုနေသေးတာကြောင့် ဖြစ်တဲ့ အတွက် စီးပွားရေးလုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ဖို့ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေတယ်'' လို့ ထောက်ပြထားကြောင်းပါ ခင်ဗျား။
မောင်ပုဆိုးကြမ်း Ref : "Legal and Regulatory Environment Risk Index 2014" (Maplecroft)
မောင်ပုဆိုးကြမ်း
|
No comments:
Post a Comment